နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန် အတွက် ပါဝင် ကစားပေးနိုင်ပြီ ဖြစ်တဲ့ ဟော်လာ၊ တနေ့မှာ စပိန်ကို ပြန်ချင်တယ် ဆိုတဲ့ ဒန်နီ အော်လမို (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒေါ့မန် အတွက် ပါဝင် ကစားပေးနိုင်ပြီ ဖြစ်တဲ့ ဟော်လာ၊ တနေ့မှာ စပိန်ကို ပြန်ချင်တယ် ဆိုတဲ့ အော်လမို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၂ ရက်နေ့ ညရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒေါ့မန် အတွက် လူစားဝင် ကစားနိုင်ပြီ ဖြစ်တဲ့ ဟော်လာ

ဝှေးစေ့ ကင်ဆာ ရောဂါ ခံစားခဲ့ရတဲ့ ဒေါ့မန် တိုက်စစ်မှူး ဆီဘက်စတီယန် ဟော်လာဟာ ဒက်ဆဲလ်ဒေါ့ဖ်နဲ့ ခြေစမ်းပွဲမှာ လူစားဝင် ကစားသမား အဖြစ် ပါဝင်ကစားနိုင်ခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ တိုက်စစ်မှူးဟာ ဒေါ့မန် အတွက် ဒုတိယပိုင်း ရောက်မှ လူစားဝင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ ဟော်လာရဲ့ ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ပထမဆုံး ပါဝင် ကစားပေးနိုင်တဲ့ ပွဲလို့လည်း ပြောလို့ ရပါတယ်။ 

ဟော်လာဟာ ပြီးခဲ့တဲ့ နွေရာသီက အေဂျက်စ် ကနေ ဒေါ့မန်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ရာသီကြို ကာလမှာ ကင်ဆာရောဂါ ခံစားခဲ့ရတာကြောင့် ဆေးရုံတက် ကုသမှုတွေ ခံယူခဲ့ရပြီး အခုချိန်မှာ မြက်ခင်းစိမ်းတွေ ပေါ်ကို ပြန်လည် ရောက်ရှိလာခဲ့တာပါ။ 


လေဗာကူဆင် နောက်ခံလူကို စိတ်ဝင်စားမှုတွေ ရှိနေကြောင်း ကစားသမားရဲ့ အေးဂျင့် အတည်ပြု

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် နောက်ခံလူ ပီယာရို ဟင်ကာပီ အတွက် ဥရောပ အသင်းကြီး အချို့က စိတ်ဝင်စားနေကြောင်း အေးဂျင့် မီဂွယ်လ် ရေမွန်က ဆိုပါတယ်။ 

ပရီးမီးယား လိဂ်
ဖူလ်ဟမ်
ချဲလ်ဆီး
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 2.25 @ 1.85
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ ကစားသမား ကိုတော့ စီးရီးအေ ထိပ်သီး အင်တာမီလန်၊ ပရီးမီးယားလိဂ် မြောက်လန်ဒန် ပြိုင်ဘက်တွေ ဖြစ်တဲ့ စပါးနဲ့ အာဆင်နယ် တို့က ချိတ်ဆက်လျက် ရှိပါတယ်။ ရေမွန်က အင်တာမီလန်ဟာ ကစားသမားရဲ့ လမ်းကြောင်း အတွက် ကိုက်ညီပြီး ကစားသမား ဘက်ကလည်း အဆိုပါ အသင်းကို စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ 

ဆက်လက် ပြီးတော့လည်း လက်ရှိအချိန်မှာ အတည်တကျ ဆွေးနွေးမှုတွေ၊ တရားဝင် ကမ်းလှမ်းမှုတွေ မရှိသေးကြောင်း၊ လေဗာကူဆင်လို ထိပ်တန်း အသင်းမျိုးမှာ ဟင်ကာပီ ကစားနေပေမယ့် သူ့ရဲ့ အဆင့်အတန်းကို ထပ်မံ မြှင့်တင်ဖို့ ပစ်မှတ်ထားနေကြောင်း ရေမွန်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ 


တစ်နေ့မှာ စပိန်ကို ပြန်လိုတယ်လို့ ရင်ဖွင့်လာတဲ့ လိုက်ပ်ဇစ် ကြယ်ပွင့် 

လိုက်ပ်ဇစ် အသင်းရဲ့ တိုက်စစ် ကြယ်ပွင့် ဒန်နီ အော်လမို တစ်နေ့နေ့မှာ စပိန်မြေမှာ ပြန်လည် အခြေချ ကစားလိုကြောင်း အတိအလင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ 

အသက် (၂၄) နှစ် အရွယ် အဆိုပါ စပိန်လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဘွန်ဒက်စ်လီဂါကို ရောက်ရှိလာခဲ့ပြီး အသင်း အတွက် (၁၀၆) ပွဲ ကစားကာ (၁၉) ဂိုး သွင်းယူပေးထားပါတယ်။ 

 ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ ဘက်က အစဥ်တစိုက် စိတ်ဝင်စားခဲ့ပြီး အော်လမို ကလည်း လက်ရှိ အချိန်မှာ အနာဂတ် အတွက် မစဥ်းစားသေးသည့် တိုင်အောင် တစ်နေ့နေ့မှာ စပိန်မြေကို ပြန်လည် အခြေချလိုကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်