နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | ဖရန့်ဖတ် – ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ)

ဖရန့်ဖတ် – ဘေယန်မြူးနစ်

မနက်ဖြန် ည ၁ နာရီ မှာတော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေး ပွဲစဉ်တွေ ပြန်လည် စတင်ဖို့ ရှိပြီး ပွဲစဉ် ၁ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဖရန့်ဖတ်နဲ့ ဘေယန်မြုးနစ်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် လက်ရှိ ချန်ပီယံနဲ့ ဘွန်ဒက်စ်လီဂါ ၁၀ နှစ်ဆက် ချန်ပီယံတို့ ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲကို ရှုစားရဦးမှာပါ။

အိုလီဗာ ဂလတ်စနာကို နည်းပြ အဖြစ် စတင် ခန့်အပ်ခဲ့တဲ့ ပွဲဦးထွက် ရာသီမှာတင်ပဲ ဖရန့်ဖတ်တို့ နှစ်ပေါင်း ၄၀ ကျော်ကြာ ဝေးကွာနေတဲ့ ဥရောပ ချန်ပီယံဆုကို ပြန်လည် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဥရောပ ပွဲစဉ်တွေကို အာရုံစိုက်ခဲ့တာကြောင့် နောက်ဆုံး ၅ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၁၀ ပြင်ပကနေ ရာသီသိမ်းခဲ့ရပေမယ့် ယူရိုပါလိဂ် ဖလားနဲ့ အတူ ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ခပ်မြင့်မြင့် ပျံသန်းနိုင်ခဲ့တဲ့ သိမ်းငှက်တွေ အနေနဲ့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်တာ တွေ့ရပြီး ရာသီကြို ခြေစမ်းပွဲတွေနဲ့ ပိုကယ်ဖလား ပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ကောင်းနေသလို ဂိုးလည်း မြူးနေပါတယ်။

ဖရန့်ဖတ်တို့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဂျရုမ်း အွန်ဂူအင်၊ လူးကပ်စ် အလာရီယိုနဲ့ မာရီယို ဂေါ့ဇီ တို့လို အတွေ့အကြုံရင့် ကစားသမားတွေ အပြင် ဘူတာနဲ့ ဆမိုလ်ချစ်ခ် တို့လို လူငယ် ကစားသမား တချို့ကိုလည်း ခေါ်ယူ အားဖြည့်ထားတာ တွေ့ရပါတယ်။ အားထားရတဲ့ တောင်ပံ ကစားသမား ဖိလစ် ကော့စတစ် ကတော့ အသင်းပြောင်းဖို့ သတင်းတွေ ထွက်နေပေမယ့် ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးလို့ မနက်ဖြန် ပွဲမှာ မြင်တွေ့ရဖို့ သေချာသလောက် ရှိပါတယ်။ ၃-၄-၂-၁ အခင်းအကျင်း ကိုပဲ အသုံးပြုဖို့ ရှိပြီး ကစားသမားသစ် အလာရီယိုနဲ့ ဂေါ့ဇီလည်း ၁၁ စာရင်းမှာ ပါဝင်လာဖွယ် ရှိပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဘေယန်မြူးနစ် ကတော့ လက်ရှိ အပြောင်းအရွှေ့မှာ အသင်းရဲ့ ဂိုးသွင်းစက် လီဝမ်ဒေါစကီးကို ဘာစီလိုနာ အသင်းထံ လက်လွှတ်ထားခဲ့ရပေမယ့် လစ်ဗာပူးလ်က ဆာဒီယို မာနေးကို ပြန်ခေါ်ထားပါတယ်။ ကြည့်ရသလောက် လီဝမ်ဒေါစကီး မရှိတော့ပေမယ့် ဘေယန် တိုက်စစ်က ဂိုးရဖို့ မခက်ခဲတာ တွေ့ရပါတယ်။ ရာသီ မစတင်ခင် ခြေစမ်းပွဲ ၂ ပွဲ ကစားခဲ့ရာမှာ ဒီစီယူနိုက်တက်ကို ၂-၆ နဲ့ အနိုင်ရပြီး မန်စီးတီး ကိုတော့ ၀-၁ နဲ့ ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် ပြည်တွင်း အဓိက ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ဂျာမန် စူပါဖလား ဗိုလ်လုပွဲ မှာတော့ ဘေယန်တို့ ပိုကယ် ချန်ပီယံ လိုက်ပ်ဇစ်ကို ၃-၅ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ယူပြီး စောစောစီးစီး ဆုဖလား တစ်လုံး သိမ်းထားပါတယ်။ ကစားသမားသစ် မာနေး အပါအဝင် တစ်သင်းလုံးက ဘွန်ဒက်စ်လီဂါ ချန်ပီယံဘွဲ့ကို ၁၁ နှစ် ဆက်တိုက် ထိန်းသိမ်းနိုင်ဖို့ စိတ်အား ထက်သန်နေတာကြောင့် ဘေယန်တို့ ရာသီ အဖွင့် ပွဲစဉ်ကတည်းက အပြည့်အဝ အာရုံစိုက်လာမယ့် သဘောရှိပါတယ်။

အခုလာမယ့် ပွဲကိုတော့ ကင်စလေ ကိုမန် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိသလို ဂိုရက်ဇ်ကာ၊ ချူပို မော့တင်း၊ ဘူနာ ဆား တို့လည်း ဒဏ်ရာ ပြသနာတွေကြောင့် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ နေဂဲလ်စ်မန်းရဲ့ အသင်းက ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာဖို့ ရှိပြီး မာနေး ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ မူလာ၊ ကင်မစ်ချ်၊ အူပါမီကာနို၊ နော်အာ တို့လို အဓိက ကစားသမားတွေနဲ့ပဲ အတောင့်တင်းဆုံး မြင်တွေ့ရဦးမှာပါ။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဘွန်ဒက်စ်လီဂါ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ဘေယန်မြူးနစ်က ၃ ကြိမ် နိုင်ပြီး ဖရန့်ဖတ်က ၂ ကြိမ် အနိုင်ရထားပါတယ်။
အဆင့် ၁၁ နေရာ ကနေ ရာသီသိမ်းခဲ့ပေမယ့် ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့လို့ ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့်ရခဲ့တဲ့ ဖရန့်ဖတ်

ဖရန့်ဖတ် – ထရက်ပ်၊ တိုရေး၊ တူတာ၊ အန်ဒီကာ၊ နော့ဖ်၊ ရိုဒီ၊ ဆိုးဝ်၊ ကော့စတစ်၊ လင်းစတောင ဂေါ့ဇီ၊ အလာရီယို

ဘေယန်မြူးနစ် – နော်အာ၊ ပါဗက်၊ အူပါမီကာနို၊ ဟာနန်ဒက်ဇ်၊ ဒေးဗီးစ်၊ ဆဘစ်ဇာ၊ ကင်မစ်ချ်၊ ဂနာဘရီ၊ မူလာ၊ မူဆီရာလာ၊ မာနေး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဘွန်ဒက်စ်လီဂါ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ဘေယန်မြူးနစ်က ၃ ကြိမ် နိုင်ပြီး ဖရန့်ဖတ်က ၂ ကြိမ် အနိုင်ရထားပါတယ်။ ဖရန့်ဖတ် အိမ်ကွင်းမှာ ကစားတဲ့ နောက်ဆုံး ၃ ပွဲ မှာတော့ ဘေယန်မြူးနစ်က ၁ ကြိမ်သာ အနိုင်ရပြီး ၂ ကြိမ် ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 ကြေးဖွင့်လှစ်မှု ကတော့ ဖရန့်ဖတ် အတွက် ၅.၆၀ ဆ၊ ဘေယန်မြူးနစ် အတွက် ၁.၄၅ ဆနဲ့ သရေ အတွက် ၅.၀၀ ဆ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီး စွန့်ခွာသွားခြင်းက ဘေယန်မြူးနစ် အတွက် သိသာတဲ့ သက်ရောက်မှု ရှိလာလိမ့်မယ် ထင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ ဘာမှ သိပ်ပြီး မထူးခြားသွားပါဘူး။ ပံ့ပိုးမှု အားကောင်းတဲ့ ကွင်းလယ်နဲ့ မြန်နှုန်းမြင့် တောင်ပံတွေ ရှိနေသေးသ၍ ဘေယန်မြူးနစ်တို့ ဂိုးသွင်းဖို့ မခက်ခဲနိုင်ပါဘူး။ လက်ရှိ ခြေစွမ်း၊ စုဖွဲ့မှုနဲ့ နောက်ဆုံး ကြေးဖွင့်လှစ်မှု အနေအထားအရ ဘေယန်မြူးနစ် ဘက်မှာ နေတာကပဲ စိတ်ချရပါလိမ့်မယ်။ နောက်ဆုံး တွေ့ဆုံမှု ၁၀ ကြိမ်မှာ နှစ်သင်းပေါင်း သွင်း ၃ ဂိုးအောက် ရောက်ခဲ့တဲ့ ပွဲ ၁ ပွဲပဲ ရှိပါတယ်။ အဲ့တော့ အပြည့်အဝ ပျော်ရွှင်ရဖို့ ဆိုရင်တော့ ထုံးစံ အတိုင်း ဧည့်သည် အသင်းနဲ့ ဂိုးပေါ် တွဲဗျင်းကြဖို့ တိုက်တွန်းချင်ပါတယ်။


ခန့်မှန်းရလဒ်

ဖရန့်ဖတ် ၁-၃ ဘေယန်မြူးနစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်