မန်စီးတီးနဲ့ ပွဲမှာ သတ္တိ အပြည့်နဲ့ ကစားဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်တဲ့ တူချယ်၊ ဟယ်ရီကိန်းကို ယူနိုက်တက်နဲ့ အပြိုင် ခေါ်ယူမှာ မဟုတ်တဲ့ ဘေယန်မြူးနစ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၀ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ပွဲမှာ သတ္တိ အပြည့်နဲ့ ကစားဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်တဲ့ တူချယ်
လာမယ့် အင်္ဂါနေ့ည မှာတော့ ချန်ပီယံလိဂ် ပွဲကြီး ပွဲကောင်း တစ်ပွဲ အဖြစ် မန်စီးတီးနဲ့ ဘွန်ဒက်စ်လီဂါ ဘီလူးတို့ အီတီဟတ်ကွင်းမှာ ရင်ဆိုင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဒီပွဲ အတွက် ကျွန်တော်တို့ အနေနဲ့ ရဲရင့်ဖို့ လိုအပ်ကြောင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး ဗျူဟာပိုင်းရော ကြံ့ခိုင်မှု ပိုင်းမှာပါ၊ စမတ်ကျဖို့ လိုအပ်တယ်လို့ တူချယ်က ပြောကြားသွားခဲ့ပါတယ်။




ပြိုင်ဘက် မန်စီးတီးနဲ့ ပတ်သက်ပြီးတော့လည်း တူချယ်က မန်စီးတီးက ထိပ်တန်း ပုံစံကို ပြသနေကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဘေယန်မြူးနစ် ရင်ဆိုင်ရမယ့် မန်စီးတီးဟာ ပြိုင်ပွဲစုံ (၁၂) ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ ကစားထားပြီး ဘေယန်မြူးနစ်နဲ့ ပွဲမှာလည်း ဒီစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် အခက်ခဲဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးကို ပြန်လည်း ဘာမှမထူးတော့တဲ့ ကန်ဆယ်လို
ကန်ဆယ်လိုဟာ ပွဲထွက် ကစားခွင့် နည်းပါးတာကြောင့် ဂွာဒီယိုလာနဲ့ ပြဿနာ တက်ခဲ့ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါရဲ့ လက်ရှိ ချန်ပီယံ အသင်းဆီ (၆) လ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် အဆိုပါ ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူဟာ ဘေယန်မြူးနစ် မှာလည်း ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ အပြင် ဂျာမန် ထိပ်သီး ကလပ် ဘက်ကလည်း လာမယ့် နွေရာသီမှာ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။
တစ်ဖက်မှာလည်း ဂွာဒီယိုလာ ကိုယ်တိုင် ကတော့ ကန်ဆယ်လိုကို သူ့ရဲ့ အနာဂတ် စီမံကိန်းတွေမှာ ထည့်သွင်းထားခြင်း မရှိတော့တာကြောင့် အပြီးသတ် ရောင်းထုတ်သွားဖို့ ပြင်ဆင်ထားပြီး ဒီကစားသမားကို ခေါ်ယူဖို့ ဘာစီလိုနာက ထိပ်ဆုံးက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဟယ်ရီကိန်းကို ယူနိုက်တက်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်တဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ခေါ်ယူမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဟယ်ရီကိန်းဟာ လာမယ့် နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့ပြီး သူ့ကို ခေါ်ယူဖို့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘက်က နှစ်ရှည်လများ စိတ်ဝင်စားနေခဲ့တာပါ။
စပါး ဘက်ကတော့ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အနည်းဆုံး သတ်မှတ်ထားပြီး ဒီကစားသမား အတွက် ယူနိုက်တက်နဲ့ ဘေယန်မြူးနစ်တို့ အပြိုင် ကမ်းလှမ်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘေယန်မြူးနစ် ဘက်ကတော့ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏကို အသုံးပြုပြီး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကမ်းလှမ်းသွားမှာ မဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
စပါး ဥက္ကဌ ဒန်နီရဲယ် လီဗိုင်း ကလည်း ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ မန်စီးတီး ဘက်က ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ပေးချိန်မှာတောင် လက်လွှတ်မခံခဲ့တာကြောင့် လာမယ့် နွေရာသီမှာ ဟယ်ရီကိန်းကို ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ ခဲရာခဲဆစ် ကြိုးစားရဖွယ် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.