နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုပါဒယ်ရေး ဒုတိယအကျော့ကို လွဲချော်မယ့် ပီဒရီနဲ့ ဒမ်ဘီလီ၊ အန်ဆယ်လော့တီက ဘရာဇီးလ် နည်းပြ ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်တဲ့ အီဒါဆန် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ကိုပါဒယ်ရေး ဒုတိယအကျော့ကို လွဲချော်မယ့် ပီဒရီနဲ့ ဒမ်ဘီလီ၊ အန်ဆယ်လော့တီက ဘရာဇီးလ် နည်းပြ ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်တဲ့ အီဒါဆန် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၃ ရက်နေ့ ညနေခင်းရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကိုပါဒယ်ရေး ဒုတိယအကျော့ကို လွဲချော်မယ့် ပီဒရီနဲ့ ဒမ်ဘီလီ

ဘာစီလိုနာရဲ့ အားထားရတဲ့ ကစားသမား နှစ်ဦး ဖြစ်တဲ့ အူစမန်နီ ဒမ်ဘီလီနဲ့ ပီဒရီ တို့ဟာ လက်ရှိ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် စပိန် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို လွဲချော်မယ်လို့ သိရပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေ အပြီး မှာတောင် သူတို့ရဲ့ ဒဏ်ရာတွေက ပြန်လည် သက်သာလာဖွယ် မရှိသေးတာ ဖြစ်ပါတယ်။

ပီဒရီ ကတော့ ဧပြီလ ၂၃ ရက်နေ့မှာ ကစားရမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲ အထိ ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒမ်ဘီလီ ကလည်း အလားတူ အနေအထား ဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာက ပြန်လည် သက်သာလာဖို့က မျှော်လင့်ထားတာထက် ပိုမို ကြာမြင့်နေတာလည်း ဖြစ်ပါတယ်။

ဒါဟာ ရီးရဲလ် အတွက်တော့ အခွင့်ကောင်းလို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုရင်တော့ ပြီးခဲ့တဲ့ အယ်လ်ကလက်စီကိုမှာ အဆိုပါ ကစားသမားတွေ မပါဝင်ခဲ့ပေမယ့် ဘာစီလိုနာက သူတို့ကို အနိုင်ကစားခဲ့လို့ ဖြစ်ပါတယ်။ ပထမအကျော့တုန်း ကလည်း အိမ်ကွင်းမှာပဲ ရီးရဲလ်တို့ အရေးနိမ့်ထားပြီး ဒုတိယအကျော့ကို ရုန်းကန်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အန်ဆယ်လော့တီရဲ့ အသင်းက ဒီရာသီမှာ ဘာစီလိုနာကို လာလီဂါ ပထမအကျော့ တစ်ပွဲသာ အနိုင်ရထားပြီး ကျန်ပွဲ အားလုံးမှာ အရေးနိမ့်ထားပါတယ်။


ဘာဆာကို မက်ဆီ ပြန်လာရင် နှစ်ဖက်စလုံး အတွက် ကောင်းမွန်မှုလို့ ဆိုလိုက်တဲ့ အယ်လ်ဘာ

ဘာစီလိုနာ နောက်ခံလူ ယော်ဒီ အယ်လ်ဘာက လာမယ့် ရာသီမှာ အသင်းကို လီယွန်နယ် မက်ဆီ ပြန်လည် ပြောင်းရွှေ့လာမယ် ဆိုရင် နှစ်ဦး နှစ်ဖက် အတွက် ကောင်းမွန်မှု ဖြစ်လာမယ်လို့ ပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိ အချိန်ထိ စာချုပ်သစ် မချုပ်ဆိုရသေးပါဘူး။

ဘာဆာ ကလည်း သူတို့ရဲ့ ဂန္ထဝင် ကစားသမားဟောင်းကို ပြန်လည် ခေါ်ယူချင်နေပြီး အသင်းရဲ့ လက်ရှိ ရလဒ်နဲ့ လုပ်ငန်းစဉ်တွေက မက်ဆီကို ပြန်လည် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ ဖခင် ကတော့ ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင်ချေ နည်းပါးတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

အယ်လ်ဘာက “ သူ့ကို ပြန်လာစေချင်တယ်၊ ဒါပေမယ့် သူ ပြန်လာမလား ဆိုတာ ကျနော်လည်း မသိဘူး၊ အဲဒီ အကြောင်း ကျနော်တို့ စကားမပြောဖြစ်ဘူး၊ ဘာလို့လဲ ဆိုတော့ သူက ပီအက်စ်ဂျီနဲ့ စာချုပ် ရှိနေတယ်လေ၊ သူ ပြန်လာဖို့ မျှော်လင့်ပါတယ်၊ ဒါက နှစ်ဖက်စလုံး အတွက် ကောင်းမွန်မှု ဖြစ်လာမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။


အန်ဆယ်လော့တီက ဘရာဇီးလ် နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ ဖွင့်ဟခဲ့တဲ့ အီဒါဆန်

ဒါပေမယ့် ရာသီကုန်မှာ အန်ဆယ်လော့တီ အနေနဲ့ လာလီဂါ ကလပ်နဲ့ လမ်းခွဲဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် အီဒါဆန်က အခုလိုမျိုး မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီက ဘရာဇီးလ် နည်းပြ ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်တဲ့ အီဒါဆန်

လက်ရှိအချိန်ထိ နည်းပြသစ် ခန့်အပ်ထားရခြင်း မရှိဘဲ ယာယီ နည်းပြနဲ့ စခန်းသွားနေရတဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းကို ရီးရဲလ်မက်ဒရစ် နည်းပြကြီး ကားလို အန်ဆယ်လော့တီက ကိုင်တွယ်နိုင်ဖွယ် ရှိတယ်လို့ မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆန်က ပြောဆိုလိုက်ပါတယ်။ ဘရာဇီးလ်ဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု မရခဲ့တဲ့နောက် တီတီနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ် ကလည်း အန်ဆယ်လော့တီကို နည်းပြသစ် အဖြစ် လျာထားစာရင်းထဲ ထည့်သွင်းထားပေးမယ့် အခုထိတော့ ဘယ်လို သတင်းမျိုးမှတော့ ထွက်ပေါ်မလာသေးပါဘူ။ ဒါပေမယ့် ရာသီကုန်မှာ အန်ဆယ်လော့တီ အနေနဲ့ လာလီဂါ ကလပ်နဲ့ လမ်းခွဲဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် အီဒါဆန်က အခုလိုမျိုး မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။

“ ကက်စ်မဲရိုး၊ ဗင်နီစီးယပ်စ်၊ မီလီတောင် တို့နဲ့ ကျနော် စကားပြောခဲ့ အပြီးမှာ သူက ဘရာဇီးလ် နည်းပြသစ် ဖြစ်လာနိုင်ချေ အများကြီး ရှိနေပါတယ်၊ သူ့ရဲ့ CV ကို ကြည့်ကြည့်ပါ၊ သူ ဒီမှာ ရှိမှာလား၊ မရှိဘူးလား ဆိုတာက မကြာခင် သိနိုင်မှာပါ၊ နည်းပြသစ် အမြန်ရဖို့ ကျနော် မျှော်လင့်ထားပြီး ဘရာဇီးလ်သားပဲလား၊ နိုင်ငံခြားသားလား ဆိုတာကို ကျနော် တို့လည်း သိချင်နေပါတယ်” လို့ အီဒါဆန်က ဖွင့်ဟခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်