နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ကို ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ဆက်လက် ရှင်သန်ခဲ့တဲ့ စပါး | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး ၃-၀ အာဆင်နယ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) ရဲ့ ပွဲကျန် အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီ မှာတော့ တော့တင်ဟမ်ဟော့စပါးတို့ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အာဆင်နယ်ကို ၃-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်တို့ ဒီပွဲ အနိုင်ရတာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် သေချာပေါက် ရရှိသွားမှာ ဖြစ်ပေမယ့် စပါးရဲ့ ရုန်းအား၊ ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် အနီကတ်နဲ့ ပင်နယ်တီတွေကြောင့် ကံဆိုးခဲ့ရတာပဲ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

၃-၄-၂-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာတဲ့ စပါးရဲ့ တိုက်စစ်မှာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီး တို့ ဦးဆောင်လာခဲ့ပါတယ်။ ကွင်းလယ်မှာ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ Full Back တွေ အဖြစ် အီမာဆင် ရွိုင်ရယ်နဲ့ ဆက်ဆနွန်တို့ ကစားခဲ့ပြီး ခံစစ်မှာတော့ ဆန်းချက်ဇ်၊ ဒိုင်ယာ၊ ဒေးဗီးစ် ပွဲထွက်ခဲ့ပါတယ်။ အာဆင်နယ် ကတော့ လိဒ်စ်နဲ့ ပွဲကို လူစာရင်းကို အပြောင်းအလဲ မလုပ်ခဲ့ပဲ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ စီဒရစ်၊ တိုမီယာဆု၊ ချာကာ၊ အဲလ်နန်နီ၊ အိုဒီဂတ်၊ မာတင်နယ်လီ၊ ဆာကာနဲ့ အန်ကတ်တီးယား တို့ကိုပဲ သုံးသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဘန်လေ
1X2 သရေ (Draw) @ 4.80
ဂိုးပေါ် 3.00 @ 2.03
ဂိုးပေါင်း 0-1 @ 4.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါဘီ ပွဲစဉ် ဖြစ်သလို အမှားခံလို မရတဲ့ ပွဲလည်း ဖြစ်နေတာကြောင့် ပွဲအစပိုင်းမှာ တစ်သင်းနဲ့ တစ်သင်း အခြေအနေ ကြည့်ပြီး ကစားခဲ့ပေမယ့် ပွဲချိန် ၂၂ မိနစ် ကစပြီး ပွဲအလှည့်အပြောင်းတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ မီခယ်အာတေးတားရဲ့ အသင်း ဂိုးပြတ် ရှုံးရခြင်းရဲ့ အဓိက ပြသနာက အသင်းမှာ ခြေစွမ်းပိုင်း အားအနည်းဆုံးလို့ ပြောလို့ ရတဲ့ စီဒရစ်နဲ့ ဟိုးလ်ဒင်းကို တစ်ဖက်က ဂိုးသွင်းကောင်းလှပါတယ် ဆိုတဲ့ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်း တို့ကို ထိန်းခိုင်းခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး စီဒရစ်နဲ့ ဟိုးလ်ဒင်းတို့ တစ်ဖက်က ဆွန်ဟောင်မင်ရဲ့ အတိုးအလှုပ်တွေကြောင့် အခက်တွေ့ခဲ့ရပြီး အာတေးတားရဲ့ ခံစစ် ဗျူဟာ လုံးဝ အလုပ်မဖြစ်ခဲ့သလို ပင်နယ်တီ တစ်ကြိမ်၊ အနီကတ် တစ်ကတ် စောစောစီးစီး ရသွားခဲ့တာသာ အဖတ်တင်ခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ဟယ်ရီကိန်းက အမှားအယွင်း မရှိ ကန်သွင်းခဲ့လို့ စပါးတို့ ဦးဆောင်ဂိုး ရခဲ့ပြီး မိနစ်ပိုင်း အကြာမှာပဲ နောက်ခံလူ ဟိုးလ်ဒင်း ဆွန်ကို တံတောင်နဲ့ ရိုက်ခဲ့တယ် ဆိုပြီး နောက်ထပ် တစ်ဝါ ထပ်ပြခံရကာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၁၀ ယောက်တည်းသာ ကျန်တော့တဲ့ အာဆင်နယ်ကို စပါးတို့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၃၇ မိနစ်မှာ စပါးတို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ဘန်တန်ကာရဲ့ ပေးပို့မှု ကနေ ကိန်းက ခေါင်းတိုက် အဆုံးသတ် ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် တိုမီယာဆု ဗဟိုခံစစ်နေရာ ဝင်ကစားချိန် မှာတော့ ဆွန်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့လို့ ဂိုးထပ်မပေးရတော့တဲ့ အပြင် တိုက်စစ်ဆင်မှုတွေလည်း ပြန်လည် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်က အန်ကတ်တီးယား အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ အာဆင်နယ်တို့ ချေပဂိုးနဲ့ ဝေးခဲ့ရပြီး ၂-၀ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန် မှာတော့ စပါးတို့ တတိယဂိုး ထပ်ရခဲ့ပြီး အာဆင်နယ် နောက်တန်းက ကိန်းကို ဟန့်တားရင်း ကနေ ရှုတ်ရှက်ခတ်နေတဲ့ အနေအထားမှာ ဆွန်က ပါးပါးနပ်နပ် ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အာဆင်နယ်တို့ ချေပဂိုးတွေ ရရှိဖို့ အတွက် တိုက်စစ်မြှင့်ခဲ့ပေမယ့် တစ်ယောက်လျော့နေခဲ့တဲ့ အတွက် ထင်သလောက် တိုးမပေါက်ခဲ့ပါဘူး။ ဒါ့အပြင် အခွင့်အရေး ရရှိချိန်မှာ အသုံးမချနိုင်ခြင်းက အာဆင်နယ် အတွက် နစ်နာစရာ ဖြစ်ခဲ့ပြီး နှစ်သင်းလုံး ဂိုးမသွင်းနိုင်တော့လို့ ပွဲအပြီးမှာတော့ ၃-၀ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပိုဆိုးတာက ပရီးမီးယားလိဂ် လက်ကျန် ၂ ပွဲမှာ အာဆင်နယ် တို့ စပါးထက် ပိုပြီး ပွဲကြပ်နေတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ အာဆင်နယ်

ပွဲပြီးသုံးသပ်ချက်

အပေါ်မှာ ပြောခဲ့သလိုပဲ အာဆင်နယ် အတွက် ဒီနေ့ပွဲရဲ့ အဓိက ပြသနာက ခံစစ်ပိုင်း အားနည်းမှု ဖြစ်ပြီး အရှုံးရလဒ် အတွက် အဓိက တရားခံ ကတော့ နည်းစနစ် ဆရာ မီခယ်အာတေးတား လို့ပဲ ဆိုရမှာပါ။ ကိန်းနဲ့ ဆွန်ကိုမှ ဟိုးလ်ဒင်းနဲ့ စီဒရစ်ကို ထိန်းခိုင်းတာက ရူးမိုက်တဲ့ ဗျူဟာလို့ ပြောလို့ ရပြီး ဟိုးလ်ဒင်း အနေနဲ့ ဆွန်ဟောင်မင် ကို သက်သက်မဲ့ လူလိုက်ချနေသလိုသာ ဖြစ်နေခဲ့ပြီး ပါးပါးနပ်နပ် မကစားနိုင်ခဲ့လို့ အနီကတ် ပြခံရတာ မထူးဆန်းပါဘူး။ တကယ်ဆို တိုမီယာဆု သူ့နေရာမှာ သူကစားပြီး ဘယ်ခြမ်းမှာ တာဗာရက်စ်ကို သုံးခဲ့ရင်တောင် အခုလောက် ဆိုးမှာ မဟုတ်ပါဘူး။ နောက်ပြီး တိုက်စစ်မှာ အန်ကတ်တီးယား အစား လာကာဇက်ကို သုံးရင်တောင် နေရာလွတ်တွေ ပိုဖန်တီးနိုင်ဖို့ ရှိပြီး လိုအပ်နေတဲ့ ဂိုးတွေလည်း ပြန်ရနိုင်လောက်ပါတယ်။

အခုတော့ အာဆင်နယ်တို့ စပါးကွင်းမှာ ကစားတဲ့ လန်ဒန်ဒါဘီ နောက်ဆုံး ၈ ပွဲဆက် အနိုင်မရတဲ့ အစဉ်အလာဆိုးကို ဆက်ထိန်းခဲ့ရပြီး လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ အတွက် တစ်မှတ် အကွာနဲ့ စပါးရဲ့ အနီးကပ် ဖိအားပေးခြင်းကို ခံနေရပြီလည်း ဖြစ်ပါတယ်။ ပိုဆိုးတာက ပရီးမီးယားလိဂ် လက်ကျန် ၂ ပွဲမှာ အာဆင်နယ် တို့ စပါးထက် ပိုပြီး ပွဲကြပ်နေတာပါ။ စပါးတို့ ဘန်လေ၊ နော့ဝှစ်ချ်စီးတီး တို့လို တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပေမယ့် အာဆင်နယ် ကတော့ နယူးကာဆယ်၊ အဲဗာတန် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် အဆင့် ၄ နေရာကို ဘယ်အသင်း ပိုင်ဆိုင်သွားမလဲ ဆိုတာ ကတော့ ပွဲစဉ် (၃၈) ပြီးမှပဲ အဖြေပေါ်မယ့် သဘော ရှိပါတယ်။


လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါး တို့ လာမယ့် မေလ ၁၅ ရက်နေ့မှာ တန်းဆင်းဇုန်ထဲက ဘန်လေနဲ့ ရင်ဆိုင်ရဖို့ ရှိပြီး အာဆင်နယ် ကတော့ နယူးကာဆယ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်