ဂီရိုနာ – အက်တလက်တီကိုမက်ဒရစ်
လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နဲ့ ၃ နေရာက နှစ်သင်း တွေ့ဆုံနေတဲ့ ပွဲစဉ် ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းဦးမှာပါ။
ဂီရိုနာက ပြီးခဲ့တဲ့ ပွဲမှာ ဘက်တစ်နဲ့ သရေကျပြီး လာလီဂါ အဆင့် ၁ နေရာကို ရီးရဲလ်မက်ဒရစ်ဆီ လွှဲပြောင်းပေးထားရတာ ဖြစ်ပါတယ်။ အခုပွဲမှာ အက်တလက်တီကိုနဲ့ ထပ်မံ တွေ့ဆုံနေလို့ ဂီရိုနာ အတွက်တော့ ပွဲကြပ်နေတယ်လို့ ပြောလို့ ရပါတယ်။ ဂီရိုနာဟာ ဒီရာသီ လာလီဂါမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး အိမ်ကွင်း စွမ်းဆောင်ရည်လည်း မဆိုးတဲ့ အသင်း ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေပေမယ့် မြို့ခံပြိုင်ဘက် ရီးရဲလ်၊ ဂီရိုနာ တို့နဲ့ ၇ မှတ် အထိ ပြတ်နေပါတယ်။ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းဟာ လာလီဂါ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့မှုကို ဆီဗီလာကို အနိုင်ယူပြီး အဆုံးသတ်နိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းက လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
နှစ်ဖက်အသင်း သတင်းများ

ဂီရိုနာမှာ ဟာရဲရား၊ ဆီဂန်ကော့ဗ်၊ တိုနီ ဗီလာ၊ လိုပက်ဇ်၊ ဂါစီယာ တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဂီရိုနာ – ဂဇာနီဂါ၊ ဂါစီယာ၊ ဂျူအန်ပီ၊ ဘလင်း၊ ကူတို၊ မာတင်၊ A ဂါစီယာ၊ ဂူတီယာရက်ဇ်၊ ဆီဂန်ကော့ဗ်၊ ဆာဗီယို၊ ဒိုဗျွတ်ခ်
အက်တလက်တီကိုမက်ဒရစ် – အိုဘလက်ခ်၊ ယော်ရန်းတေး၊ အက်ဇ်ပီလီကွယ်တာ၊ ဂင်မီနက်ဇ်၊ ဟာမိုဆို၊ လီနို၊ ကိုကီ၊ ဝစ်ဆဲလ်၊ ဒီပေါလ်၊ ဂရစ်ဇ်မန်း၊ မိုရာတာ




ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း အကြား ၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ အက်တလက်တီကိုမက်ဒရစ်က ၅ ကြိမ် နိုင်ပြီး ၃ ကြိမ် သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာလည်း ၂ ပွဲ သရေကျပြီး အက်တလက်တီကို မက်ဒရစ်က ၃ ပွဲ နိုင်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာတော့ ဂီရိုနာ နိုင်ရင် ၂.၄၄ ဆ၊ အက်တလက်တီကိုမက်ဒရစ် နိုင်ရင် ၂.၅၆ ဆနဲ့ သရေ ဆိုရင် ၃.၃၂ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းမှ အပြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။ အမြင့်ပျံနေတဲ့ ဂီရိုနာကို အက်တလက်တီကိုတို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ် ထင်ပါတယ်။ အစဉ်အလာအရ အက်တလက်တီကို သာနေပေမယ့် ဂီရိုနာရဲ့ လက်ရှိ ပုံစံကောင်း တစ်ခုကို ထပ်ပြီး ယုံကြည်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပြီး ဂီရိုနာ ကပ်နိုင်သွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
ဂီရိုနာ ၂-၁ အက်တလက်တီကိုမက်ဒရစ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.