နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းက အနီကတ် မထိဖို့ အရေးကြီးကြောင်း ပြောလာတဲ့ အာတေးတား | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ကစားရာမှာ ၃ ပွဲ ကတော့ အနီကတ် ပြသခံခဲ့ရပြီး ၁၀ ယောက်ကျန် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက သူတို့ရဲ့ အသင်း အနေနဲ့ အနာဂတ် ပွဲစဉ်တွေမှာ ၁၀ ယောက်ကျန် အသင်းနဲ့ ဆက်လက် ကစားဖို့ မဖြစ်နိုင်တော့ပဲ အနီကတ် မထိဖို့က အရေးကြီးကြောင်း ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်ဟာ အခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ အပြီးမှာ အနီကတ် ပြခံရတဲ့ပွဲ ၃ ပွဲ အထိ ရှိနေခဲ့ပြီးတော့ အဲဒီ ပွဲစဉ် ၃ ပွဲမှာ ဘရိုက်တန်၊ မန်စီးတီးနဲ့ သရေ၊ ဘုန်းမောက် ကိုတော့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် မီခဲလ် အာတေးတားက “၁၀ ယောက်ကျန် အသင်းနဲ့ ကစားရတယ် ဆိုတာ အမြဲတမ်းလိုလို ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်လို အဆင့်အတန်းမျိုးမှာ မကြာခဏ တစ်ယောက်လျော့နဲ့ ကစားနေလို့ မဖြစ်နိုင်ပါဘူး။ အနီကတ်တွေနဲ့ ပတ်သက်ပြီး အကြောင်းအရင်း မျိုးစုံ ဖြစ်နေပေမဲ့ သေချာတာ ကတော့ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဒါကို ထပ်ပြီး ဖြစ်လို့ မရတော့ပါဘူး။ ဘာကြောင့် အနီကတ်တွေ ထိတာလဲ ဆိုတာက အရေးမကြီးဘဲ အနီကတ် မထိဖို့က ပိုပြီး အရေးကြီးနေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ်ဟာ အခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ အပြီးမှာ အနီကတ် ပြခံရတဲ့ပွဲ ၃ ပွဲ အထိ ရှိနေခဲ့ပြီးတော့ အဲဒီ ပွဲစဉ် ၃ ပွဲမှာ ဘရိုက်တန်၊ မန်စီးတီးနဲ့ သရေ၊ ဘုန်းမောက် ကိုတော့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ အတွက် ပရီးမီးယားလိဂ် ရှုံးပွဲ တွေ့သွားခဲ့ပြီ ဖြစ်တဲ့ အာဆင်နယ်

ဒါ့အပြင် အာဆင်နယ် ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကလည်း သူတို့ အသင်း အနေနဲ့ အနီကတ်တွေကို ရပ်တန့်ပစ်နိုင်ဖို့ လိုအပ်နေပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဝန်ခံ ပြောကြားထားခဲ့ပါသေးတယ်။ အာဆင်နယ် အနေနဲ့ အနီကတ် မပြသခံရတဲ့ ၅ ပွဲ စလုံးမှာ နိုင်ပွဲ ရရှိခဲ့ပြီးတော့ အနီကတ် ပြသခံရတဲ့ ၃ ပွဲမှာ ၂ ပွဲ သရေ၊ ၁ ပွဲရှုံးကာ ၂ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်က အနီကတ် ပြစ်ဒဏ်ကြောင့် ၇ မှတ် အထိ ဆုံးရှုံးခဲ့ရကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။ ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကတော့ ဘုန်းမောက်နဲ့ ပွဲအပြီးမှာ အသင်းရဲ့ အားနည်းချက်တွေကို အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။

ရိုက်စ်က “ကျွန်တော်တို့ ကိုယ့်တိုင် ဒုက္ခရောက်အောင် လုပ်ခဲ့မိတာ ၈ ပွဲမှာ ၃ ပွဲ ရှိခဲ့ပါတယ်။ ဘရိုက်တန်နဲ့ အိမ်ကွင်း၊ မန်စီးတီးနဲ့ အဝေးကွင်းတွေမှာ အနိုင်ရလဒ်တွေ ဆုံးရှုံးခဲ့ရသလို၊ ဘုန်းမောက်နဲ့ ပွဲမှာလည်း အရှုံးပေးခဲ့ရပါတယ်။ ၁၀ ယောက်တည်းနဲ့ တိုက်ပွဲဝင်နိုင်ခဲ့တဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူစရာ ဖြစ်ပေမယ့် ဒါဟာ နုံအ လို့ ဖြစ်ခဲ့ရတာပါ။ ကျွန်တော်တို့ မိုက်မဲတဲ့ အမှားအယွင်းတွေ မလုပ်မိအောင် ရပ်တန့်ပစ်နိုင်ဖို့ လိုအပ်နေပါပြီ။ နိုင်ပွဲတွေ ရရှိဖို့ ဆိုရင်လည်း မိနစ် ၉၀ အပြည့် ကစားသမား ၁၁ ဦးနဲ့ ယှဉ်ပြိုင်ကစားနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲမှာ ၁၇ မှတ်နဲ့ တတိယ နေရာမှာ ရပ်တည်နေပြီးတော့ အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ၄ မှတ် ကွာဟနေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်