နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိုးပြာရောင် သမ်းနေတဲ့ ၁၈၇ ကြိမ်မြောက် မန်ချက်စတာဒါဘီ | မန်ချက်စတာစီးတီး – မန်ချက်စတာယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ ခါးသီးတဲ့ မြို့ခံပြိုင်ဘက် နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တာနဲ့ အညီ ၁၈၇ ကြိမ်မြောက် မန်ချက်စတာဒါဘီ ဟာလည်း ပရိသတ် အကြိုက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာနေပါတယ်။

တော့တင်ဟမ်ဟော့စပါးကို မထင်မှတ်ပဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၅ ပွဲဆက် ရှုံးပွဲ မရှိမှု စံချိန်ကောင်း တစ်ခု ရပ်တန့်ခဲ့ရတဲ့ မန်ချက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပွဲမှာလည်း ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် အဲဗာတန်ကို အနိုင်ရထားခဲ့ပါတယ်။ ပွဲပြီးခါနီး ရိုဒရီ ဂိုးဧရိယာထဲမှာ လက်ထိခဲ့ပေမယ့် ဒိုင်လူကြီး ပေါလ်တီယာနီရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ကံကောင်းခဲ့ရပြီး ဖိုဒန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ မန်စီးတီးတို့ ၃ မှတ် အပြည့် ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ ကြားရက်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ် မှာလည်း ပီတာဘိုရိုကို ၀-၂ ရလဒ်နဲ့ အနိုင်ရထားပြီး နောက်တစ်ဆင့် တက်ရောက်ထားနိုင်ခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ၆ မှတ်ဖြတ် ဦးဆောင်နေပေမယ့် အဓိကပြိုင်ဘက် လစ်ဗာပူးလ် ထက် တစ်ပွဲ ပိုကစားထားလို့ ချန်ပီယံဆု အတွက် စိတ်မချရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီပွဲပြီးရင် မန်စီးတီးတို့ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ကစားဖို့ ရှိပေမယ့် ပထမအကျော့ မှာထဲက ၅ ဂိုးပြတ် အနိုင်ရထားပြီး ဖြစ်တာကြောင့် သိပ်တော့ အရေးမကြီးတော့ဘူးလို့ ပြောလို့ ရပါတယ်။ ဒါကြောင့် မန်စီးတီးတို့ ဒါဘီ ပွဲစဉ်ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ ရှိပြီး ဂွာဒီယိုလာ အနေနဲ့ နည်းဗျူဟာပိုင်း အသေအချာ ပြင်ဆင်လာနိုင်ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာမယ့် သဘော ရှိပါတယ်။ အဓိက ဗဟိုခံစစ်မှူး ရူဘင်ဒီးရာ့စ် ပါဝင် ကစားနိုင်ခြင်း မရှိတာ ကတော့ မန်စီးတီး အတွက် အားနည်းချက် တစ်ခု ဖြစ်လာနိုင်ပြီး နေသန် အေခီ ကလည်း လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂွာဒီယိုလာရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ အတူ ခံစစ်မှာ လာပေါ့တ်၊ ဂျွန်စတုန်းစ်၊ ဝေါလ်ကာ၊ ကန်ဆယ်လို တို့နဲ့ ပွဲထွက်လာနိုင်ပြီး ဂွန်ဒိုအန်၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗား၊ မာရက်ဇ် တို့ ပါဝင်လာဖို့ ရှိနေပါတယ်။

တော့တင်ဟမ်ဟော့စပါးကို မထင်မှတ်ပဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၅ ပွဲဆက် ရှုံးပွဲ မရှိမှု စံချိန်ကောင်း တစ်ခု ရပ်တန့်ခဲ့ရတဲ့ မန်ချက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပွဲမှာလည်း ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် အဲဗာတန်ကို အနိုင်ရထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာယူနိုက်တက် ကတော့ အားလုံး သိကြတဲ့ အတိုင်း ခြေစွမ်းပိုင်း အားရစရာ မရှိသေးလို့ ဒီပွဲမှာလည်း Under Dog အသင်း အဖြစ်ပဲ သတ်မှတ်ခံထားရပါတယ်။ ဘရိုက်တန်၊ လိဒ်စ်ယူနိုက်တက် တို့နဲ့ ပွဲတွေမှာ တိုက်စစ် ခြေစွမ်းပြပြီး ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် အက်တလက်တီကိုနဲ့ ဝက်ဖို့ဒ် တို့ကိုတော့ စိတ်ပျက်စရာ ခြေစွမ်းနဲ့ သရေကျခဲ့ပါတယ်။ စိတ်ပျက်စရာ ခြေစွမ်း ဆိုလို့ ပြိုင်ဘက်ကို ခြေစွမ်းချင်း မယှဉ်နိုင်ခဲ့တာ မဟုတ်ပဲ အကြိမ်ကြိမ် ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီးမှ လိုအပ်နေတဲ့ သွင်းဂိုးတွေ ရှာဖွေနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့် အာဆင်နယ် ထက် ၃ ပွဲ ပိုကစားပြီး ၂ မှတ်သာ ဖြတ်ထားနိုင်လို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဖိအား ရှိနေပြီး မဖြစ်မနေ ရမှတ် ရှာဖွေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီပွဲပြီးရင် စပါး၊ အက်တလက်တီကို မက်ဒရစ်၊ လက်စတာစီးတီး၊ အဲဗာတန် တို့နဲ့ ဆက်တိုက် ကစားရဖို့ ရှိနေတာကြောင့် ဒီပွဲမှာ တတ်နိုင်သမျှ ရလဒ်ကောင်းဖို့ အရေးကြီးနေတာပါ။ အခုလာမယ့် ပွဲမှာလည်း ရန်းညက်ခ် အနေနဲ့ ၄-၃-၃ ကို အခြေခံတဲ့ အခင်းအကျင်းနဲ့ပဲ ပွဲထွက်ခိုင်းမယ့် သဘော ရှိပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ တိုက်စစ်နဲ့ တောင်ပံမှာ ရော်နယ်ဒို၊ ဆန်ချို၊ အီလန်ဂါ၊ ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ မက်တော်မီနေး၊ ခံစစ်မှာ လုခ်ရှော၊ မက်ဂွိုင်းယား၊ ဗာရန်း၊ ဒါလော့တ်၊ ဂိုးမှာ ဒါးဗစ် ဒက်ဟဲယား တို့ပဲ ပါဝင်လာဖို့ ရှိနေပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
အင်တာမီလန်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ၁၈၆ ကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာ မန်ချက်စတာယူနိုက်တက်တို့ ၇၇ ကြိမ် အနိုင်ရခဲ့ပြီး မန်စီးတီး ကတော့ ၅၆ ကြိမ်သာ ပြန်လည် အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု ကတော့ မျှတခဲ့ပြီး တစ်သင်းကို ၂ ကြိမ်စီ အနိုင်ရထားခဲ့ပါတယ်။ ထူးခြားချက်က ယူနိုက်တက်တို့ မန်စီးတီး အိမ်ကွင်း အီတီဟတ်ကို သွားရောက် ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ်စလုံး အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ မန်စီးတီး အတွက် ၁.၄၁ ဆ၊ သရေ အတွက် ၄.၆၀ ဆ၊ ယူနိုက်တက် အတွက် ၇.၀၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ အစဉ်အလာအရ ဆိုရင် ယူနိုက်တက်တို့ အသာရခဲ့ပေမယ့် လက်ရှိ ခြေစွမ်း အရ ဆိုရင်တော့ ယူနိုက်တက်တို့ အီတီဟတ် မှာ ကျိန်းသေပေါက် ရုန်းကန်ရဦးမှာပါ။ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရဖွယ် ရှိနေပြီး ခြေစွမ်းနဲ့ စုဖွဲ့မှု ပိုသာတဲ့ မန်စီးတီးတို့ပဲ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားဖို့ များပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်