နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒိုင်ကူဖို့ လာဘ်ထိုးမှုနဲ့ တရားစွဲခံလိုက်ရပြီ ဖြစ်တဲ့ ဘာစီလိုနာ၊ ဘူးစကွက်စ်ကို လစာလျှော့ပေးပြီး စာချုပ်သစ် ချုပ်ချင်နေတဲ့ ဘာဆာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဒိုင်ကူဖို့ လာဘ်ထိုးမှုနဲ့ တရားစွဲခံလိုက်ရပြီ ဖြစ်တဲ့ ဘာစီလိုနာ၊ ဘူးစကွက်စ်ကို လစာလျှော့ပေးပြီး စာချုပ်သစ် ချုပ်ချင်နေတဲ့ ဘာဆာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၁ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒိုင်ကူဖို့ လာဘ်ထိုးမှုနဲ့ တရားစွဲခံလိုက်ရပြီဖြစ်တဲ့ ဘာစီလိုနာ

စပိန် ဒိုင်လူကြီးများ ကော်မတီရဲ့ ဒုဥက္ကဌ ဖြစ်သူကို ငွေပေးချေမှုတွေနဲ့ ပတ်သက်ပြီး လာလီဂါ ကလပ် ဘာစီလိုနာဟာ တရားစွဲဆိုခံလိုက်ရပြီ ဖြစ်ပါတယ်။ စပိန် အစိုးရရှေ့နေ့က ဒိုင်လူတွေဟာ ဆုံးဖြတ်ချက် ချရာမှာ ဘာစီလိုနာကို မျက်နှာသာ ပေးစေမယ့် လုပ်ရပ်တွေကို ပြုလုပ်ပေးဖို့ ငွေကြေးနဲ့ လဲလှယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ ဒိုင်လူကြီးဟောင်း တစ်ဦးလည်း ဖြစ်၊ ဒိုင်ကော်မတီရဲ့ ဒုတိယ ဥက္ကဌလည်း ဖြစ်တဲ့ ဟိုဆေး မာရီယာ အင်းနရစ် နီဂရီယာ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ နှစ်ခု ဖြစ်တဲ့ DASNIL နဲ့ NILSAT ဆီကို ယူရို ၇.၃ သန်း ပေးချေခဲ့တယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။ ဒီအတွက် ဘာစီလိုနာဟာ ပြစ်မှု ထင်ရှားရင် ကြီးမားတဲ့ ဘဏ္ဍာရေး ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရနိုင်ပြီး အသင်းဥက္ကဌဟောင်း ဖြစ်တဲ့ ဆန်ဒရို ရိုဆဲလ်၊ ဂျိုးဆက် ဘာတိုမြူနဲ့ ဒါရိုက်တာဟောင်း အော်စကာဂရူ၊ အဲလ်ဘာ့ဆိုလို တို့ဟာ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရနိုင်တယ် လို့လည်း သိရပါတယ်။

လက်ရှိမှာ တရားရုံးက နီဂရီယာရဲ့ ကုမ္ပဏီတွေနဲ့ ငွေပေးငွေယူ ပြုလုပ်ခဲ့တဲ့ သက်သေတွေရှိ၊ မရှိဆိုတာကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ စပိန် သတင်းစာ El Mundo ရဲ့ ဖော်ပြချက်အရ နီဂရီယာရဲ့ ကုမ္ပဏီတွေကို ပေးချေမှုတွေမှာ လက်ရှိ ဥက္ကဌ ယိုအန် လာပေါ်တာရဲ့ ပထမဆုံးအကြိမ် အသင်း ဥက္ကဌ တာဝန်ယူနေတဲ့ ကာလ ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ကတည်းက စတင်ခဲ့တယ်လို့ သိရပြီး လာပေါ်တာ ကတော့ သူ ပါဝင် ပတ်သက်မှု မရှိဘူး ဆိုတာကို သက်သေပြဖို့ လိုအပ်နေပါပြီ။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
အက်စ်ပန်ညို
1X2 အက်စ်ပန်ညို @ 10.00
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -1.75 @ 2.06
ဂိုးပေါ် 2.75 @ 1.82
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာလီဂါ ဖလား အတွက် လက်မလျှော့သေးတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ စပိန် လာလီဂါ အမှတ်ပေးဖလား အတွက် လက်မလျှော့သေးပါဘူး။ ဘာစီလိုနာကို အရေးနိမ့်ခဲ့တဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ အပြီးမှာ အသင်းသားတွေကို ဖလား နှစ်လုံး ရယူနိုင်သေးတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အန်ဆယ်လော့တီက “ ဘာစီလိုနာကို အရေးနိမ့်ပြီးတဲ့ နောက်မှာ ကျနော့် ကောင်လေးတွေကို စိတ်အေးအေးထားကြ၊ ငါတို့ ချန်ပီယံလိဂ်နဲ့ လာလီဂါ ဖလားကို ရယူနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်” လို့ ဆိုပါတယ်။ ဒါပေမယ့် ရီးရဲလ်ဟာ လာလီဂါ မှာလည်း ဘာစီလိုနာနောက် ၉ မှတ် အထိ ပြတ်တောက်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာက လာလီဂါမှာ ရှုံးပွဲ ၂ ပွဲ တည်းသာ ရှိထားပြီး ၂၄ ပွဲ ကစား အပြီးမှာ ၈ ဂိုးသာ ပေးထားရတဲ့ ခံစစ်ကြောင်း ကိုလည်း ပိုင်ဆိုင်ထားတာပါ။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်တို့ လိုက်မီဖို့ အတွက်က တော်တော်လေး ခက်ခဲဖွယ်ရာ ရှိနေပြီး အန်ဆယ်လော့တီ ကတော့ လက်မလျှော့သေးတာ ဖြစ်ပါတယ်။


ဘူးစကွက်စ်ကို လစာငွေလျှော့ပေးပြီး စာချုပ်သစ် ချုပ်ချင်နေတဲ့ ဘာဆာ

ရာသီကုန်မှာ ဘူးစကွက်စ်က လာလီဂါနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိ အချိန်ထိ စာချုပ်သစ် ချုပ်ဆိုရခြင်းတော့ မရှိသေးပါဘူး။
ဘူးစကွက်စ်ကို မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေ

ဘာစီလိုနာ ကတော့ အသင်းခေါင်းဆောင် ဆာဂျီယိုဘူး စကွက်စ်ကို လစာငွေလျှော့ပေးကာ စာချုပ်သစ်ချုပ်ဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရာသီကုန်မှာ ဘူးစကွက်စ်က လာလီဂါနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိ အချိန်ထိ စာချုပ်သစ် ချုပ်ဆိုရခြင်းတော့ မရှိသေးပါဘူး။

ဘူးစကွက်စ်ကို ခေါ်ယူဖို့ မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီက ချိတ်ဆက်နေပြီး ဘာစီလိုနာက ပေးချေမယ့် လစာငွေထက် ပိုမို များပြားတဲ့ နှုန်းနဲ့ ကမ်းလှမ်းထားပါတယ်။ ဘဏ္ဍာရေး ပြသနာတွေ ရှိနေတဲ့ ဘာဆာ ကတော့ ဘူးစကွက်စ်ကို လက်ရှိ ပေးချေနေရတဲ့ လစာနှုန်းထက် လျှော့ပေးဖို့ ကိုသာ ဆန္ဒရှိနေတာပါ။

ဇာဗီ ကလည်း သူ့ရဲ့ အသင်းဖော်ဟောင်းကို နူးကမ့်ပ်မှာ ဆက်ရှိနေစေချင်ပြီး စာချုပ်သစ် အတွက် ကမ်းလှမ်းမှုက ဇာဗီရဲ့ ဆုံးဖြတ်ချက်အပေါ် မှာလည်း မူတည်နေပါတယ်။ ဘူးစကွက်စ် ကတော့ အသင်းမှာ ပုံမှန် ကစားခွင့် ရရှိဖို့ အခွင့်အရေး နည်းပါးလာသူ ဖြစ်ပြီး သူ့အနာဂတ် အတွက် မကြာခင် ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်