နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်နဲ့ ပွဲအတွက် အပြည့်အဝ ယုံကြည်ထားဖို့ ပြောလာတဲ့ အာတေးတား | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်ကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဘုန်းမောက်ကို ၂-၀ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပြီးတော့ ချန်ပီယံလိဂ် မှာတော့ ရှက်တာဒိုးနတ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။

လက်ရှိ ရာသီမှာ မီခဲလ် အာတေးတားရဲ့ အသင်းက ခြေစွမ်းပိုင်း အရမ်းကြီး မဆိုးလှပေမယ့် ကွင်းလယ် ဖန်တီးရှင် မာတင် အိုဒီဂတ် ဒဏ်ရာ ရရှိသွားခဲ့တဲ့ နောက်မှာတော့ ဂိုးတွေ ရဖို့ အနည်းငယ် ရုန်းကန်နေရပါတယ်။ ဒါ့အပြင် အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲက အနီကတ်ထိကာ ၁၀ ယောက် အနေအထားနဲ့ ကစားခဲ့ရပြီး နိုင်ပွဲတွေ ပျောက်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ၃ ပွဲမှာ ဘရိုက်တန်နဲ့ ၂ ဂိုးစီ သရေ၊ မန်စီးတီးနဲ့ ၂ ဂိုးစီ သရေကျကာ၊ ဘုန်းမောက် ကိုတော့ ၂-၀ နဲ့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ၁၁ ယောက်ချင်း ကစားရတဲ့ ကျန်ပွဲစဉ်တွေမှာတော့ ရာနှုန်းပြည့် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်တာ တွေ့ရပါတယ်။ ခြုံငုံ သုံးသပ်ရရင်တော့ အာဆင်နယ်ဟာ အဓိက ကစားသမား တချို့ မပါဝင်နိုင်ချိန်မှာတောင် ပုံစံ ပျက်မသွားအောင် ကစားနေနိုင်ပေမယ့် ကစားအား ကတော့ သိသိသာသာ ထိုးကျပြီး အားရစရာ ခြေစွမ်းမျိုးနဲ့ မမြင်တွေ့ရတော့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ မီခဲလ် အာတေးတား ကတော့ ဒီတစ်ပတ်မှာ ကစားရမယ့် လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အတွက် သူတို့ အသင်းကို အပြည့်အဝ ယုံကြည့်ထားဖို့နဲ့ အသင်း ကလည်း ကစားပုံ ကောင်းမွန်နေစေရမယ်လို့ ကတိပေး စကား ပြောကြားထားခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေနေ့ ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ကိုတော့ အာဆင်နယ် ဘက်က အဓိက နောက်ခံလူ ဝီလီယမ်စ် ဆလီဘာ အနီကတ် ပြစ်ဒဏ်ကြောင့် ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။
လစ်ဗာပူးလ်နဲ့ ပွဲအတွက် အသင်းကို ယုံကြည်ထားဖို့ ပြောလာတဲ့ မီခဲလ် အာတေးတား

လာမယ့် တနင်္ဂနွေနေ့ ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ကိုတော့ အာဆင်နယ် ဘက်က အဓိက နောက်ခံလူ ဝီလီယမ်စ် ဆလီဘာ အနီကတ် ပြစ်ဒဏ်ကြောင့် ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် တောင်ပံ ကစားသမား ဘူကာယို ဆာကာ ကလည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးသလို ရီကာဒို ကာလာဖီအိုရီ၊ တင်ဘာနဲ့ အိုဒီဂတ် တို့ကလည်း လွဲချော်ဦးမှာ ဖြစ်ပါတယ်။

တစ်ဖက်က လစ်ဗာပူးလ် မှာတော့ အလီဆွန် ဘက်ကာ၊ ခီယေဇာနဲ့ အဲလီယော့တ်တို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီးတော့ ဂျိုတာ ကတော့ နံရိုး ဒဏ်ရာကြောင့် လွဲချော်ဖွယ် ရှိနေပါတယ်။ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ဖောရက်စ် တစ်သင်းတည်းကို ရှုံးထားပြီး ကျန်ပွဲ အားလုံး အနိုင်ရထားပါတယ်။ ဒါ့အပြင် ကြိုးကြာနီတွေဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက် အနိုင်ရထားသလို ရဂိုး ကတော့ ၂၆ ဂိုး၊ ပေးဂိုး ကတော့ ၅ ဂိုးသာ ရှိထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်