နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခီယေဇာကို ခေါ်ဖို့ ကစားသမား နှစ်ယောက်ကို ရှင်းထုတ်ချင်နေတဲ့ ဘာစီလိုနာ၊ နှလုံးရောဂါကြောင့် အနားယူသွားတဲ့ လစ်ဗာပူးလ်နဲ့ လာဇီယို ကစားသမားဟောင်း (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ခီယေဇာကို ခေါ်ဖို့ ကစားသမား နှစ်ဦးကို ရောင်းထုတ်ချင်နေတဲ့ ဘာစီလိုနာ၊ နှလုံးရောဂါကြောင့် အနားယူသွားတဲ့ လစ်ဗာပူးလ်နဲ့ လာဇီယို ကစားသမားဟောင်း စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၀ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ခီယေဇာကို ခေါ်ယူဖို့ ကစားသမား နှစ်ယောက်ကို ရောင်းချင်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ စီးရီးအေ ကြယ်ပွင့် ဖက်ဒရီကို ခီယေဇာကို ခေါ်ယူနိုင်ဖို့ အတွက် အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ အူစမန်နီ ဒမ်ဘီလီနဲ့ ဖာရန်း တောရက်စ် တို့ကို ရောင်းထုတ်လိုနေကြောင်း သိရှိရပါတယ်။

ဘာစီလိုနာဟာ ညာနောက်ခံလူ နေရာ အတွက်ရော၊ တောင်ပံတိုက်စစ် နေရာ အတွက်ပါ အင်အား ဖြည့်တင်းလိုပေမယ့် ဘဏ္ဍာရေး ပြဿနာနဲ့လည်း ရင်ဆိုင်နေရပါတယ်။

အဆိုပါ စပိန် ကလပ်ဟာ ဘေယန်မြူးနစ်မှာ အငှားနဲ့ ကစားနေတဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လို ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါသေးတယ်။ အခုချိန်မှာတော့ ခီယေဇာ ကိုပါ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပြီး အီတလီ ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက်တော့ ဘာစီလိုနာတို့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်ပါတယ်။

လက်ရှိအချိန်မှာ ဂျူဗင်တပ်စ် ကလည်း (၁၅) မှတ်လျှော့ ပြစ်ဒဏ်ကြောင့် လာမယ့်ရာသီ ဥရောပ ဝင်ခွင့် မသေချာတာကြောင့် ခီယေဇာ တစ်ယောက် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းသစ် ရှာဖွေရဖွယ် ရှိနေပါတယ်။


နှလုံးရောဂါကြောင့် အနားယူသွားတဲ့ လစ်ဗာပူးလ်နဲ့ လာဇီယို ကစားသမားဟောင်း

လစ်ဗာပူးလ်နဲ့ လာဇီယို ကွင်းလယ်လူဟောင်း လူးကပ်စ် လိုင်ဗာဟာ နှလုံးရောဂါကြောင့် ကစားသမား ဘဝ ကနေ အနားယူသွားပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဆိုပါ ဘရာဇီးလ် ကွင်းလယ်လူဟာ ကလပ် ကစားသမားဘဝမှာ ပွဲပေါင်း (၆၀၀) နီးပါး ကစားခဲ့ပြီး စီးရီးအေ ကလပ် လာဇီယို မှာလည်း (၅) နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။ သူ အနားမယူခင် နောက်ဆုံး ကစားခဲ့တဲ့ အသင်းက ဘရာဇီးလ် ကလပ် ဂရီမီယို ဖြစ်ပြီး နှုတ်ဆက်စာမှာ ဂရီမီယို ကိုပါ ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

လူးကပ်စ်ဟာ ကစားသမား ဘဝက အနားယူချိန်မှာ အသက် (၃၆) နှစ် ရှိနေပြီး အခုချိန်က ခက်ခဲတဲ့ ကာလ ဖြစ်ကြောင်း၊ ဘဝသစ်ကို စတင်မှာ ဖြစ်ကြောင်း၊ အခု အနေအထားကို ပြောင်းလဲနိုင်ဖို့ အများကြီး မျှော်လင့်ခဲ့ကြောင်း၊ ဒါပေမယ့် ကျန်းမာရေးက အရေးကြီးကြောင်း သူ့ရဲ့ နှုတ်ဆက်စာမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။


အသင်း ဂန္တဝင်ရဲ့ ပြောစကားတွေကို ဂရုမစိုက်ဖို့ လီယောင်ကို တိုက်တွန်းလိုက်တဲ့ အေစီမီလန် နည်းပြ

အေစီမီလန် နည်းပြ စတီဖန်နို ပီအိုလီက တိုက်စစ်မှူး ရာဖေးလ် လီယောင် အနေနဲ့ အေစီမီလန် ဂန္တဝင်ဟောင်း တစ်ယောက် ဖြစ်တဲ့ ဘီလီ ကော်စတာကျူတာရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။

ကော်စတာကျူတာဟာ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲက လီယာအိုရဲ့ ခြေစွမ်းကို ဝေဖန်ကာ ကစားသမား အနေနဲ့ ဒီလိုပွဲမျိုးတွေမှာ အဆုံးအဖြတ် ပေးနိုင်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် ပီအိုလီ ကတော့ သူ့ရဲ့ ကစားသမားကို ကာကွယ်ပေးခဲ့ပါတယ်။

စီးရီးအေ ကလပ်ရဲ့ နည်းပြ ပီအိုလီက အေစီမီလန် ပြင်ပမှာ ပြောနေတဲ့ စကားတွေကို ကျွန်တော်တို့ ဂရုမစိုက်ကြောင်း၊ လီယောင် ကိုလည်း သူ့ကို ချစ်တဲ့ သူတွေနဲ့ပဲ အနီးကပ်နေဖို့ အကြံပေးထားကြောင်း၊ ကစားသမား အနေနဲ့လည်း စိတ်ဓာတ်ကျနေတာမျိုး မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက် ပြီးတော့လည်း ကျွန်တော်တို့ အနေနဲ့ လီယောင် ဆီက ဂိုးတွေကို မျှော်လင့်ထားကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ ဂိုးမသွင်းနိုင်ချိန် မှာတောင် အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း ပီအိုလီက ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်