နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန် တောင်ပံ ကစားသမားလေးကို ပစ်မှတ်ထားနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ အသင်းမှာ အနာဂတ် မသေချာတော့တဲ့ အီဂျစ် တောင်ပံ ကစားသမား မိုဟာမက် ဆာလာ နေရာမှာ ရေရှည် အစားထိုးဖို့ ကစားသမားတွေ ရှာဖွေနေခဲ့တာ ကြာပါပြီ။ ဒီလို ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိရာမှာတော့ စောင့်ကြည့် စာရင်းထဲမှာ ဒေါ့မန် တောင်ပံ ကစားသမားလေး ဂျေမီ ဘိုင်နို ဂစ်တင်စ် လည်း ပါဝင်နေခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ညာတောင်ပံ တိုက်စစ် ကြယ်ပွင့် မိုဟာမက် ဆာလာက လစ်ဗာပူးလ်ရဲ့ အဓိက ကစားသမား တစ်ဦး အဖြစ် ရှိနေသူပါ။ ဒါပေမယ့်လည်း ဆာလာနဲ့ လစ်ဗာပူးလ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်က ဒီနှစ် ဘောလုံးရာသီအကုန်မှာပဲ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာနဲ့ အတူ နောက်ခံလူ အလက်ဇန္တား အာနိုးလ်၊ ဗာဂျယ် ဗန်ဒိုက်ခ် တို့ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ လက်တလောမှာ လစ်ဗာပူးလ်က ဗန်ဒိုက်ခ်ကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီ ဖြစ်ပေမယ့် ဆာလာနဲ့ အာနိုးလ် တို့ကိုတော့ လစ်ဗာပူးလ် ဘက်က သက်တမ်းတိုးဖို့ မသေချာ ဖြစ်နေတာပါ။ ဆာလာ ကိုတော့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီက စိတ်ဝင်စားနေသလို ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း ဆာလာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူဖို့ အသင့် ရှိနေကြပါတယ်။ 

ဒါကြောင့် ပရီးမီးယားလိဂ် လစ်ဗာပူးလ်က မိုဟာမက် ဆာလာ နေရာမှာ အစားထိုးဖို့ အတွက် တောင်ပံကစားသမားတွေကို တောက်လျောက် ပစ်မှတ်ထားနေခဲ့ပါတယ်။ လက်ရှိမှာတော့ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် တောင်ပံကစားသမား ဘိုင်နို ဂစ်တင်စ်က ပရီးမီးယားလိဂ် ကလပ်ရဲ့ ပစ်မှတ်ထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး၊ မန်စီးတီးနဲ့ ရက်ဒင်း တို့ရဲ့ အကယ်ဒမီတွေမှာ ဖြတ်သန်းခဲ့ဖူးတဲ့ ဂစ်တင်စ်က လွန်ခဲ့တဲ့ ၂ဝ၂ဝ ခုနှစ် ကမှ ဒေါ့မန် လူငယ်အကယ်ဒမီ ဆီကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဂျေဒန် ဆန်ချိုလို မန်စီးတီး လူငယ် အကယ်ဒမီ ကနေ ဒေါ့မန် လူငယ် အသင်းဆီ ရောက်လာခဲ့တဲ့ ဂစ်တင်စ်က ၂ဝ၂၂ ခုနှစ်မှာပဲ ဒေါ့မန် စီနီယာ အသင်းကြီး အတွက် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး သူရဲ့ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ယူ-၂၁ အသင်း အတွက် ပါဝင်ကစားခွင့် ရရှိလာတဲ့ ဂစ်တင်စ်ဟာ လက်ရှိမှာတော့ ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းပါ ခံနေရပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် တောင်ပံကစားသမား ဘိုင်နို ဂစ်တင်စ်က ပရီးမီးယားလိဂ် ကလပ်ရဲ့ ပစ်မှတ်ထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ရဲ့ ပစ်မှတ်ထဲ ပါဝင်လာတဲ့ ဘိုင်နို ဂစ်တင်စ်

ဂစ်တင်စ်ဟာ ဒေါ့မန်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို အသင်း အတွက်လည်း အားထားရတဲ့ ကစားသမား ဖြစ်နေသူပါ။ ဒါကြောင့် ဒေါ့မန် ဘက်က ဂစ်တင်စ်ကို အလွယ်တကူ လက်လျှော့ချင်ပုံမရပဲ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရရှိမှသာ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အားရစရာ ကစားသမား ခေါ်ယူမှုတွေ မပြုလုပ်ခဲ့ပေမယ့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့က စပြီး အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်