နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၁၄/၈/၂၀၂၂)

ဩဂုတ်လ ၁၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမား ကောင်းတွေ ဝယ်ထားပြီး ဗလက်ကာနို ကိုတောင် မနိုင်တဲ့ ဘာစီလိုနာ

လာလီဂါ ပွဲစဉ် ၁ အဖြစ် နူးကမ့်မှာ ကစားခဲ့တဲ့ ပွဲမှာတော့ ဘာစီလိုနာတို့ ဗယ်လက်ကာနိုကို ဂိုးမသွင်းနိုင်ခဲ့ပဲ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ကစားသမားသစ်တွေကို အချိန်မီ မှတ်ပုံတင်နိုင်ခဲ့ပြီး ဒီပွဲမှာ ထည့်သွင်း ကစားခဲ့ပေမယ့် ဘာကာတို့ ၁ ဂိုးမှတောင် မရခဲ့ဘဲ အိမ်ကွင်းမှာ ၁ မှတ်ပဲ ရကာ ကျေနပ်ခဲ့ရပြီး နည်းပြ ဇာဗီ အတွက်တော့ ဒီပွဲရလဒ်က အရေးနိမ့်သလိုကို ဖြစ်ခဲ့ရပါတယ်။

ကစားသမားတွေ ဖြစ်တဲ့ ရောဘတ် လီဝမ်ဒေါစကီး၊ ခရစ္စတီယန်ဆန်၊ ရာဖင်ဟာတို့ ပါဝင်လာခဲ့ပြီး ဒုတိယပိုင်းမှာ ကက်ဆီလည်း ဝင်ကစားခဲ့ပါတယ်။ ဘာကာတို့ ဂိုးကန်သွင်းခွင့် ၂၀ ကြိမ် အထိ ရရှိခဲ့ပေမယ့် ဂိုးပေါက် ၆ ကြိမ်သာ တည့်ခဲ့ကာ ဂိုးဝင်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့လို့ စိတ်ပျက်ဖွယ် ရလဒ်ကို ရင်ဆိုင်ခဲ့ရပြီး ဒီထက် ပိုကောင်းလာအောင် အားထုတ်ဖို့ လိုအပ်သေးတယ် ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

ရောဘတ် လီဝမ်ဒေါစကီးက ပွဲအစအဆုံး ကစားခဲ့သလို ဒုတိယပိုင်းမှာ အော်ဘာမီယန်းလည်း ဝင်လာခဲ့ပေမယ့် ဘာကာတို့ ဂိုးပေါက်ပျောက်ခဲ့တာပါ။ ဗယ်လက်ကာနို ကတော့ ဘာစီလိုနာကို ဒုက္ခပေးနေကျ အတိုင်း အကောင်းဆုံး တုံ့ပြန်သွားခဲ့ပြီး အဝေးကွင်း ကနေ အဖိုးတန် သရေ ၁ မှတ်ကို အိမ်အပြန် ယူဆောင်သွားနိုင်ခဲ့ပြီး အဖွင့်လှခဲ့တယ်လို့ ဆိုရပါမယ်။


ရီးရဲလ်မက်ဒရစ်ဟာ သူ့အတွက် နောက်ဆုံး အသင်းပဲလို့ အတည်ပြုခဲ့တဲ့ အန်ဆယ်လော့တီ

အီတလီ လူမျိုး နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ ရီးရဲလ်မက်ဒရစ်ဟာ သူကိုင်တွယ်မယ့် နောက်ဆုံး အသင်း ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဥရောပ စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အန်ဆယ်လော့တီက သူ အနားယူမယ့် အကြောင်းကို အတည်ပြုခဲ့တာ ဖြစ်ပြီး မက်ဒရစ် ကလပ်နဲ့ လမ်းခွဲပြီးရင် နည်းပြ ဘ၀ ကနေ အနားယူတော့မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ဥရောပ ထိပ်တန်းလိဂ် ၅ ခု စလုံးမှာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော နည်းပြ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ကလည်း ရီးရဲလ်ကို ချန်ပီယံလိဂ်၊ လာလီဂါမှာ ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဥရောပ ထိပ်တန်းလိဂ် ၅ ခုစလုံးမှာ အမှတ်ပေးချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့တဲ့ အန်ဆယ်လော့တီ

အသက် ၆၀ ကျော် အရွယ် အန်ဆယ်လော့တီဟာ နည်းပြဘ၀မှာ ကလပ် အများအပြားကို တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ ဥရောပ ထိပ်တန်းလိဂ် ၅ ခု စလုံးမှာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော နည်းပြ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ကလည်း ရီးရဲလ်ကို ချန်ပီယံလိဂ်၊ လာလီဂါမှာ ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အန်ဆယ်လော့တီက “ ရီးရဲလ်မက်ဒရစ် ပြီးရင် ကျနော် အနားယူတော့မှာပါ၊ ကမ္ဘာ့အကောင်းဆုံး ကလပ်နဲ့အတူ အဆုံးသတ်နိုင်မှာက တကယ်ကို ကောင်းမွန်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ခန့် ကျန်ရှိနေပြီး လာမယ့် ၃ နှစ်အတွင်း မှာတော့ အနားယူဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။


စိတ်ရှည်ပေးဖို့ အတွက် ဘာစီလိုနာ နည်းပြ ဇာဗီ တောင်းဆို

ရေယို ဗယ်လက်ကာနိုကို အိမ်ကွင်းမှာ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပြီးနောက် ဘာစိလိုနာ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က အသင်းကို စိတ်ရှည်ပေးဖို့ ပြောဆိုလိုက်ပါတယ်။ လာလီဂါ ဘောလုံးရာသီ အဖွင့်ပွဲမှာ စိတ်ပျက်ဖွယ် ရလဒ်သာ ထွက်ပေါ်ခဲ့လို့ ပရိသတ်တွေ မကျေမနပ် ဖြစ်မှာကို သိထားခဲ့တဲ့ ဇာဗီက သူ့အသင်း အပေါ် စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံလိုက်တာလည်း ဖြစ်ပါတယ်။

“ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်၊ ဗလက်ကာနို ခံစစ်က အရမ်းကောင်းခဲ့ပြီး ဂိုးသမား ကလည်း အဆင့်မြင့်တဲ့ နေရာ တစ်ခုမှာ ရှိနေခဲ့တယ်၊ ကျွန်တော်တို့ အတွက် အဲဒါက ခက်ခဲခဲ့ပါတယ်၊ ဒါပေမယ့် အနည်းဆုံး တစ်ဂိုးလောက်တော့ ရနိုင်မယ့် အခွင့်အရေး ရှိခဲ့ပါတယ်၊ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဆိုတာ ပရိသတ်တွေကို ပြသချင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး၊ သူတို့ ပေးခဲ့တဲ့ စိတ်အား ထက်သန်မှုကို ကျွန်တော်တို့ ပြန်ပေးချင်ခဲ့တာပါ”

“ စိတ်ရှည်ပေးပါလို့ ပြောချင်ပါတယ်၊ အချိန်လိုပါတယ်၊ ဒီပွဲ ပုံစံက အောင်မြင်မှု အတွက် မှန်ကန်တဲ့ ပုံစံဖြစ်လို့ ကျွန်တော်တို့ ဆက်ပြီးတော့ ယုံကြည်ရပါမယ်၊ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းနဲ့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ” လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ သရေကျခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်