နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ် မှာတော့ ချဲလ်ဆီးကို ယုံကြည်ထားရုံမှ တပါး အခြားမရှိ | ချဲလ်ဆီး – အဲဗာတန် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – အဲဗာတန်

ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့လို့ အဆင့် ၃ နေရာအထိ ဆင်းပေးခဲ့ရတဲ့ ချဲလ်ဆီး အနေနဲ့ ဒဏ်ရာရ ကစားသမား များပြားမှုကြောင့် အခက်တွေ့နေပါတယ်။ အဲဗာတန် ကလည်း ခြေစွမ်းပိုင်း တည်ငြိမ်ပေမယ့် ရလဒ်ကောင်းရဖို့ ရုန်းကန်နေရဆဲပါ။ ပရီးမီးယားလိဂ် ရာသီဝက် မတိုင်မီ အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်ရောက်ဖို့ အားစိုက်လာကြမယ့် အသင်းနှစ်သင်းရဲ့ အားပြိုင်မှုက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ချဲလ်ဆီး အနေနဲ့ အဓိက ကစားသမား အများစု ဒဏ်ရာပြဿနာ ရှိနေလို့ ခက်ခဲတဲ့ ကာလ တစ်ခုကို ဖြတ်သန်းနေရပါတယ်။ ကွင်းလယ် ကစားသမား အားလုံးနီးပါး ဒဏ်ရာပြဿနာ ရှိနေတဲ့ အခြေအနေက ပွဲထုတ်ဖို့တောင် ကစားသမား မရှိသလို ဖြစ်နေတာပါ။ ကိုဘာဆစ်၊ ကန်တီ၊ လော့ဖ်တပ်ချိဖ်၊ ဘန်ချီးဝဲလ်၊ ချာလိုဘတ်တို့ ဒဏ်ရာ ရနေတာက နည်းပြ တူချယ်လ် အတွက် ခေါင်းခဲစရာ ပုစ္ဆာတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ လူကာကူ၊ တီမိုဗာနာ တို့နှစ်ဦး ပြန်ကစားနိုင်တာ ကတော့ အားသာချက်တစ်ခု ဖြစ်လာမှာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ဝက်စ်ဟမ်း တစ်သင်းတည်းကိုသာ အရေးနိမ့်ထားခဲ့တဲ့ ချဲလ်ဆီး အနေနဲ့ လက်ရှိ အချိန်အထိ ပရီးမီးယားလိဂ် ခံစစ် အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ နောက်ဆုံး  ၅ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ၃ ဂိုးအထက် ပွဲစဉ် ၄ ပွဲ အထိ ရှိနေတာကတော့ ရွေးချယ်သူတို့ သတိပြုရမယ့် အနေအထား တစ်ခုပါ။ တိုက်စစ်ကို မေဆန်မောင့်၊တီမိုဗာနာ၊ လူကာကူတို့ ဦးဆောင်လာနိုင်ပြီး ဂျော်ဂျင်ဟို၊ ဆောနီဂွက်ဇ်၊ ရူဒီဂါ၊ သီယာဂိုဆေးဗားလ် တို့ကို ပွဲထွက် ကစားသမားတွေ အဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီးမှာ ရှုံးပွဲ ၈ ပွဲအထိ ရှိထားခဲ့ခြင်းက လွန်ခဲ့သော ကာလတွေက ရလဒ်တွေထက် ဆိုးရွားနေသလို လိုအပ်ချက် ရှိနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာ ရောက်ရှိနေတဲ့ အဲဗာတန်

အဲဗာတန် ကတော့ အရှုံးရလဒ်တွေ ကနေ ပြန်ပြီး ရုန်းထွက်နိုင်ဖို့ အားစိုက်နေတဲ့ အသင်းလို့ ပြောလို့ရပါတယ်။ စပါးနဲ့ သရေကျခဲ့ပြီး နောက်ပိုင်း မန်စီးတီး၊ ဘရန်ဖို့ဒ်၊ လီဗာပူးလ် တို့ကို ဆက်တိုက် အရေးနိမ့်ခဲ့ပြီး အာဆင်နယ်ကို အနိုင်ရခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးထားပြန်ပါတယ်။ ခြေစွမ်း အတက်အကျ မမှန်ဘူး ဆိုနိုင်သလို အဲဗာတန်ရဲ့ အဓိက အားနည်းချက်က အဝေးကွင်းခြေစွမ်းပါ။ လက်ရှိမှာ အဝေးကွင်းပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံး ဆိုတဲ့ ရလဒ်က စိုးရိမ်စရာ အခြေအနေတစ်ခုတော့ ဖြစ်နေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာလည်း ၄ ပွဲရှုံး၊ ၁ ပွဲနိုင် ဆိုတာက မေးခွန်းထုတ်စရာပါ။ တိုက်စစ်က ၄ ဂိုးသွင်းပြီး ခံစစ်က ၁၂ ဂိုး ပြန်ပေးထား ရတာက လိုအပ်ချက် မြင့်မားနေတာကို သက်သေပြနေသလိုပါပဲ။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီးမှာ ရှုံးပွဲ ၈ ပွဲအထိ ရှိထားခဲ့ခြင်းက လွန်ခဲ့သော ကာလတွေက ရလဒ်တွေထက် ဆိုးရွားနေသလို လိုအပ်ချက် ရှိနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဓိက တိုက်စစ်မှူး ကယ်ဗစ်လီဝန်၊ ရီချာလီဆန်၊ အလန်၊ ဒေးဗီးစ်၊ မီနာတို့ ဒဏ်ရာကြောင့် ပါဝင်လာဖို့ မသေချာပါဘူး။ တိုက်စစ်ကို ရွန်ဒွန်၊ တောင်းဆန့်တို့ ဦးဆောင်လာနိုင်ပြီး ဂေါ်ဒွန်၊ ဒူကိုရေး၊ ကိုးလ်မန်း၊ ဂရေးတို့ ပွဲထွက် ပါဝင်လာဖို့ ရှိနေပါတယ်။

လာလီဂါ
ရီးယဲလ် ဆိုစီဒက်
ဗီလာရီးယဲလ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၁၇၄ ကြိမ်မှာ ချဲလ်ဆီးက ၆၇ ကြိမ်နိုင်၊ အဲဗာတန်က ၅၅ ကြိမ် ပြန်နိုင်ထားပြီး ၅၂ ကြိမ် သရေကျထားခဲ့ပါတယ်။ အစဉ်အလာ အရ အသာရထားတဲ့ ချဲလ်ဆီး အနေနဲ့ ပြီးခဲ့တဲ့ရာသီ စတန်းဖို့ဒ်ဘရစ်ချ်ကွင်း တွေ့ ဆုံမှုမှာလည်း အဲဗာတန် အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိထားခဲ့တာပါ။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချဲလ်ဆီး vs အဲဗာတန်1X2 ချဲလ်ဆီ @ 1.22
ဒီဇင်ဘာလ ၁၇ ရက်၊ မနက် ၂:၁၅ နာရီ ( GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၂၄ ဆ၊ သရေ အတွက် ၅.၆၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁၂.၀၀ ဆ ကြေးဖွင့်ထားပါတယ်။ အဲဗာတန်ရဲ့ ခြေစွမ်းက အတက်အကျ မမှန်ပါဘူး။ အထူးသဖြင့် အဝေးကွင်းဆိုရင် ရလဒ်ကောင်းဖို့ ရုန်းကန်ရတတ်ပါတယ်။ ချဲလ်ဆီး ကတော့ ထိပ်ဆုံး ၃ သင်း စာရင်းဝင် အသင်းပီပီ အိမ်ကွင်းမှာ အမှားမခံတမ်း ပြင်ဆင်လာမှာပါ။ ဒဏ်ရာရ ကစားသမား များပြားနေတယ် ဆိုပေမယ့် လိုအပ်တဲ့ အနိုင်ရလဒ်ကို ချဉ်းကပ်ဖို့ အသင့်ဖြစ်နေတယ်လို့ ယူဆလို့ရပါတယ်။ ကစားသမား အင်အားအရ သိပ်မကွာဘူး ဆိုပေမယ့် ဂိုးရရှိမှု အပိုင်းမှာတော့ ချဲလ်ဆီးက ပိုသာပါတယ်။ နေရာစုံအလိုက် ဂိုးသွင်းယူမှု အပိုင်းမှာ ချဲလ်ဆီး နောက်တန်းရဲ့ ဂိုးသွင်းအားက ထိပ်တန်းအဆင့် ရှိနေတာပါ။ အဲဗာတန်ရဲ့ အဝေးကွင်းခြေစွမ်းက လက်ရှိ အချိန်အထိ နိုင်ပွဲ ၁ ပွဲတည်းသာ ရှိထားလို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အမှတ်ပြည့်ရဖို့ မလွယ်ပါဘူး။ ယုံကြည်မှုပိုင်း တည်ဆောက်နေတယ် ဆိုပေမယ့် ချဲလ်ဆီးကို အဲဗာတန်တို့ အနိုင်ရနိုင်ခြေ နည်းပါတယ်။ ရွေးချယ်မှုတစ်ခု အဖြစ် အိမ်ရှင် ချဲလ်ဆီးကိုပဲ ရွေးချယ်စေချင်ပါတယ်။

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်