နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ပွဲပြီးသုံးသပ်ချက်များ)

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ ဖရန့်ဖတ်တို့ ဝက်စ်ဟမ်းကို ကျော်ဖြတ်နိုင်ခဲ့သလို ပထမအကျော့တုန်းက ရှုံးနိမ့်ထားတဲ့ ရိန်းဂျားစ် ကတော့ အိမ်ကွင်း ရောက်မှ လိုက်ပ်ဇစ်ကို ဂိုးပြတ် ချေမှုန်းပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။


ဖရန့်ဖတ် ၁-၀ ဝက်စ်ဟမ်း

(နှစ်ကျော့ပေါင်း ရလဒ် ၃-၁)

ပထမအကျော့ လန်ဒန်ကွင်းမှာ မိနစ် အများစု တစ်ယောက်အသာနဲ့ ကစားပြီး အနိုင်ရထားခဲ့တဲ့ ဖရန့်ဖတ်တို့ ဒုတိယအကျော့မှာလည်း ဝက်စ်ဟမ်းကို မိနစ် ၇၀ ကျော် တစ်ယောက် အသာနဲ့ ထပ်ကစားခဲ့ရပြီး ၁-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဖရန့်ဖတ်တို့ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဝက်စ်ဟမ်း ကတော့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။ ဖရန့်ဖတ် ဘက်မှာ ဘိုရီ၊ ကာမာဒါ၊ ဟော့ဂျ်၊ ရိုဒီ၊ ကော့စတစ်၊ ဆိုးဝ်၊ ကေနော့ဖ်၊ ဟင်တာရက်ဂါ၊ အန်ဒီကာ၊ တူတာ၊ ထရပ်တို့ ပါဝင်လာခဲ့ပြီး ဝက်စ်ဟမ်း မှာတော့ အန်တိုနီယို၊ လန်ဇီနီ၊ ဘိုဝင်၊ ဖော်နယ်စ်၊ ရိုက်စ်၊ ဆိုချက်ခ်၊ ခရက်စ်ဝဲလ်၊ ဇူးမား၊ ဒေါ်ဆင်၊ ဆိုဖယ်၊ အာရီရိုလာတို့ ပါဝင်ခဲ့ပါတယ်။

နှစ်သင်းလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ရင်ဆိုင်ခဲ့ကြလို့ ပွဲက တော်တော်လေး ကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၁၇ မိနစ်မှာ ခရက်စ်ဝဲလ် အနီကတ် ထုတ်ခံလိုက်ရသည့် တိုင်အောင် ဝက်စ်ဟမ်းရဲ့ တုန့်ပြန်မှုက အားရစရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ၂၆ မိနစ်မှာတော့ ဖရန့်ဖတ်တို့ တစ်လုံးတည်းသော အနိုင်ဂိုး ရရှိသွားခဲ့ပြီး ကေနော့ဖ်ရဲ့ ဖန်တီးပေးမှု ကနေ တိုက်စစ်မှူး ဘိုရီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း ဘက်က အန်တိုနီယို၊ ဖော်နယ်စ်၊ လန်ဇီနီ၊ ဘိုဝင်၊ ဒီကန် ရိုက်စ်၊ ဆိုချက်ခ် တို့ရဲ့ အသင်းလိုက် ကစားပုံ တော်တော်လေး ကောင်းခဲ့ပြီး ဖရန့်ဖတ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ အိမ်ရှင် ဖရန့်ဖတ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ပွဲကို ထိန်းချုပ်ကစားသွားခဲ့သလို ဝက်စ်ဟမ်း ကလည်း အခွင့်အရေး တချို့ ပြန်ရခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံး အသုံးမချနိုင်ခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၁ နဲ့ ဖရန့်ဖတ်တို့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကို တက်လှမ်းသွားခဲ့ပါတယ်။

ဒေးဗစ်မွိုက်စ်ရဲ့ အသင်း အနေနဲ့ ယူရိုပါလိဂ် ဖြတ်သန်းရာ လမ်းကြောင်း တစ်လျှောက် အကောင်းဆုံး ပုံစံနဲ့ ပြိုင်ဘက်တိုင်းကို တုန့်ပြန် ကစားနိုင်ခဲ့ပေမယ့် ဥရောပ အတွေ့အကြုံက စကားပြောသွားခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ နှစ်ကျော့စလုံးမှာ ပြသခံခဲ့ရတဲ့ အနီကတ်တွေက ဝက်စ်ဟမ်းရဲ့ ဗိုလ်လုပွဲ တက်လှမ်းရေးကို အဆုံးအဖြတ် ပေးသွားခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဖရန့်ဖတ် ကတော့ ယူရိုပါလိဂ်ကို ဘယ်လောက် အတိုင်းအတာအထိ အာရုံစိုက်နေသလဲ ဆိုတာ ဘွန်ဒက်စ်လီဂါ ရလဒ်တွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ဖရန့်ဖတ်တို့ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခြင်းရဲ့ အဓိက အားသာချက် တစ်ခုက အိမ်ကွင်း၊ အဝေးကွင်း မရွေး အင်အားအပြည့် လိုက်လံ အားပေးတဲ့ ပရိသတ်တွေကြောင့်လို့ပဲ ဆိုရမှာပါ။

ပရီးမီးယား လိဂ်
အာဆင်နယ်
လိဒ် ယူနိုက်တက်
ဂိုးပေါ် 3.00 @ 1.98
1X2 သရေ (Draw) @ 4.40
ဂိုးပေါင်း 2-3 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရိန်းဂျားစ် ၃-၁ လိုက်ပ်ဇစ်

(နှစ်ကျော့ပေါင်း ရလဒ် ၃-၂)

ပထမအကျော့မှာ ၁-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့တဲ့ လိုက်ပ်ဇစ်တို့ စကော့တလန်မြေ မှာလည်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ရိန်းဂျားကို ကျော်ဖြတ်နိုင်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိန်းဂျားစ်ရဲ့ တန်ပြန် တိုက်စစ် ကစားပုံက ပိုပြီး ထိရောက်ခဲ့လို့ လိုက်ပ်ဇစ်တို့ ဂိုးပြတ် အရှုံးပေးခဲ့ရပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

အိမ်ရှင် ရိန်းဂျားစ်တို့ ၅-၃-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး လူစာရင်း မှာတော့ ကန့်တ်၊ အာရီဘို၊ ရိုက်၊ ဂျက်၊ ကာမာရာ၊ ဘရီဆစ်၊ ဘက်ဆီ၊ ဂိုးလ်ဆင်၊ လွန်းစတွမ်း၊ တာဗာနီရာ၊ မက်ဂရီဂေါ တို့ ပါဝင်လာခဲ့ပါတယ်။ လိုက်ပ်ဇ် ကတော့ ၃-၄-၂-၁ အခင်းအကျင်းနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ ယူဆက်ဖ် ပိုလ်ဆင်၊ အန်ကွန်ကူ၊ အော်လမို တို့ကို တွဲဖက်ပေးကာ အိန်ဂျယ်လီနို၊ လိုင်မာ၊ ကမ့်ပဲလ်၊ ဟင်းနရစ်ချ်၊ ဂက်ဗာဒီယိုလ်၊ အော်ဘန်၊ ကလော့စတာမန်၊ ဂူလက်ရှီ တို့နဲ့ လူစုံတက်စုံ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်တို့ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရိန်းဂျားစ်ရဲ့ ထိရောက်တဲ့ တန်ပြန်တိုက်စစ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့လို့ ပထမပိုင်း ၁၈ မိနစ်မှာတင်ပဲ ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ကန့် တစ်ကိုယ်တော် ဆွဲပြေးလာပြီး ဂိုးရှေ့ ဖြတ်ပို့ပေးလိုက်တဲ့ ဘောလုံးကို အသင့်ပါလာတဲ့ ညာနောက်ခံလူ တာဗာနီရာ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၅ မိနစ် အကြာမှာ လိုက်ပ်ဇစ် နောက်တန်းရဲ့ အထနှေးမှုကို ရိန်းဂျားစ်တို့ ထပ်မံ အခွင့်ကောင်းယူနိုင်ခဲ့ပြီး ဒုတိယ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ရိုက် ပြန်ချပေးတဲ့ ဘောလုံးကို ကာမာရာ က ဧရိယာ ထိပ်ကနေ အမှတ်မထင် ကန်သွင်းသွားခဲ့လို့ ဂူလက်ရှီလည်း ဘာမှမတတ်နိုင်ပဲ ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီနှစ် ယူရိုပါလိဂ်မှာ မထင်မှတ်တာတွေ တောက်လျောက် လုပ်ပြခဲ့တဲ့ ရိန်းဂျားစ် ကတော့ ဒီနေ့ပွဲ မှာလည်း သူ့ထက် အင်အားကြီးပြီး ရေပန်းစားနေတဲ့ ဂျာမန် ကလပ် လိုက်ပ်ဇစ်ကို အထင်ကြီးစရာ ကစားပုံနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နှစ်ကျော့ပေါင်း ရလဒ် ၃-၂နဲ့ လိုက်ပ်ဇစ်ကို အနိုင်ယူပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်သွားတဲ့ ရိန်းဂျားစ်

ပထမပိုင်း အပြီးမှာတော့ ၂-၀ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း လိုက်ပ်ဇစ် တို့ပဲ ပွဲကို ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၇၁ မိနစ်မှာ လိုက်ပ်ဇစ်တို့ ချေပဂိုး ပြန်ရခဲ့ပြီး ခရစ္စတိုဖာ အန်ကွန်ကူက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မိနစ် ၈၀ ကျော်မှာ လွန်းစတွမ်းက လိုက်ပ်ဇစ် နောက်ခံလူတွေ ရှုတ်ရှက်ခတ်နေတဲ့ ကြားက ပြေးဝင်ပိတ်သွင်းခဲ့လို့ အိမ်ရှင် အသင်း အနိုင်ဂိုး ရရှိခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ လိုက်ပ်ဇစ်တို့ ချေပဂိုး ပြန်လည် ရရှိဖို့ တရစပ် ထိုးဖောက်ခဲ့ပေမယ့် မာကျောတဲ့ ရိန်းဂျားစ် ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့လို့ ၃-၁ ရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃-၂နဲ့ စကော့တလန် ကလပ် ရိန်းဂျားစ်တို့ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပြီး အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တဲ့ လိုက်ပ်ဇစ် ကတော့ ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒီနှစ် ယူရိုပါလိဂ်မှာ မထင်မှတ်တာတွေ တောက်လျောက် လုပ်ပြခဲ့တဲ့ ရိန်းဂျားစ် ကတော့ ဒီနေ့ပွဲ မှာလည်း သူ့ထက် အင်အားကြီးပြီး ရေပန်းစားနေတဲ့ ဂျာမန် ကလပ် လိုက်ပ်ဇစ်ကို အထင်ကြီးစရာ ကစားပုံနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ် ကတော့ ဘောလုံး ကိုင်ထားရုံသာ တတ်နိုင်ခဲ့ပြီး ရိန်းဂျားစ် ခံစစ်ကို မကျော်နိုင်ခဲ့သလို တန်ပြန် တိုက်စစ်တွေကိုလည်း မထိန်းချုပ်နိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ယူရိုပါလိဂ် ဗိုလ်လုပွဲ ကိုတော့ မေလ ၁၈ ရက်နေ့ စပိန်နိုင်ငံ ဆီဗီးလ်မြို့ရဲ့ ဆန်းချက်ဇ် ပစ်ဇ်ဟွမ် ကွင်းမှာ ကျင်းပသွားဖို့ ရှိပြီး ဖရန့်ဖတ်နဲ့ ရိန်းဂျားစ်တို့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ နှစ်သင်းလုံး ကတော့ ဒီနှစ် ပြိုင်ပွဲမှာ မထင်မှတ်တာတွေ လုပ်ပြနေတဲ့ အသင်းတွေ ဖြစ်လို့ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ ဆိုတာ တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်