နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးမသွင်းနိုင်တဲ့ ဘယ်လင်ဟမ်ကို ကာကွယ် ပြောဆိုလိုက်တဲ့ အန်ဆယ်လော့တီ | လာလီဂါ

အင်္ဂလန် ကွင်းလယ် တိုက်စစ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ် ကတော့ ဒီရာသီ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အတွက် ဂိုးမသွင်းနိုင်သေးပဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ နည်းပြ ဖြစ်သူ ကာလို အန်ဆယ်လော့တီက ဒီရာသီမှာ ဘယ်လင်ဟမ် ဂိုးမသွင်းနိုင်သေးတဲ့ အပေါ် ကာကွယ် ပြောကြားမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

လက်ရှိမှာ အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ နွေရာသီက ဒေါ့မန် ကနေ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ ယူရို ၁၀၃ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ ၂၀၂၃/၂၀၂၄ ဘောလုံး ရာသီက ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားရာမှာ ၂၃ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဘယ်လင်ဟမ်က ပြိုင်ပွဲစုံ ၉ ပွဲ ကစားပြီးချိန် အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတဲ့ အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သတ်လို့ အန်ဆယ်လော့တီက ကာကွယ် ပြောကြားမှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက “သူ့ရဲ့ လုပ်ဆောင်မှု အတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော် အရမ်းပဲ ကျေနပ်ပါတယ်။  သူက အလုပ်အများကြီး လုပ်နေတာပါ။ ပြီးခဲ့တဲ့ နှစ်ကလို သူ ဂိုးတွေ အများကြီး မသွင်းနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါက အံ့အားသင့်စရာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်မှာ ဂိုးတွေ သွင်းနိုင်ခဲ့တာ ကမှ အံ့အားသင့်စရာပါ။ ဒီနှစ် သူ ဂိုးတွေ မသွင်းနိုင်တာက ကျွန်တော်တို့ အတွက် ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်ဆဲဖြစ်သလို၊ ဂိုးတွေ သွင်းနိုင်ဦးမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ရဲ့ တိုက်စစ်ပိုင်းမှာ အရည်အသွေး အပြည့် ရှိတဲ့ ကစားသမားတွေ ရှိနေလို့ပါ။ ကျွန်တော်တို့ အတွက် ဘယ်လင်ဂမ်က ဂိုးတွေ သွင်းတာထက် ပိုပြီး အရေးပါတဲ့ အလုပ်တွေ လုပ်ဆောင်နေပါတယ်။” လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ 

ဒီရာသီမှာ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ မှာ ရှုံးပွဲ လုံးဝ မရှိသေးပေမယ့် ၁၀ ပွဲ ကစားရာမှာ ၇ ပွဲနိုင်၊ ၃ ပွဲ သရေကျပြီး ဘာစီလိုနာနဲ့ ၃ မှတ် ကွာဟနေပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ ရီးရဲလ်မက်ဒရစ်

ဘောလုံးသုံးသပ်သူ တချို့ ကတော့ ဘယ်လင်ဟမ် အနေနဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရောက်ရှိလာတာကြောင့် ဂိုးမသွင်းယူနိုင်တော့ခြင်း ဖြစ်ကြောင်း ဝေဖန် သုံးသပ်နေကြပါတယ်။ ဒီရာသီမှာ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ မှာ ရှုံးပွဲ လုံးဝ မရှိသေးပေမယ့် ၁၀ ပွဲ ကစားရာမှာ ၇ ပွဲနိုင်၊ ၃ ပွဲ သရေကျပြီး ဘာစီလိုနာနဲ့ ၃ မှတ် ကွာဟနေပါတယ်။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် မှာတော့ ၂ ပွဲနိုင်၊ ၁ ပွဲ ရှုံး ရမှတ် ၆ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် မှာတော့ ဗင်နီးစီးယပ်စ်ရဲ့ ဟက်ထရစ်၊ ရူဒီဂါ၊ ဗက်ဇ်ကွက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဒေါ့မန်ကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်လင်ဟမ် ကတော့ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် ပျောက်နေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်