နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နံနက်ခင်း သတင်းများ (၃၀/၇/၂၀၂၂)

ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


ဗာနာကို ပစ်မှတ်ထားနေတဲ့ အသင်းတွေထဲ ဒေါ့မန်လည်း ပါဝင်လာ

ချဲလ်ဆီး တိုက်စစ်မှူး တီမို ဗာနာကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ ထဲမှာ ဒေါ့မန် လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ ဗာနာဟာ ပရီးမီးယားလိဂ် ကစားဟန်နဲ့ အခုချိန်ထိ အသားမကျသေးဘဲ ပုံမှန် ပွဲထွက်ခွင့် အတွက် ရုန်းကန်နေရသလို လက်ရှိ နည်းပြ သောမက်စ် တူချယ် နဲ့လည်း အဖုအထစ်တွေ ရှိထားသူ ဖြစ်ပါတယ်။

ဒီကစားသမားကို အသင်းဟောင်း လိုက်ပ်ဇစ်က ပြန်လည် ခေါ်ယူဖို့ သတင်းထွက်နေသလို ဂျူဗင်တပ်စ် ကလည်း အလိုရှိနေတယ်လို့ သိရပါတယ်။ အခု လက်ရှိ မှာတော့ နောက်ထပ် ဘွန်ဒက်စ်လီဂါ ကလပ် တစ်ခု ဖြစ်တဲ့ ဒေါ့မန် ကပါ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူးကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ ဆဘက်ရှန် ဟော်လာရဲ့ ဝှေးစေ့ကင်ဆာကြောင့် ဒေါ့မန်တို့ မဖြစ်မနေ တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ လိုအပ်နေလို့ ဗာနာ ကလည်း အဓိက ပစ်မှတ်ထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးတို့ အခုနွေရာသီမှာ လူကာကူ အင်တာမီလန်ဆီ အငှားနဲ့ လက်လွှတ်ထားရတာကြောင့် နည်းပြ တူချယ် ကတော့ ဗာနာကို အသင်းမပြောင်းဖို့ ပိတ်ပင်တားမြစ်ထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


ဘွန်ဒက်စ်လီဂါ အသင်းတွေ အောင်ပွဲခံခဲ့တဲ့ ဂျာမန် ပိုကယ်ဖလား

မနေ့ညက ကစားခဲ့တဲ့ ဂျာမန်ပိုကယ်ဖလား ပွဲစဥ်တွေမှာတော့ ဘွန်ဒက်စ်လီဂါ အသင်းတွေ ဖြစ်တဲ့ နုရင်ဘတ်၊ စတုဂတ်နဲ့ ဒေါ့မန် တို့ အနိုင်ရရှိသွားခဲ့ပါတယ်။ နုရင်ဘတ်က ကန်မာရီဘွန်းကို ၀-၂ ၊ စတုဂတ်က ဒရက်စ်ဒန်ကို ၀-၁ ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မန် ကလည်း ၁၈၆၀ မြူးနစ်ကို တိုက်စစ်မှူးသစ် အဒီယီမီရဲ့ ပွဲဦးထွက် သွင်းဂိုးနဲ့ အတူ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ၃ သင်းစလုံး ကတော့ အဝေးကွင်း ပွဲစဉ်တွေ အဖြစ် သွားရောက် ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အခြားပွဲ တစ်ပွဲ မှာတော့ ကားလ်စ်ရူဟီက နူစထရယ်လိုက်ဇ်ကို အဝေးကွင်းမှာ ၈ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

ဒီနေ့ည မှာတော့ ဘိုချမ်၊ လေဗာကူဆင်၊ ကိုလုံး၊ ဝုလ်ဖ်ဘတ် တို့ရဲ့ ပွဲစဥ်တွေကို ဆက်လက် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ နာမည်ကြီး လိုက်ပ်ဇစ်၊ ဘေယန်မြူးနစ်တို့ရဲ့ ပွဲတွေ ကတော့ လာမယ့် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့မှပဲ ယှဥ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ် နောက်ခံလူကို စောင့်ကြည့်နေတဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီး 

ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ ညာနောက်ခံလူနေရာ အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ ညာနောက်ခံလူ ဘင်ဂျမင် ပါဗက်ကို ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ 

ယူနိုက်တက်ဟာ ညာနောက်ခံ လူနေရာအတွက် ဝမ်ဘစ်ဆာကာကို စိတ်တိုင်းမကျသလို ဒါးလော့တ် ကလည်း အမှားများသူ ဖြစ်တာကြောင့် စျေးကွက် အခြေအနေကို စောင့်ကြည့်နေပြီး ကစားသမားသစ် ခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာတော့ ပါဗက် လည်း ပါဝင်လာခဲ့ပြီး ခံစစ်ပိုင်း အင်အားဖြည့်တင်းဖို့ လိုအပ်နေဆဲ ချဲလ်ဆီး ကလည်း ပါဗက်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

ဒီပြင်သစ် လက်ရွေးစင် ကိုတော့ ယူနိုက်တက်နဲ့ ချဲလ်ဆီး အပြင် အခြား ဥရောပ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဘင်ဂျမင် ပါဗက်ဟာ ပြီးခဲ့တဲ့ ရာသီက ဘေယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပေးခဲ့ပေမယ့် လက်ရှိ နွေရာသီမှာ ဒီလစ်ဂျ်နဲ့ မာဇ်ရူအီတို့ ရောက်ရှိလာတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေရသူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်