နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ (ပွဲပြီးသုံးသပ်ချက်များ)

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ ဖရန့်ဖတ်တို့ နာမည်ကြီး ဘာစီလိုနာကို နူးကမ့်ပ်မှာ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့သလို လိုက်ပ်ဇစ်၊ ဝက်စ်ဟမ်းနဲ့ ရိန်းဂျားစ် တို့လည်း နိုင်ပွဲ ကိုယ်စီနဲ့ အတူ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။


ဘာစီလိုနာ ၂-၃ ဖရန့်ဖတ်

(နှစ်ကျော့ပေါင်း ရလဒ် ၃-၄)

နူးကမ့်ပ်မှာ ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ဖရန့်ဖတ် ပွဲကတော့ အံ့အားသင့်စရာ ရလဒ် ထွက်ပေါ်တယ်လို့ ဆိုရပါမယ်။ ဘာစီလိုနာ တို့ အော်ဘာမီယန်း၊ ဖာရန်းတောရက်စ်၊ ဒမ်ဘီလီ၊ ပက်ဒရစ်၊ ဘူးစကွက်စ်၊ ဂါဗီ၊ အာရူဟို၊ ဂါစီယာ၊ မင်ကွေးဇား၊ အဲလ်ဘာ၊ တာစတီဂန်တို့ ပါဝင်တဲ့ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာပြီး ဖရန့်ဖတ် ကလည်း ဘိုရီ၊ လင်းစတောင်းမ်၊ ကာမာဒါ၊ ကော့စတစ်၊ ဂျာကစ်၊ ကေနော့ဖ်၊ ရိုဒီ၊ အန်ဒီကာ၊ တိုရေး၊ ဟင်တာရက်ဂါ၊ ထရက်ပ် တို့နဲ့ အတောင့်တင်းဆုံး ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာတို့ ထုံးစံ အတိုင်း ပွဲစထဲက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ပေမယ့် ဦးဆောင်ဂိုး စတင်ရရှိခဲ့တာ ကတော့ ဖရန့်ဖတ်ပဲ ဖြစ်ပါတယ်။ ပွဲချိန် ၄ မိနစ် မှာတင်ပဲ  ဖရန့်ဖတ်တို့ ကော့စတစ်ရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဘာစီလိုနာ ကလည်း ချေပဂိုး ရဖို့ အားစိုက်ခဲ့ပေမယ့် တိုက်စစ်မှူး အော်ဘာမီယန်းနဲ့ ဖာရန်းတောရက်စ်တို့ တောက်လျောက် လွဲချော်နေခဲ့လို့ ဘာစီလိုနာ တို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၃၆ မိနစ် မှာတော့ ဘော်ရီက အဝေးကန်ချက်နဲ့ အမှတ်မထင် ကန်သွင်းခဲ့လို့ ဖရန့်ဖတ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ပထမပိုင်း အပြီးမှာ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၇ မိနစ် မှာလည်း ကော့စတစ်က တတိယဂိုး သွင်းယူပေးခဲ့လို့ ဘာစီလိုနာတို့ ၃ ဂိုးပြတ် ရှုံးနိမ့်နေခဲ့ပါတယ်။ အဲ့နောက်မှာ ဘာဆာတို့ လူစား အပြောင်းအလဲတွေ တောက်လျောက် ပြုလုပ်ခဲ့ပေမယ့် ချေပဂိုး ၂ ဂိုးသာ ပြန်ရခဲ့လို့ ၂-၃ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၄ ဖရန့်ဖတ်တို့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကို တက်လှမ်းသွားခဲ့ပါတယ်။

ဒီနေ့ပွဲရဲ့ ထူးခြားချက်က ဖရန့်ဖတ် အသင်း အနေနဲ့ လက်မှတ် ခွဲတမ်း ၅၀၀၀ သာ ရရှိခဲ့ပေမယ့် တကယ်တမ်း ပရိသတ်တွေ ဝင်ရောက် အားပေးချိန်မှာတော့ ၃၀၀၀၀ ခန့်အထိ ရှိခဲ့တာကြောင့် နူးကမ့်ပ် တစ်ကွင်းလုံး အဖြူရောင်တွေနဲ့ ပြည့်နှက်သွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ ဘာစီလိုနာ နည်းပြ ဇာဗီ က ကွင်းအခြေအနေက အကူအညီ မဖြစ်ခဲ့ကြောင်း ဘာဆာ ပရိသတ်တင် ၇ သောင်း၊ ၈ သောင်းလောက် မျှော်လင့်ထားပေမယ့် ဗိုလ်လုပွဲလို ပရိသတ် နှစ်ခြမ်းနဲ့ ကစားခဲ့ရကြောင်း၊ ဂျာမန်တွေ နူးကမ့်ပ်မှာ အပြည့်ပဲ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


အတ္တလန္တာ ၀-၂ လိုက်ပ်ဇစ်

(နှစ်ကျော့ပေါင်း ရလဒ် ၁-၃)

၈၇ မိနစ် မှာတော့ ခရစ္စတိုဖာ အန်ကွန်ကူက အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့လို့ ၀-၂ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး လိုက်ပ်ဇစ်တို့ နှစ်ကျော့ပေါင်း ၁-၃ ရလဒ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။
ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ရိန်းဂျားစ်နဲ့ ထိပ်တိုက်တွေ့ဆုံနေခဲ့တဲ့ လိုက်ပ်ဇစ်

ပထမအကျော့ ဂျာမန်မြေမှာ ၁-၁ ရလဒ် ထွက်ပေါ်ထားခဲ့လို့ နှစ်သင်းလုံး အပြည့်အဝ အားစိုက်ခဲ့ပေမယ့် အဆုံးသတ် ကောင်းတဲ့ လိုက်ပ်ဇစ်တို့ နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းလုံး လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်ခဲ့ပေမယ့် မာအဲလီ၊ တိုလွိုင်းတို့ မပါတဲ့ အတ္တလန္တာ တို့ စုဖွဲ့မှု အပိုင်းမှာ အနည်းငယ် အားနည်းနေခဲ့ပါတယ်။ နှစ်သင်းလုံး ပွဲစကတည်းက လျင်လျင်မြန်မြန်နဲ့ ကစားခဲ့ကြပြီး ဧည့်သည် လိုက်ပ်ဇစ်တို့က ပိုပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ် မှာတင်ပဲ လိုက်ပ်ဇစ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး လိုင်မာရဲ့ ပေးပို့မှုကနေ ခရစ္စတိုဖာ အန်ကွန်ကူက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အတ္တလန္တာတို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် လိုက်ပ်ဇစ်ရဲ့ ထက်မြတ်တဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပြီး ဂိုးထပ်မပေးရဖို့ သတိထား တားဆီးခဲ့ရပါတယ်။ ၈၇ မိနစ် မှာတော့ ခရစ္စတိုဖာ အန်ကွန်ကူက အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့လို့ ၀-၂ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး လိုက်ပ်ဇစ်တို့ နှစ်ကျော့ပေါင်း ၁-၃ ရလဒ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။


လိုင်ယွန် ၀-၃ ဝက်စ်ဟမ်း

(နှစ်ကျော့ပေါင်း ရလဒ် ၁-၄)

ပထမအကျော့ လန်ဒန်ကွင်းမှာ တစ်ယောက်လျော့နဲ့ သရေ ကစားနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းတို့ ပြင်သစ်မြေ မှာတော့ အထူးခြေစွမ်းပြပြီး ဂိုးပြတ် အနိုင်ရလဒ်နဲ့ အတူ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာကြပြီး ဝက်စ်ဟမ်း ဘက်မှာ အန်တိုနီယို၊ လန်ဇီနီ၊ ဖော်နယ်စ်၊ ဘိုဝင်၊ ရိုက်စ်၊ ဒေါ်ဆန် တို့ ပါဝင်ခဲ့ပါတယ်။ အိမ်ရှင် လိုင်ယွန် ဘက်မှာလည်း မူဆာ ဒမ်ဘီလီ၊ အော်ရာ၊ အီကမ်ဘီ၊ အန်ဒွန်ဘီလီ၊ ဒီနေယာ၊ အီမာဆင် တို့ ပွဲထွက်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အိမ်ရှင်တို့ ဖိဖိစီးစီး ကစားနိုင်ခဲ့ပြီး ကန်ချက် တချို့ ဂိုးပေါက်နဲ့ လွဲချော်ပြီး တိုင်ထိထွက်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ တန်ပြန် တိုက်စစ်ကို အားပြု ကစားခဲ့တဲ့ ဝက်စ်ဟမ်း ကတော့ ပွဲချိန်ကြာလာတာနဲ့အမျှ လိုင်ယွန် ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြန်လည် ပြုလုပ်လာနိုင်ခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာ ခရိတ်ဂျ် ဒေါ်ဆန်က ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ရိုက်စ်က ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ဝက်စ်ဟမ်းတို့ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လိုင်ယွန်တို့ လူစား အပြောင်းအလဲတွေ ပြုလုပ်ပြီး လိုအပ်နေတဲ့ သွင်းဂိုးတွေ ပြန်ရှာဖို့ ကြိုးစားခဲ့ပေမယ့် ဂျရော့တ် ဘိုဝင်က တတိယဂိုး သွင်းယူပေးခဲ့လို့ အိမ်ရှင်တို့ ဘယ်လိုမှ နလန်မထူနိုင်တော့ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။  

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
ဘန်လေ
1X2 ဝက်စ်ဟမ်း ယူနိုက်တက် @ 1.73
ဂိုးပေါင်း 2-3 @ 1.90
ဂိုးပေါ် 2.50 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရိန်းဂျားစ် ၃-၁ ဘရာဂါ

(နှစ်ကျော့ပေါင်း ရလဒ် ၃-၂)

ပထမအကျော့ ပေါ်တူဂီမှာ ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့လို့ ရိန်းဂျားစ်တို့ အားစိုက်လာခဲ့ပြီး ပွဲအစ ၂ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ နောက်ထပ် ၃ မိနစ် အကြာမှာ ရိန်းဂျားစ်တို့ ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၄၂ မိနစ် မှာတော့ ဘရာဂါ နောက်တန်းက တော်မီနာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။ ပင်နယ်တီ ကိုတော့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့ တာဗာနီယာ ကပဲ အမှားအယွင်း မရှိ ကန်သွင်းခဲ့ပြီး ရိန်းဂျားစ်တို့ ပထမပိုင်း အပြီးမှာ ၂-၀ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ တစ်ယောက် အသာရသွားချိန်မှာတော့ ရိန်းဂျားစ်တို့ ကစားကွက်ကို စိတ်ကြိုက် ပုံဖော်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုး ပြန်ပေးခဲ့ရလို့ အချိန်ပို အထိ ဆက်ခဲ့ရပါတယ်။ အချိန်ပို မှာတော့ ရူဖီက နောက်တစ်ဆင့် တက်ရောက်စေမယ့် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့လို့ ၃-၁ ရလဒ်နဲ့ ပွဲပြီးခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၂နဲ့ ရိန်းဂျားစ်တို့ ဘရာဂါကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

လာမယ့်ပွဲစဉ်များ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ကိုတော့ ဧပြီလ ၂၉ ရက်နေ့မှာ ဆက်လက် ကျင်းပသွားဖို့ ရှိနေပါတယ်။ ဆီမီးဖိုင်နယ် အဆင့် မှာတော့ ဘာစီလိုနာကို ကျော်ဖြတ်လာတဲ့ ဖရန့်ဖတ်တို့ လိုင်ယွန်ကို အနိုင်ရလာတဲ့ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရဖို့ ရှိပြီး အတ္တလန္တာကို အနိုင်ရခဲ့တဲ့ လိုက်ပ်ဇစ် ကတော့ ဘရာဂါကို အနိုင်ယူခဲ့တဲ့ ရိန်းဂျားစ်နဲ့ ထိပ်တိုက် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်