နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာယူနိုက်တက် – ချဲလ်ဆီး | ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – ချဲလ်ဆီး

အခုတစ်ပတ် သောကြာနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) အဖြစ် မန်ချက်စတာယူနိုက်တက်တို့ ချဲလ်ဆီးကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ ခပ်ရေးရေး ကျန်ရှိနေသေးတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် မဖြစ်မနေ အားစိုက်ရမှာ ဖြစ်သလို ချဲလ်ဆီး ကလည်း အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ အမှားခံမှာ မဟုတ်တာကြောင့် ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရမ်းကို အရေးပါပေမယ့် တစ်မှတ်တောင် ရအောင် မယူနိုင်ခဲ့တာ ကတော့ စိတ်ပျက်စရာပါပဲ။ လက်တလော အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၆ မှတ်၊ အဆင့် ၅ နေရာက စပါးနဲ့ ၄ မှတ် အထိ ကွာဟနေသလို ပွဲပို ၁ ပွဲလည်း ကစားထားသေးတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်က ကုန်သလောက် ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အခုပွဲ အပါအဝင် လက်ကျန် ပွဲစဉ်တွေမှာ တတ်နိုင်သမျှ အမှတ်များများ ရှာနိုင်ရင်တော့ ယူနိုက်တက်ရဲ့ အနာဂတ်က တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ပြသနာက ယူနိုက်တက် ဟာ ခြေစွမ်းပိုင်း သာမက စိတ်ဓာတ်ပိုင်းပါ ပျက်စီးနေတာ ဖြစ်လို့ ယုံကြည်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ နောက်ဆုံး ၁၀ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်လည်း ၂ ပွဲသာ အနိုင်ရထားပြီး ၃ ပွဲသရေ၊ ၅ ပွဲ ရှုံးထားပါတယ်။ နေရာစုံမှာ အားနည်းချက် ရှိနေပြီး အဆိုးဆုံး ကတော့ ခံစစ်က ဘယ်ကစားသမားကိုပဲ သုံးသုံး အမှားများနေပြီး နောက်ဆုံး ၂ ပွဲမှာ ၇ ဂိုး အထိ ပေးထားရပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ မဆိုးဘူးလို့ ပြောလို့ ရပြီး ၁၇ ပွဲမှာ ၃၁ မှတ် ရှာဖွေထားနိုင်ပါတယ်။ လောလောဆယ် ယူနိုက်တက်မှာ အဓိက ကစားသမား အများစု ဒဏ်ရာ ပြသနာ ရှိနေပြီး ပေါ့ဘာ၊ လုခ်ရှော၊ ဖရက်ဒ်၊ ဝမ်ဘစ်ဆာခါ၊ မက်ဂွိုင်းယား၊ ကာဗာနီ အပြင် ဂျေဒန် ဆန်ချို ကလည်း ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

စီးရီးအေ
ကာဂလီယာရီ
ဟဲလက်စ် ဗာရိုနီကာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ဒက်ဟဲယား၊ ဒါးလော့တ်၊ လင်ဒီလော့ဖ်၊ ဗာရန်း၊ တဲလက်စ်၊ မာတစ်၊ မက်တော်မီနေး၊ အီလန်ဂါ၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ရော်နယ်ဒို

လန်ဒန်ဒါဘီမှာ အာဆင်နယ်ကို ဂိုးပြတ် ရှုံးပြီး ကတည်းက သောမက်စ်တူချယ်ရဲ့ ချဲလ်ဆီးကို အားရစရာ ခြေစွမ်းမျိုးနဲ့ မမြင်ရသေးပေမယ့် နောက်ဆုံး ပွဲမှာ ဝက်စ်ဟမ်းကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရထားပါတယ်။ ဒီနိုင်ပွဲကြောင့်ပဲ အဆင့် ၄ နေရာက အာဆင်နယ်ကို ၁ ပွဲလျော့ ကစားပြီး ၅ မှတ် ဆက်ဖြတ်ထားနိုင်ခဲ့လို့ ပရီးမီးယားလိဂ် အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။ ချဲလ်ဆီးတို့ အိမ်ကွင်း ခြေစွမ်းနဲ့ ပတ်သတ်လို့ ပြောစရာတွေ ရှိနေပေမယ့် အဝေးကွင်း စွမ်းဆောင်ရည် ကတော့ အားရစရာ ကောင်းနေဆဲ ဖြစ်ပြီး ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၉ ပွဲဆက် အနိုင်ရထားပါတယ်။ ပြသနာက ယူနိုက်တက်လိုပဲ ချဲလ်ဆီးတို့ အဓိက ကစားသမား တချို့ ဒဏ်ရာရနေတာ ဖြစ်ပြီး ရူဒီဂါနဲ့ ရိစ်ဂျိမ်းစ် တို့ ပြန်ပါလာဖွယ် ရှိနေတာ ကတော့ တူချယ် အတွက် စိတ်အေးစရာပါ။ ဒါပေမယ့် ကိုဗာချစ်၊ ချေးလ်ဝဲလ်၊ အိုဒွိုင်းနဲ့ ဘာကလီ တို့ ကတော့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရမ်းကို အရေးပါပေမယ့် တစ်မှတ်တောင် ရအောင် မယူနိုင်ခဲ့တာ ကတော့ စိတ်ပျက်စရာပါပဲ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်

ဖြစ်နိုင်ဖွယ်လူစာရင်း – မန်ဒီ၊ ဆေးလ်ဗား၊ ရူဒီဂါ၊ ရိစ်ဂျိမ်းစ်၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ လော့ဖ်တပ်စ်ချိခ်၊ အလွန်ဆို၊ မောင့်၊ ဗာနာ၊ ဟာဗက်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၃၄ ကြိမ်မှာ ယူနိုက်တက်က ၁၂ ကြိမ်နိုင်ပြီး ချဲလ်ဆီး ကတော့ ၁၁ ကြိမ် အနိုင်ရထားပါတယ်။ ၁၁ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် သရေကျထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာယူနိုက်တက် အတွက် ၃.၁၅ ဆ၊ ချဲလ်ဆီး အတွက် ၂.၂၈ ဆ၊ သရေ အတွက် ၃.၂၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ယူနိုက်တက်တို့ ရလဒ်ဆိုးတွေ အောက်က မဖြစ်မနေ ရုန်းထွက်ဖို့ လိုအပ်နေပေမယ့် ချဲလ်ဆီးလို အဘက်ဘက်က တောင့်တင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်လို့ မျှော်လင့်မထားချင်ပါဘူး။ နောက်ပြီး အဓိက ကစားသမားတွေပါ ဒဏ်ရာရနေတော့ ချဲလ်ဆီးကို ပွဲချိန်ပြည့် ယှဉ်ကစားဖို့ ခက်ခဲနေဦးမှာပါ။ အရင်ပွဲတွေလောက် ဂိုးပြတ် မရှုံးနိုင်ပေမယ့် အမြင့်ဆုံး သရေတောင် မျှော်လင့်ခွင့် ရှိဦးမယ် မထင်ပါဘူး။ ချဲလ်ဆီးတို့ အိုးထရက်ဖို့ဒ် မှာ ၁ ဂိုးလောက်နဲ့ပဲ ကပ်နိုင်သွားဖို့ များပါတယ်?


ခန့်မှန်းရလဒ် (၀-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်