နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟယ်ရီကိန်း ရွေးချယ်စရာက ယူနိုက်တက် တစ်သင်းတည်း ရှိတယ် ဆိုတဲ့ နဗီးလ်၊ ဂရင်း၀ုဒ်ကို အငှားနဲ့ ကမ်းလှမ်းနေကြတဲ့ တူရကီ ကလပ်များ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဟယ်ရီကိန်း ရွေးချယ်စရာက ယူနိုက်တက် တစ်သင်းတည်း ရှိတယ် ဆိုတဲ့ နဗီးလ်၊ ဂရင်း၀ုဒ်ကို အငှားနဲ့ ကမ်းလှမ်းနေကြတဲ့ တူရကီ ကလပ်များ စတဲ့ သတင်းတွေ အပါအဝင် မတ် ၃ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟယ်ရီကိန်း ရွေးချယ်စရာက ယူနိုက်တက် တစ်သင်းတည်း ရှိတယ် ဆိုတဲ့ နဗီးလ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ဆုဖလားတွေ ရယူချင်တယ် ဆိုရင် လာမယ့် နွေရာသီမှာ အသင်း ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီလိုပြောင်းရွှေ့ရာ မှာလည်း ကိန်း အတွက် တခုတည်းသော ရွေးချယ်စရာက မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းသာ ရှိတယ်လို့လည်း သူက ဆိုခဲ့ပါတယ်။ 

“ ဟယ်ရီကိန်းက ဆုဖလားတွေ ရယူချင်လိမ့်မယ်လို့ ကျနော် ထင်တယ်၊ ဟယ်ရီက ထွက်ခွာမယ် ဆိုရင် လက်ရှိအချိန်ပဲ ဖြစ်မယ်လို့ ကျနော် ကတော့ ထင်တယ်၊ သူက အံ့အားသင့်စရာ ကစားသမားပါ၊ ပရော်ဖက်ရှင်နယ်ကောင်း တစ်ဦးလည်း ဖြစ်ပြီး သူ အခု ထွက်ခွာမယ် ဆိုရင် ဖြစ်နိုင်ချေ အရှိဆုံး ကတော့ မန်ချက်စတာ ပါပဲ၊ ယူနိုက်တက် ဒါမှမဟုတ် စီးတီးပေါ့၊ သူ့မှာ အခွင့်အရေး ရှိတယ်လို့ ကျနော် ထင်တယ်”

“ မန်စီးတီးမှာ ဟာလန်း ရှိနေလို့ သူ မသွားနိုင်ပါဘူး ဒါပေမယ့် ယူနိုက်တက်က ဗဟို တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ လုပ်နေပါတယ်၊ ကျနော့်ကို စပါး ပရိသတ်တွေ ဒေါသထွက်ပါလိမ့်မယ်၊ သူတို့ ကစားသမားကို ရုပ်သံက တဆင့် ယူနိုက်တက်ဆီ ရောက်အောင် လုပ်နေတယ် ဆိုပြီးတော့ပေါ့၊ ဒါပေမယ့် အခုကတော့ သူ့ အတွက် ယူနိုက်တက် တစ်သင်းတည်းသာ ရွေးချယ်စရာ ရှိတာပါ၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးလို မြို့ခံ ပြိုင်ဘက်တွေဆီ သူ သွားမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ 


ဂရင်း၀ုဒ်ကို အငှားနဲ့ ကမ်းလှမ်းနေကြတဲ့ တူရကီ ကလပ်များ

ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ် ကတော့ အသင်းတွင်း စုံစမ်းမှုတွေ လုပ်ဆောင်ပြီးမှသာ ဂရင်း၀ုဒ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်သွားမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။
အမှုအခင်းကြောင့် ကာလရှည် နားနေရတဲ့ မေဆန် ဂရင်းဝုဒ်

မန်ချက်စတာယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး မေဆန် ဂရင်း၀ုဒ် အတွက် တူရကီ ကလပ်တွေ ဆီက အငှားနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားပါတယ်။ အသက် ၂၁ နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူးဟာ အတူနေ ချစ်သူနဲ့ အတူ မုဒိမ်းမှု၊ အိမ်တွင်း အကြမ်းဖက်မှု ပြသနာတွေ ဖြစ်ပွားခဲ့ပြီးနောက် ဘောလုံး မကစားရတော့တာ ဖြစ်ပြီး လက်ရှိမှာ အမှုအခင်း အားလုံး ပြီးပြတ်သွားလို့ ဘောလုံး ပြန်ကစားဖို့ တာစူနေသူ ဖြစ်ပါတယ်။ 

ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ် ကတော့ အသင်းတွင်း စုံစမ်းမှုတွေ လုပ်ဆောင်ပြီးမှသာ ဂရင်း၀ုဒ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်သွားမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။ လက်ရှိ မှာတော့ ဂရင်း၀ုဒ်က အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ စောင့်ဆိုင်းနေရပြီး ဒီအချိန်မှာပဲ တူရကီ ကလပ်တွေက သူ့ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားလာကြတာပါ။ 

တူရကီ မှာတော့ ကစားသမား အပြောင်းအရွှေ့ကို မတ်လ ၅ ရက်နေ့ အထိ ဘောလုံး အဖွဲ့ချုပ်က ခွင့်ပြုထားတာ ဖြစ်ပြီး လာမယ့် ၂ရက်တာ ကာလ အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေ၊ ရောင်းချမှုတွေကို ပြုလုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုတွေကို ယူနိုက်တက် ဘက်က ဘယ်လို တုံ့ပြန်ထားလဲ မသိရသေးဘဲ အင်္ဂလန် မီဒီယာတွေ ကတော့ ယူနိုက်တက်က ငြင်းဆန်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။ 


မန်စီးတီး တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ရဲ့ အဆင့် သတ်မှတ်ချက် အပေါ် ဝေဖန်လိုက်တဲ့ ဆေးလ်ဗား

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ (Draw) @ 4.50
ဂိုးပေါ် 3.00 @ 2.14
ဂိုးပေါင်း 2-3 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီး ဝါရင့်နောက်ခံလူ သီယေဂို ဆေးလ်ဗားက မန်ချက်စတာစီးတီး တိုက်စစ်မှူး ယူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ အဆင့် သတ်မှတ်ချက်ဟာ အံ့အားသင့်ဖွယ် မြင့်မားခဲ့ပြီးနောက် ဖီဖာရဲ့ အကောင်းဆုံးဆုက ဟာသပဲလို့ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့ The Best ဆုပေးပွဲမှာ ထိပ်ဆုံး ၃ ဦး နေရာ အတွက် အငြင်းမပွားခဲ့ပေမယ့် ကျန်နေရာတွေ အတွက် အငြင်းပွားခဲ့ရပါတယ်။ 

လူကာ မိုဒရစ်၊ အာလင်း ဟာလန်းနဲ့ ဆာဒီယို မာနေး တို့က အဆင့် ၄၊ ၅၊ ၆ နေရာတွေမှာ ရပ်တည်နိုင်ခဲ့ပေမယ့် အယ်လ်ဗာရက်ဇ် ကတော့ အဆင့် ၇ မှာ ရှိနေခဲ့တာပါ။ မန်စီးတီးမှာ ပုံမှန် ကစားခွင့်မရတဲ့ အယ်လ်ဗာရက်ဇ်ကို ဒီလို သတ်မှတ်ပေးတဲ့ အပေါ် အားလုံးက အံ့အားသင့်ခဲ့ရပြီး ကမ္ဘာ့ဖလားမှာ ၄ ဂိုးသွင်းယူကာ အသင်းနဲ့ အတူ ချန်ပီယံဖြစ်ခဲ့တာ တစ်ခုတည်းနဲ့ ဒီလို သတ်မှတ်ပေးလို့ ရလား ဆိုတဲ့ မေးခွန်းတွေ ထွက်လာခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ စုစုပေါင်း ၁၇ မဲ အထိ ရရှိခဲ့ပြီး နေမာ၊ ကီဗင် ဒီဘရိုင်းနား၊ ဗင်နီစီးယပ်စ် ဂျူနီယာ၊ လီဝမ်ဒေါစကီးနဲ့ မိုဟာမက် ဆာလာ တို့ရဲ့ ရှေ့မှာတောင် ရှိနေခဲ့ပါတယ်။ ချဲလ်ဆီး နောက်ခံလူ သီယာဂို ဆေးလ်ဗား ကတော့ ဖီဖာရဲ့ ဒီလို သတ်မှတ်ချက် အပေါ်မှာ သူ့ရဲ့ အင်စတာဂရမ်မှာ “ အဲဒီမှာ ဟာသ ပြက်လုံးတွေ ရှိနေတယ်” လို့ ရေးသား ပြောဆို ဝေဖန်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်