ယူနိုက်တက် အနေနဲ့ အိုဆင်ဟန်ရဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ နာပိုလီ၊ ဂါလာတာစာရေးကို ပြောင်းရွှေ့သွားခဲ့တဲ့ ရိုးမား ကြယ်ပွင့် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၈ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက် အနေနဲ့ အိုဆင်ဟန်ရဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ နာပိုလီ
ယူနိုက်တက်ဟာ အဆိုပါ တိုက်စစ်မှူးကို လာမယ့် နွေရာသီမှာ အသင်းရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်လာဖွယ် ရှိပြီး စီးရီးအေ ကလပ် ဘက်ကတော့ ပြောင်းရွှေ့ကြေး ပေါင် (၁၀၇) သန်း သတ်မှတ်ထားပါတယ်။
အိုဆင်ဟန်ဟာ ဒီရာသီမှာ နာပိုလီ အတွက် အထူး ခြေစွမ်းပြနေပြီး အသင်း အတွက် စီးရီးအေ သွင်းဂိုး (၁၆) ဂိုး သွင်းယူကာ လိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။
မက်ဆီကို ခေါ်ယူဖို့ ဆွေးနွေးခဲ့ဖူးကြောင်း ဇနက်တီ ဝန်ခံ




မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) မှာ နူးကမ့်ပ် ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ဒီအရာက သူ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ကြောင်းလည်း ဇနက်တီက ဝန်ခံပါတယ်။
ဂါလာတာစာရေးကို ပြောင်းရွှေ့သွားခဲ့တဲ့ ရိုးမား ကြယ်ပွင့်
တူရကီ ထိပ်သီး ဂါလာတာစာရေးဟာ စီးရီးအေ ကလပ် ရိုးမားရဲ့ ကွင်းလယ် ကြယ်ပွင့် နီကိုလို ဇာနီယိုလိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
ဂါလာတာစာရေးဟာ ဇာနီယိုလိုကို အပိုဆုကြေး အပါအဝင် ယူရိုသန်း (၂၀) နီးပါးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ယူရို (၃၅) သန်းတန် စာချုပ် ဖျက်သိမ်းကြေးလည်း ပါဝင်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.