နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာယာနဲ့ သတင်းတွေကို အဖြေပေးဖို့ ငြင်းဆန်ခဲ့တဲ့ အာတေးတား (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရာယာနဲ့ သတင်းတွေကို အဖြေပေးဖို့ ငြင်းခဲ့တဲ့ အာတေးတား 

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ဗုဒ္ဓဟူးနေ့ညနေက ဂန်းနားတွေ အတွက် အာရွန် ရမ်းစ်ဒေးလ်က ပင်နယ်တီ အဆုံးအဖြတ်မှာ သူရဲကောင်းဖြစ်ခဲ့ပြီးနောက် ဘရန့်တ်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာနဲ့ သတင်းတွေကို ဖြေဆိုဖို့ ရှောင်လွှဲခဲ့ပါတယ်။ 

အမျိုးသမီးကမ္ဘာ့ဖလား 2023
ဆွစ်ဇာလန်
စပိန်
1X2 ဆွစ်ဇာလန် @ 6.20
စပိန် အာရှ ဟန်းဒီးကပ် -1.25 @ 1.93
ဂိုးပေါ် 2.50 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘရန့်ဖို့ဒ် နံပါတ် ၁ ဂိုးသမား ရာယာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ပျားတွေက စပိန် ဂိုးသမား အတွက် ပေါင်သန်း ၄၀ လိုချင်နေတာ ဖြစ်ပေမယ့်လည်း ဂန်းနားတွေ ကတော့ ပေါင်သန်း ၃၀ လောက်သာ ပေးချေချင်နေတာ ဖြစ်ပါတယ်။ 

အာတေးတားဟာ အမ်းမရိတ်စ်ဖလား ရရှိခဲ့တဲ့ မိုနာကိုနဲ့ ပွဲစဉ်အပြီးမှာ ရာယာနဲ့ သတင်းတွေကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ အသင်းမှာ မရှိတဲ့ ကစားသမား အကြောင်းကို ပြောသွားမှာ မဟုတ်ဘူးလို့ ခပ်ပြုံးပြုံးနဲ့ တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ 


စပါးမှာ ဆက်နေမယ်လို့ သတင်းတွေ ထွက်လာတဲ့ ကိန်းကို ပြစ်တင်ခဲ့တဲ့ ဂျာမန် မီဒီယာ 

ဂျာမန် သတင်းစာ Bild က မြောက်လန်ဒန်မှာ ဆက်နေသွားဖွယ် ရှိတယ်လို့ သတင်းထွက်လာတဲ့ ဟယ်ရီ ကိန်းကို ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဟယ်ရီ ကိန်းဟာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့သူ ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးက အသက် ၃၀ အရွယ် ကစားသမား အတွက် ကမ်းလှမ်းမှု ၂ ကြိမ် အထိ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဘေယန်မြူးနစ်က ပေါင် ၈၅ သန်း ဝန်းကျင် တန်ကြေးရှိတဲ့ တတိယမြောက် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေပေမယ့်လည်း ကိန်း အနေနဲ့ အပြောင်းအရွှေ့သာ မဖြစ်ခဲ့ဘူး ဆိုရင် စာချုပ်သစ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။ ကိန်းက ဩဂုတ်လ ၁၃ ရက်နေ့မှာ ပရီးမီယားလိဂ် ရာသီ အဖွင့် ပွဲစဉ် ကစားပြီးနောက်မှာ အသင်းကို စွန့်ခွာမယ် ဆိုရင် နည်းပြသစ် ပိုစတီကိုဂလူ အပေါ် မတရားရာ ကျမယ်လို့ ခံစားနေရတယ်လို့ ယူဆရပြီး စာချုပ်သက်တမ်းတိုးသွားဖို့ စဉ်းစားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

ဂျာမန် သတင်းဌာန Bild က ကိန်းရဲ့ လှေနံ နှစ်ဖက်နင်းတဲ့ ရပ်တည်ချက်အပေါ် ဒေါသထွက်ခဲ့ပုံပေါ်ပြီး အင်္ဂလန် တိုက်စစ်မှူးကို အရိုးဆွေးတဲ့ အထိ နေမယ့်သူလို့ ဝေဖန် ပြစ်တင်ခဲ့ပြီး စပါးစ် ကြယ်ပွင့်က ပေါင်သန်း ၁၀၀ မတန်ဘူးလို့ ရေးသားခဲ့တဲ့ အပြင် လီဝန်ဒေါစကီးက ပိုမိုသာလွန်တဲ့ ကစားသမားလို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 


အက်ဒီးဒက်စ်နဲ့ စပွန်ဆာ စာချုပ်ချုပ်ပြီးနောက် လေသံပြောင်းသွားတဲ့ ဂလေဇာ မိသားစု 

အဲ့နောက် ဂလေဇာ မိသားစုက ပရီးမီးယားလိဂ်ရဲ့ ရုပ်မြင်သံကြား သဘောတူညီမှုတွေက ဘယ်လောက်အထိ တန်ကြေးရှိမလဲ ဆိုတာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ကို ရောင်းထုတ်မယ့် ကိစ္စတွေ ခတ္တဆိုင်းငံ့ထားမယ့် ဂလေဇာ မိသားစု

ဂလေဇာ မိသားစု ကတော့ မန်ချက်စတာယူနိုက်တက်ကို ရောင်းချဖို့ ကိစ္စတွေ ခေတ္တ ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။

ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ ရှိတ်ခ် ဂျက်ဆင်းတို့ ဆီကနေ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့်လည်း ဂလေဇာ မိသားစုဟာ ယူနိုက်တက်ကို လက်မလွှတ်ချင်ခဲ့ဘဲ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလား မရတာ ဆယ်စုနှစ် တစ်ခု ကြာမြင့်ခဲ့ပြီးနောက် အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်လာဖို့ မျှော်လင့်နေတဲ့ ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာ သတင်း ဖြစ်ခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အက်ဒီးဒက်စ်နဲ့ ပေါင်သန်း ၉၀၀ ကျော် တန်ဖိုးရှိတဲ့ စပွန်ဆာ သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ အဲ့နောက် ဂလေဇာ မိသားစုက ပရီးမီးယားလိဂ်ရဲ့ ရုပ်မြင်သံကြား သဘောတူညီမှုတွေက ဘယ်လောက်အထိ တန်ကြေးရှိမလဲ ဆိုတာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်