နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွာနေတဲ့ လေဗာကူဆင်ကို ရပ်တန့်ပေးလိုက်တဲ့ ဒေါ့မန်၊ သော်ဂန် ဟာဇက်ကို ခေါ်ယူချင်နေတဲ့ ပီအက်စ်ဗွီ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ခြေစွာနေတဲ့ လေဗာကူဆင်ကို ရပ်တန့်ပေးလိုက်တဲ့ ဒေါ့မန်၊ သော်ဂန် ဟာဇက်ကို ခေါ်ယူချင်နေတဲ့ ပီအက်စ်ဗွီ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃၀ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ထပ်မံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ခြေစွာနေတဲ့ လေဗာကူဆင်ကို ရပ်တန့်ပေးလိုက်တဲ့ ဒေါ့မန်

ဘိုရပ်ရှား ဒေါ့မန် အသင်း ကတော့ မနေ့ညက ကစားတဲ့ ဘွန်ဒက်လီဂါ ပွဲမှာ ခြေစွာနေတဲ့ လေဗာကူဆင်ကို ရပ်တန့်ပေးလိုက်ပါတယ်။ နည်းပြ ဇာဘီ အလွန်ဆို လက်အောက်မှာ တော်တော်လေး ခြေစွမ်းပြနေပြီး နိုင်ပွဲတွေ ဆက်တိုက် ရနေတဲ့ လေဗာကူဆင်ဟာ အိမ်ကွင်းမှာပဲ ဒေါ့မန်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး နိုင်ပွဲ ဆက်နေမှုတွေ ရပ်တန့်သွားခဲ့ရပါတယ်။

ဒေါ့မန် အတွက် အနိုင်ဂိုးတွေ ကိုတော့ လူငယ်ကစားသမား အဒီရီမီနဲ့ လေဗာကူဆင် ကစားသမားက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာပါ။ အင်္ဂလန် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်က အသင်းခေါင်းဆောင် အဖြစ်နဲ့ ပွဲထွက်လာခဲ့ပြီး ဒေါ့မန် ကွင်းလယ်နဲ့ တိုက်စစ်ကို ဦးဆောင် ကစားပေးခဲ့ပြီး အဝေးကွင်းမှာ အဖိုးတန် နိုင်ပွဲ ရရှိစေခဲ့သလို အမှတ်ပေးဇယားထိပ်ဆုံးက ဘေယန်မြူးနစ်နဲ့ ၃ မှတ် အကွာကို ရောက်ရှိလာခဲ့ပါတယ်။

လေဗာကူဆင် ဘက်က တောင်ပံ ကစားသမား မူဆာ ဒီယာဘီ ခြေစွမ်းပြခဲ့ပေမယ့် အဆုံးသတ် အပိုင်းမှာ အားနည်းခဲ့လို့ ချေဂိုးတွေ မရခဲ့တာပါ။ ဒေါ့မန် ကတော့ အမှတ်ပေးဖလား ကိုပါ မျှော်လင့်နိုင်တဲ့ အနေအထားကို ရောက်ရှိလာခဲ့တာကြောင့် တကယ်ကို ကျေနပ်စရာပါပဲ။ ဒီပွဲမှာ ဝါရင့်ကစားသမားတွေ ဖြစ်တဲ့ မတ် ဟမ်းမဲလ်နဲ့ မာကို ရိုက်စ် တို့ကို ဒုတိယပိုင်း ပြီးခါနီးမှလည်း ထည့်သွင်းကစားခဲ့တာပါ။

ဘန်ဒက် လီဂါ
ဒေါ့မွန်
SC ဖရိုင်းဘတ်
1X2 ဒေါ့မွန် @ 1.67
ဂိုးပေါ် 2.75 @ 1.91
ပထမပိုင်း ဂိုးအောက် 2-3 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

သော်ဂန် ဟာဇက်ကို ခေါ်ယူချင်နေတဲ့ ပီအက်စ်ဗွီ

နယ်သာလန် ထိပ်သီး ပီအက်စ်ဗွီ အင်ဟိုဗင် ဟာ ကိုဒီ ဂက်ခ်ပိုနဲ့ နိုနီ မာဒူအဲကီ တို့ကို လက်လွှတ်ခဲ့ရတဲ့နောက် မှာတော့ ဒေါ့မန် တောင်ပံ ကစားသမား သော်ဂန် ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒေါ့မန် ကနေ အငှားနဲ့ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတာ ဖြစ်ပြီး ခြေစွမ်းပြနိုင်မယ် ဆိုရင် အပြီးသတ် ခေါ်ယူသွားဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အသက် ၂၉ နှစ် အရွယ် သော်ဂန်ဟာဇက်ဟာ အီဒင် ဟာဇက်ရဲ့ ညီဖြစ်ပြီး ဒေါ့မန်မှာ ခြေစွမ်းပြ ကစားပေးနေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ သူက ပုံမှန် ခြေစွမ်းအောက် ရောက်ရှိနေပြီး ၂၁ ပွဲ ကစားပြီးချိန်မှာ ၁ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ PSV ဟာ ဟာဇက် အပြင် ယူနိုက်တက်က အီလန်ဂါ၊ ဆီဗီလာက အက်ဒ်နန် ဂျာနူဇက်ဂျ် တို့ကိုလည်း စောင့်ကြည့်နေပါတယ်။

PSV နည်းပြကြီး ရုဒ်ဗန် နစ္စတယ်ရွိုင်းက အသင်း တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေပြီး ဝါရင့် တိုက်စစ်မှူး လုခ် ဒီဂျောင်နဲ့ လူငယ် ကြယ်ပွင့် ဇာဗီ ဆိုင်မွန် တို့ကိုသာ အားကိုးနေရတာကို လျှော့ချနိုင်ဖို့ ရည်မှန်းထားတာပါ။ PSV ကတော့ ဟော်လန်လိဂ်မှာ အဆင့် ၃ နေရာ ရောက်နေပြီး ထိပ်ဆုံးက ဖီယင်နော့ဒ် အသင်းနဲ့ ၄ မှတ် ပြတ်တောက်နေပါတယ်။


အသင်း တိုက်စစ်ပိုင်းကို စိတ်တိုင်းမကျ ဖြစ်နေတဲ့ ဘေယန်မြူးနစ်

ဘေယန်ဟာ ဘွန်ဒက်လီဂါမှာ ၃ ပွဲ ဆက်တိုက် သရေကျခဲ့ပြီး ရမှတ်တွေ လျော့နည်းခဲ့ကာ သူတို့ နောက်က အသင်းတွေကို အခွင့်အရေး ကြီးကြီးမားမား ပေးခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆုကို ကာကွယ်ရေး အခက်အခဲ ရှိလာတဲ့ ဘေယန်မြူးနစ်


ဘေယန်မြူးနစ် အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမား သောမတ်စ် မူလာ ကတော့ ရလဒ်တွေ ဆက်တိုက် ကျဆင်းနေတာက အသင်းရဲ့ တိုက်စစ်ပိုင်းက စွမ်းဆောင်ရည် အားနည်းတာကြောင့်လို့ ယုံကြည်နေပါတယ်။ ဘေယန်ဟာ ဘွန်ဒက်လီဂါမှာ ၃ ပွဲ ဆက်တိုက် သရေကျခဲ့ပြီး ရမှတ်တွေ လျော့နည်းခဲ့ကာ သူတို့ နောက်က အသင်းတွေကို အခွင့်အရေး ကြီးကြီးမားမား ပေးခဲ့ပါတယ်။

မူလာက “ တိုက်စစ်ပိုင်းက ဖန်တီးနိုင်မယ့် အတွေးအခေါ်မျိုး အားနည်းနေပါတယ်၊ ဒုတိယပိုင်းမှာ ဆိုရင် ကျနာ်တို့ ဘယ်လို အန္တရာယ်ရှိတဲ့ အနေအထားမျိုး ကိုမှ မလုပ်နိုင်ခဲ့ဘူး၊ ၃ ပွဲတောင်မှ သရေကျခဲ့လို့ မပျော်မရွှင် ဖြစ်ရပါတယ်” လို့ ဖရန့်ဖတ်နဲ့ သရေကျတဲ့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

ဘေယန်ဟာ ချန်ပီယံလိဂ် မှာလည်း ပီအက်စ်ဂျီ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လက်ရှိ အနေအထားက စိုးရိမ်ဖွယ်ရာ ကောင်းနေပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲမှာ ရလဒ်ကောင်း ရရှိဖို့ လိုအပ်နေပြီး နည်းပြ နေဂဲလ်စ်မန်းနဲ့ သူ့အသင်းသားတွေ အားလုံး ဖိအားတွေ ဝင်နေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်