နှစ်ပေါင်း (၃၃) နှစ် အကြာ မှာတော့ စကူဒက်တို ချန်ပီယံ ဆုဖလားကြီးက နေပယ်လ်မြို့မှာ ဝင်ရောက် နားခိုဖို့ တစ်စထက် တစ်စ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ လာမယ့် တစ်ပတ်မှာ လာဇီယိုက အင်တာမီလန်ကို အနိုင်မကစားနိုင်ဘူး ဆိုရင်၊ ပြီးတော့ နာပိုလီက ဆလာနီတာနာကို အနိုင်ရခဲ့မယ် ဆိုရင် ဒီရာသီ စီးရီးအေ ချန်ပီယံ အဆုံးအဖြတ်က စောစောစီးစီး အဖြေပေါ်သွားတော့မှာပါ။

အဲ့ဒါကြောင့်လည်း ဂျူဗင်တပ်စ်ကို အနိုင်ကန်ပြီး နေပယ်လ်မြို့ကို ပြန်လာတဲ့ အသင်းသားတွေကို နာပိုလီ ပရိသတ်တွေက မနက် (၃) နာရီထိုးကြီးမှာတောင် စည်စည်ကားကားနဲ့ ကြိုဆို ဂုဏ်ပြုခဲ့ကြတာပါ။ နာပိုလီတို့ နောက်ဆုံး အကြိမ် စကူဒက်တို ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာက (၁၉၉၀) ခုနှစ်မှာပါ။ မာရာဒိုနာ ဘာစီလိုနာ ကနေ နာပိုလီကို ပြောင်းရွှေ့လာပြီးနောက် (၁၉၈၇) နဲ့ (၉၀) ပြည့်နှစ်တွေမှာ နေပဲလ် ကလပ်က စီးရီးအေမှာ (၂) ကြိမ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အခု ဒီနှစ်နဲ့မှ နာပိုလီရဲ့ စီးရီးအေ အောင်မြင်မှုက (၃) ကြိမ်မြောက် ရရှိမှာပါ။




ကွယ်လွန်သွားပြီ ဖြစ်တဲ့ မာရာဒိုနာ ကတော့ တစ်ချိန်က နာပိုလီရဲ့ စကူဒက်တို (စီးရီးအေ) အောင်မြင်မှုမှာ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ အခု ဒီနှစ် မှာတော့ အိုဆင်မ်ဟန်တို့၊ ခီလီယာတို့၊ ကင်မ်မင်ဂျေး တို့ပေါ့။ တစ်ချိန်က ဂျူဗင်တပ်စ်၊ အေစီမီလန်၊ အင်တာမီလန်တို့ တောက်လျှောက် လွှမ်းမိုးခဲ့တဲ့ ခေတ်မှာ နာပိုလီတို့ ကြားဖောက် ပြီးတော့ ဗိုလ်စွဲပြနိုင်ခဲ့ပါတယ်။ အခုလက်ရှိ ဂျူဗင်တပ်စ်နဲ့ မီလန် မြို့ခံ နှစ်သင်း အကျပိုင်း ရောက်နေချိန် မှာလည်း နာပိုလီတို့ အခွင့်ကောင်း ယူနိုင်ခဲ့ပြန်ပါပြီ။
နေပယ်လ်မြို့ တစ်နေရာမှာ ရှိတဲ့ တိုက်ခန်း အပြင်ဘက် နံရံမှာ မာရာဒိုနာ ပုံတူ နံရံဆေးရေး ပန်းချီကား တစ်ချပ်က ထည်ဝါစွာ နေရာယူထားပါတယ်။ အခု အဲ့ဒီ နေရာမှာ မိုးပြာရောင်နဲ့ နာပိုလီ အလံတွေ ထည်ထည်ဝါဝါ နေရာယူထားပါပြီ။ မီးကုန် ယမ်းကုန် အောင်ပွဲခံဖို့ နာပိုလီ ပရိသတ်တွေ အဆင်သင့် ဖြစ်နေပြီး ပျင်းရိစရာ ကောင်းနေတဲ့ အီတလီမြေမှာ နာပိုလီတို့ ဒီနှစ် အတွက် အကောင်းဆုံး ဖျော်ဖြေပေးနိုင်ခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.