နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၁၃/၈/၂၀၂၂)

အဓိပ္ပယ်မရှိအောင် ဈေးကြီးနေတဲ့ အာသာ၊ အသင်းပြောင်းဖွယ် ရှိနေတဲ့ ပီနို စတဲ့ သတင်းတွေ အပါအဝင် လာလီဂါ နောက်ဆုံးရ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားပါမယ်။


မယ်လိုဟာ အဓိပ္ပာယ် မရှိလောက်အောင် စျေးကြီးတယ်လို့ ဆိုလာတဲ့ ဂတ်တူဆို

ဗလင်စီယာ နည်းပြ ဂန်နာရို ဂတ်တူဆိုက သူတို့ အနေနဲ့ ဂျူဗင်တပ်စ် ကွင်းလယ်လူ အာသာ မယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားလွန်းနေလို့ လက်လျှော့လိုက်ရပြီ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် ဂျူဗင်တပ်စ် ကွင်းလယ်လူကို ခေါ်ယူဖို့ လာလီဂါ ကလပ် ဘက်က အစောပိုင်းမှာ ကတည်းက အလေးအနက်ထား စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ ရှိပြီးသား ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်နေခဲ့တာကြောင့် အပြောင်းအရွှေ့ အထမမြောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဂတ်တူဆိုက “ကျွန်တော့် အနေနဲ့ အာသာ မယ်လိုကို ခေါ်ယူချင်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို သေချာပေါက် သဘောကျတာပေါ့။ ဒါပေမယ့် ကျနော်တို့ သူ့ကို မခေါ်ယူနိုင်ပါဘူး။ ပြောင်းရွှေ့ကြေးက တအား မြင့်လွန်းပါတယ်” “ဒီအကြောင်းကို ဆွေးနွေးဖို့တောင် အဓိပ္ပာယ် မရှိတဲ့ အထိ စျေးကြီးလွန်းနေတာပါ။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ အာသာ မယ်လိုကို မခေါ်နိုင်ခဲ့တာပေါ့” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


ပီနို အသင်းပြောင်းရွှေ့ဖွယ် ရှိတယ်လို့ ဖွင့်ဟခဲ့တဲ့ အမ်မေရီ

အာဆင်နယ်က ပစ်မှတ်ထားနေတဲ့ လူငယ် ကြယ်ပွင့် ရာယီမီ ပီနိုဟာ အသင်း ကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိကြောင်း လာလီဂါ ကလပ် ဗီလာရီးရဲယ် နည်းပြ အူနိုင်း အမ်မေရီက ပြောကြားလိုက်ပါတယ်။

အာဆင်နယ် နည်းပြဟောင်း အမ်မေရီက “ပင်နိုလို ကစားသမားမျိုး အတွက် ကမ်းလှမ်းမှု ရောက်လာရင် သူက အသင်း ကနေ ထွက်ခွာမှာပါ” လို့ အမ်မရီက ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒါ့အပြင် ပီနို အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အသင်းဘက်က ထိန်းချုပ်နိုင်ခြင်း မရှိဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါသေးတယ်။

လက်ရှိမှာ အသက် ၁၉ နှစ် အရွယ် စပိန် ကြယ်ပွင့်ကို အာဆင်နယ်က ယူရို သန်း ၄၀ နဲ့ စတင် ကမ်းလှမ်းထားပြီး ဗီလာရီးရဲဘက်က လက်ခံသွားဖွယ်ရှိနေတယ်လို့ စပိန် နာမည်ကြီး သတင်းစာ AS က ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း လက်စတာစီးတီး ကွင်းလယ်လူ ယူရီ တေးလီမန့်စ်ကို အာဆင်နယ်က ခေါ်ယူဖို့ ရှိနေတယ် ဆိုပြီး သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့ပေမယ့် လက်ရှိ အချိန်ထိ တရားဝင် ကမ်းလှမ်းခြင်း မရှိသေးတာကြောင့် ကစားဘက်က စိတ်မရှည် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ တေးလီမန့်စ်ဟာ အရင် ကတည်းက အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိခဲ့ပေမယ့် လက်ရှိမှာ ယူနိုက်တက် ကလည်း စိတ်ဝင်စားနေတာကြောင့် ဘယ်အသင်းနဲ့ အပြောင်းအရွှေ့ ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


မိုရာတာရဲ့ အပြောင်းအရွှေ့ အတွက် စတင် ဆွေးနွေးနေတဲ့ တီကိုနဲ့ ယူနိုက်တက်

စပိန် တိုက်စစ်မှူး အဲလ်ဗားရိုး မိုရာတာကို ခေါ်ယူဖို့ အတွက် မန်ချက်စတာယူနိုက်တက်နဲ့ အက်တလက်တီကိုမက်ဒရစ်တို့ စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း နာမည်ကြီး သတင်းစာ The Athletic က ဖော်ပြလာပါတယ်။

သတင်းတွေ အရ ဆိုရင် လာလီဂါ ကလပ် ဘက်က ပေါင်သန်း ၃၀ လောက် ရရင်ကို သူတို့ အသင်းရဲ့ တိုက်စစ်မှူးကို ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ် အရွယ် စပိန် လက်ရွေးစင်ကို အငှားနဲ့ ခေါ်ယူမယ် ဆိုရင်လည်း တီကို ဘက်က လက်ခံသွားဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

မိုရာတာဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ဂျူဗင်တပ်စ်ကို အငှားနဲ့ သွားကစားခဲ့ရပြီး စီးရီးအေ ကလပ် အတွက် ပြိုင်ပွဲစုံ ၉၂ ပွဲ ကစားပြီး ၃၂ ဂိုး သွင်းယူထားခဲ့ပါတယ်။ တန်ဟက်ဂ်ရဲ့ အသင်းမှာ လက်တလော ခရစ္စတီယာနို ရော်နယ်ဒို အပြင် ရက်ရှ်ဖို့ဒ် ကလည်း အနာဂတ် မသေချာဖြစ်နေတာကြောင့် ရေရှည်အတွက် တိုက်စစ်မှူး တစ်ဦး ထပ်မံ ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်