နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – ညနေခင်း သတင်းများ (၁/၈/၂၀၂၂)

ဩဂုတ်လ ၁ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အရေးပါတဲ့ ကစားသမားတွေ အတွက် ဆုံးဖြတ်ချက် သေချာချရတော့မယ့် လိုက်ပ်ဇစ်

အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေကို ဥရောပထိပ်တန်း ကလပ်တွေက ပစ်မှတ်ထား စောင့်ကြည့်နေတာကြောင့် ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လိုက်ပ်ဇစ်တို့ ဂျာမန် လက်ရွေးစင် နောက်ခံလူ ဒေးဗစ် ရာယမ်ကို ခေါ်ယူခဲ့တာကြောင့် အန်ဂျယ်လီနို ကတော့ ပွဲထွက်ခွင့်ရဖို့ ခက်ခဲသွားခဲ့ပါတယ်။ ဒါပေမယ့် စပိန် နောက်ခံလူဟာ ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာကြောင့် လက်ရှိ မှာတော့ ကလပ် ဘက်က အပြီးသတ် ရောင်းထုတ်ဖို့ ဒါမှမဟုတ် အငှားချချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိ အိန်ဂျယ်လီနိုကို ဟော့ဖန်ဟိမ်းနဲ့ ဘာစီလိုနာ တို့ကပဲ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဆာဘို့စ်ဇ်လိုင်း ကိုတော့ ဥရောပထိပ်သီး ကလပ် အများစုက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အီတလီ သတင်းစာ တစ်စောင် ဖြစ်တဲ့ Il Mattino မှာတော့ ဟန်ဂေရီ ကွင်းလယ်လူကို နာပိုလီက ယူရို သန်း ၃၀နဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ လိုက်ပ်ဇစ်တို့ လက်ခံနိုင်ချေ ရှိမရှိ ဆိုတာ ကတော့ ခန့်မှန်းရခက်ပါတယ်။

Sport 1 ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးက အသက် ၂၀ အရွယ် လိုက်ပ်ဇစ် ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ အတွက် ဖြစ်နိုင်တဲ့ ပေါင်းစုံ သုံးပြီး ကြိုးစားသွားမယ်လို့ သိရပါတယ်။ ချဲလ်ဆီး နည်းပြ တူချယ်ရဲ့ နံပါတ် ၁ အဓိက ပစ်မှတ် ဖြစ်တဲ့ ဂျက်စ်ကို ဂဗာဒီယိုလ် ကိုတော့ လိုက်ပ်ဇစ် ဘက်က လုံးဝ ရောင်းထုတ်ဖို့ သွားမှာ မဟုတ်ကြောင်း အစောပိုင်းမှာ ကတည်းက ကြေညာထားပြီးသား ဖြစ်ပါတယ်။


ဘေယန်ကို ပြောင်းရွှေ့ဖြစ်တဲ့ အကြောင်းရင်းကို ထုတ်ပြောလာတဲ့ ဒီလစ်ဂျ်

ကေလိဂ်
ဒယ်ဂူး
ဆူဝန် ဘလူးဝင်းစ်
ပထမပိုင်း 1X2 ဆူဝန် ဘလူးဝင်းစ် @ 3.85
ဒယ်ဂူး အာရှ ဟန်းဒီးကပ် -0.25 @ 2.00
ဂိုးအောက် 0.75 @ 2.19
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နယ်သာလန် နောက်ခံလူ မားသီးယက်စ် ဒီလစ်ဂျ် ကတော့ သူ့အနေနဲ့ ဘာကြောင့် ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖြစ်ခဲ့သလဲ ဆိုတာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အသက် ၂၂ အရွယ်သာ ရှိသေးတဲ့ ခံစစ်မှူးရဲ့ ပြောကြားချက်အရ ဆိုရင် ဘေယန်မြူးနစ်ဟာ သူ့ပေါ်မှာ ယုံကြည်မှု ရလို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီလစ်ဂျ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကနေ ဘေယန်မြူးနစ်ကို ယူရို ၇၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် မချင်မှာ ချဲလ်ဆီး ကို စိတ်ဝင်စားခဲ့သေးပေမယ့် နောက်ဆုံး မှာတော့ ဘွန်ဒက်စ်လီဂါ ကလပ် ကိုသာ ပြောင်းရွှေ့ဖြစ်ခဲ့တာပါ။ ဘေယန်မြးနစ် ဘုတ် အဖွဲ့က သူ့ကို အမှန်တကယ် လိုချင်ကြောင်း ပြသခဲ့သလို ကလပ် ကလည်း သူနဲ့ လိုက်ဖက်တဲ့ တိုက်စစ် အသားပေး ကစားဟန်၊ ပြင်းထန်ထဲ့ လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ နိုင်လိုစိတ် ပြင်းပြမှုတွေ ရှိနေခဲတယ်လို့ ဆိုပါတယ်။

နောက်ဆုံး မှာတော့ ဘွန်ဒက်စ်လီဂါ ကလပ်ဘက် သူ့ကို ယုံကြည်မှုရှိခဲ့ခြင်းက ဆုံးဖြတ်ချက်ချဖို့ အရေးအကြီးဆုံး ဖြစ်ခဲ့တယ်လို့ ဒီလစ်ဂျ်က ပြောကြားသွားခဲ့ပါတယ်။


လူမသိ သူမသိ တိုက်စစ်မှူးကို အံ့အားသင့်ဖွယ် ခေါ်ယူလိုက်တဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အသင်း ကတော့ ဆာဒီယို မာနေးနဲ့ သူငယ်ချင်း ဖြစ်သူ ဒီဇိုင်းရား ဆက်ဂ်ဘီ အာဇန့်ခ်ပို ကို မထင်မှတ်ပဲ ခေါ်ယူသွားခဲ့ပါတယ်။ ဒီကစားသမား ကိုတော့ ဘေယန်မြူးနစ်က ၂ ရာသီ စာချုပ်ချုပ်ဆိုခဲ့ပြီး ဆက်ဂ်ဘီရဲ့ အပြောင်းအရွှေ့ အတွက် အဓိကကျခဲ့သူ ကတော့ ဆာဒီယို မာနေး ဖြစ်ကြောင်း သိရပါတယ်။

မာနေးက ဆီနီဂေါနိုင်ငံ Generation Foot Academy မှာ ကာလရှည်ကြာ သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးတဲ့ ဆက်ဂ်ဘီကို ဂျာမနီမှာ အသားကျဖို့ အတွက် အကူအညီပေးသွားဦးမယ်လို့လည်း သိရပါတယ်။ ဆက်ဂ်ဘီနဲ့ မာနေး တို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပေမယ့် အဓိက အသက်မွေးဝမ်းကြောင်း ပြုတဲ့ ဘောလုံး မှာတော့ အောင်မြင်မှုက ဆီနဲ့ရေလို ကွာခြားသူတွေ ဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ် ဘီနင် တိုက်စစ်မှူးဟာ ပြင်သစ်၊ ရုရှား၊ နယ်သာလန် တို့က ဒုတိယတန်း၊ တတိယတန်း လိဂ်တွေမှာ ၉ နှစ် နီးပါး ကျင်လည်ခဲ့ရသူ ဖြစ်ပါတယ်။ ကစားသမား ဘဝ တစ်လျှောက်လုံးမှာ ပွဲပေါင်း ၃၀ ကျော် ကစားခဲ့ဖူးတဲ့ ကလပ် ဆိုလို့ အင်္ဂလန် ဘောလုံးလိဂ် စနစ်ရဲ့ အောက်ဆုံးမှာ ရှိတဲ့ နေးရှင်းလိဂ် ကလပ် အိုးလ်ဟမ်း တစ်သင်းပဲ ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်