နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရွေးစင် အသင်းမှာ ပါဝင်စေချင်သူတွေကို ထုတ်ပြောလိုက်တဲ့ ကင်မစ်ချ်၊ ပရီးမီးယားလိဂ်မှာ ပြန်ပြီး အခြေချဖွယ် ရှိနေတဲ့ တီမို ဗာနာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

လက်ရွေးစင် အသင်းမှာ ပါဝင်စေချင်သူတွေကို ထုတ်ပြောလိုက်တဲ့ ကင်မစ်ချ်၊ ပရီးမီးယားလိဂ်မှာ ပြန်ပြီး အခြေချဖွယ် ရှိနေတဲ့ တီမို ဗာနာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လက်ရွေးစင် အသင်းမှာ ဘယ်သူတွေ ပါဝင်စေချင်သလဲ ဆိုတာ ထုတ်ပြောလိုက်တဲ့ ကင်မစ်ချ် 

ဂျော်ရွှာ ကင်မစ်ချ်က နိုင်ငံတကာ ပွဲတွေ ကစားမယ့် ဂျာမန် လက်ရွေးစင် အသင်း လူစာရင်းမှာ အန်တိုနီ ရူဒီဂါ၊ လီရွိုင်း ဆာနေး၊ မာကို ရိုက်စ် တို့လို ကစားသမားတွေကို ပါဝင်စေချင်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။  

ဂျာမန် လက်ရွေးစင် အသင်း နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ လူစာရင်းမှာ ဒီကစားသမားတွေ ပါဝင်လာခဲ့ခြင်း မရှိတာကြောင့် ကင်မစ်ချ်က အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကင်မစ်ချ်က သူ ပါဝင်စေချင်တဲ့ ကစားသမား အများစုက ဘွန်ဒက်စ်လီဂါ ကစားသမားတွေ ဖြစ်ကြပြီး ဟန်ဆီ ဖလစ်ခ်နဲ့လည်း ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း ကင်မစ်ချ်က ဖွင့်ဟခဲ့ပါတယ်။ 

ကင်မစ်ချ်က သူ့အနေနဲ့ ရိုက်စ်၊ ဂွန်ဒိုအန်၊ သောမတ်စ် မူလာ၊ နစ်ကလပ်စ် ဇူလာ၊ ဆာနေး၊ တိုနီ ရူဒီဂါ တို့ကို လက်ရွေးစင် အသင်းမှာ ပါဝင်စေချင်ကြောင်း၊ အထူးသဖြင့် နောက်ဆုံး (၃) ယောက်ကို လက်ရွေးစင် လူစာရင်းမှာ မြင်တွေ့ခွင့် ရဖို့ မျှော်လင့်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ပရီးမီးယားလိဂ်ကို ပြန်လာဖွယ် ရှိတဲ့ တီမို ဗာနာ

အဆိုပါ ဂျာမန် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ ချဲလ်ဆီး ကနေ ဘွန်ဒက်စ်လီဂါ အသင်းဟောင်း လိုက်ပ်ဇစ်ကို ပြန်လည် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ပြန်ပြီး အခြေချဖွယ် ရှိနေတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဗာနာ

လိုက်ပ်ဇစ် တိုက်စစ် ကြယ်ပွင့် တီမို ဗာနာ တစ်ယောက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကို ပြန်လည် ရောက်ရှိလာနိုင်ကြောင်း အီတလီ အခြေစိုက် သတင်းဌာန တစ်ခုက ဖော်ပြခဲ့ပါတယ်။ 

အဆိုပါ ဂျာမန် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ ချဲလ်ဆီး ကနေ ဘွန်ဒက်စ်လီဂါ အသင်းဟောင်း လိုက်ပ်ဇစ်ကို ပြန်လည် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ 

အသက် (၂၇) နှစ် အရွယ် တီမို ဗာနာ အနေနဲ့ ချဲလ်ဆီးမှာ တစ်ဦးချင်းအရ ရုန်းကန်ခဲ့ရပေမယ့် လာမယ့်နွေ မှာတော့ ချဲလ်ဆီး မဟုတ်တဲ့ အခြား အသင်း တစ်သင်းကို ပြန်လည် ပြောင်းရွှေ့လာနိုင်ကြောင်း သတင်းတွေက ဖော်ပြနေခဲ့တာပါ။ 

ဒါပေမယ့် ဗာနာကို ဘယ်အသင်းက စိတ်ဝင်စားတယ် ဆိုတာတော့ ဖော်ပြခဲ့ခြင်း မရှိဘဲ ဥရောပ ထိပ်တန်း အသင်းကြီး အများအပြား ကတော့ ဒီကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေကြဆဲလည်း ဖြစ်ပါတယ်။ 


လေဗာကူဆင်ကို ရှုံးလို့ ပေါက်ကွဲနေတဲ့ ဘေယန် နည်းပြ

ပရီးမီးယား လိဂ်
ချဲလ်ဆီး
အက်စတန် ဗီလာ
1X2 သရေ (Draw) @ 3.55
ဂိုးပေါ် 2.50 @ 1.93
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းဟာ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အဝေးကွင်း ပွဲမှာ လေဗာကူဆင်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့နောက် အသင်းသားတွေကို ဝေဖန် ပြောကြားလိုက်ပါတယ်။ 

ဘေယန်မြူးနစ်ဟာ ဒီရလဒ်ကြောင့် အမှတ်ပေးဇယား ဒုတိယ နေရာကို ဆင်းပေးလိုက်ရပြီး မဟာ ပြိုင်ဘက် ဒေါ့မန်က ၂ မှတ် အသာနဲ့ ဦးဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။ အဆိုပါ ပွဲအပြီးမှာတော့ နေဂဲလ်စ်မန်းက နောက်ဆုံး (၁၀) မိနစ်က လွဲရင် ကျွန်တော် တို့က ပိုမို ဆိုးရွားတဲ့ အသင်း တစ်သင်း ဖြစ်ခဲ့ကြောင်း၊ ကွင်းထဲမှာ နည်းနည်းလောက်ပဲ အားစိုက်ထုတ်ခဲ့ပြီး ပုံစံကောင်း မပြနိုင်ခဲ့ကြောင်း၊ ရှုံးနိမ့်ခဲ့တာက ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ကစားသမားတွေ ကလည်း တိုက်စစ်ပိုင်းရော၊ ခံစစ်ပိုင်း မှာပါ ပျင်းရိနေခဲ့ကြောင်း၊ လုပ်အားနှုန်းက သုညသာ ရှိကြောင်းလည်း နေဂဲလ်စ်မန်းက ပြစ်တင် ပြောဆိုသွားခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်