နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နံနက်ခင်း သတင်းများ (၂၉/၇/၂၀၂၂)

ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ 


ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဒေါ့မန် ကင်းထောက်ချုပ်

ဒေါ့မန် ကင်းထောက်ချုပ် မားကပ်စ် ပီလာဝါ ကတော့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။ ပီလာဝါဟာ ၂၀၁၂ ခုနှစ်က ဒေါ့မန်ကို စတင် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။  

၂၀၁၇ ခုနှစ် မှာတော့ ကင်းထောက် အကြီးအကဲ အဖြစ် ခန့်အပ်ခံခဲ့ရပြီး ဆန်ချို၊ ဟာလန်း၊ ဘယ်လင်ဂမ် တို့လို ကစားသမားတွေကို ခေါ်ယူတဲ့ နေရာမှာ အဓိကကျတဲ့ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ 

အသက် ၄၄ နှစ် အရွယ် ပီလာဝါ အနေနဲ့ ဟာသာဘာလင်၊ ဘိုချမ် တို့ကို ပြောင်းရွှေ့ဖို့ အတွက်လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘေယန်မြူးနစ် ကိုသာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒီမတိုင်ခင်မှာ သူနဲ့ ဒေါ့မန် အားကစားဒါရိုက်တာ ဆဘက်စတီယန် ခါဟဲလ်၊ လေ့ကျင့်ရေးမှူး တာဇစ်တို့ အကြား ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ 


ဒေါ့မန် ဘယ်နောက်ခံလူကို ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ဘယ်နောက်ခံလူ ရာဖေးလ် ဂွါရဲရိုးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
1X2 သရေ (Draw) @ 5.00
ဂိုးပေါ် 3.50 @ 1.99
ဂိုးပေါင်း 2-3 @ 2.32
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ်ရဲ့ ဘယ်နောက်ခံလူ နေရာ အတွက် အဲလက်စ် ဆန်ဒရို ရှိနေပေမယ့် ပုံမှန် ခြေစွမ်းအောက် ရောက်ရှိနေတာကြောင့် ဂွာရဲရိုးကို ထပ်မံ ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ နည်းပြ အယ်လီဂရီ အနေနဲ့ လက်ရှိ ဘယ်နောက်ခံလူ နေရာ မှာတော့ လူငယ် ကြယ်ပွင့် လူကာ ပယ်လီဂရီနီကို အခွင့်အရေးပေး အသုံးပြုနေခဲ့ရတာ ဖြစ်ပါတယ်။ 

အသက် ၂၈ နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ရာဖေးလ် ဂွါရဲရိုး ကိုတော့ ဒေါ့မန် ဘက်က ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း စီးရီး‌အေ ထိပ်သီးတို့ အနေနဲ့ ကစားသမားသစ် ခေါ်ယူဖို့ အတွက် ဆိုရင်တော့ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။ 


လာမာစီယာ ကြယ်ပွင့်ကို ခေါ်ယူလိုက်တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် အသင်း ကတော့ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီက အသက် ၁၆ နှစ် အရွယ်သာ ရှိသေးတဲ့ ကြယ်ပွင့် ကစားသမားလေး အဒမ် အက်ဇ်နူကို ခေါ်ယူလိုက်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။ 

အက်ဇ်နူဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ လူငယ်အသင်းမှာ စတင် ကစားရမှာ ဖြစ်ပြီး အဲ့ဒီနောက်မှာမှ စီနီယာ အသင်းကြီး အတွက် အခွင့်အရေး ပေးသွားဖို့ စီစဥ်ထားတယ်လို့လည်း သိရပါတယ်။ ခံစစ် ဘယ်အစွန်မှာ ကစားတဲ့ ဒီကစားသမား ကိုတော့ ဘာစီလိုနာက အက်ဇ်နူကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က ငြင်းဆန် ပယ်ချခဲ့ပြီး ဘေယန်မြူးနစ် ကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အက်ဇ်နူကို ခေါ်ယူဖို့ ဘေယန်မြူးနစ် အပြင် လိုက်ပ်ဇစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း အနီးကပ် စောင့်ကြည့်ခဲ့ပေမယ့် ဘေယန်မြူးနစ်က လက်ဦးမှု ယူနိုင်ခဲ့တာဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်