နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမ်းမရိတ်စ်မှာ အာဆင်နယ်တို့ လစ်ဗာပူးလ်ကို အသာရသွားမလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ပွဲစဉ် (၉)ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။ လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရဖို့  ရှိနေပြီးတော့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့တော့ ရှိပါတယ်။

အာဆင်နယ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘုန်းမောက်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ဒီရာသီ အတွက် ပထမဦးဆုံး ရှုံးပွဲ တွေ့ခဲ့ရပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ အနီကတ် ပြသခံရတဲ့ ပွဲစဉ်က ၈ ပွဲမှာ ၃ ပွဲ အထိ ရှိထားခဲ့ပြီး အဲ့ဒီ ၃ ပွဲစလုံး အမှတ်လျော့ခဲ့ပါတယ်။ ဂန်းနားတွေဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေပြီးတော့ ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ၃ မှတ် ကွာဟနေခဲ့ပါတယ်။ အာဆင်နယ်ရဲ့ လက်ရှိ ခြေစွမ်းပိုင်း ကတော့ မဆိုးဘူး ဆိုပေမယ့် ဆလီဘာ မပါတဲ့ ခံစစ်က လစ်ဗာပူးလ် တိုက်စစ်ကို ဘယ်လိုပုံစံနဲ့ ထိန်းချုပ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်က ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားခဲ့ပြီးတော့ ကျန်ပွဲစဉ် အားလုံးကို အနိုင်ရထားပါတယ်။ လစ်ဗာပူးလ်ဟာ ယာဂင် ကလော့ပ်နဲ့ လမ်းခွဲပြီး အာနေး ဆလော့တ်နဲ့ ပွဲဦးထွက် ရာသီ အဖြစ် ဖြတ်သန်းနေပေမယ့်လည်း ခြေစွမ်းကောင်းတွေနဲ့ အတူ ပြိုင်ဘက်တွေကို အကောင်းဆုံး ရင်ဆိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ လက်တလော ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်ရော၊ ခံစစ်ပါ အကောင်းဆုံး အသင်း ဖြစ်နေတဲ့ အသင်းပါ။ ဒီပွဲဟာ လစ်ဗာပူးလ်တို့ ချန်ပီယံဆု အတွက် မျှော်လင့်ချက် ရှိမရှိကို အတိုင်းအတာ တစ်ခု အထိ အဖြေထုတ်ပေးနိုင်မယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

လစ်ဗာပူးလ်က ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားခဲ့ပြီးတော့ ကျန်ပွဲစဉ် အားလုံးကို အနိုင်ရထားပါတယ်။
ဒီရာသီ အတွက် ရှုံးပွဲ တစ်ပွဲသာ ရှိထားခဲ့တဲ့ လစ်ဗာပူးလ်

အခုပွဲကိုတော့ အာဆင်နယ် ဘက်က တင်ဘာနဲ့ ဘူကာယို ဆာကာ တို့ ပါဝင်ကစားဖို့ မသေချာသေးပဲ ရီကာဒို ကာလာဖီအိုရီ၊ မာတင် အိုဒီဂတ်နဲ့ တီယာနေး တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဝီလီယမ် ဆလီဘာ ကတော့ အနီကတ် ပြစ်ဒဏ်ကြောင့် လွဲချော်မှု ရှိနေတာ ဖြစ်ပါတယ်။ 

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဝှိုက်၊ ဂါဘရီရယ်၊ ဇင်ချန်ကို၊ မာရင်နို၊ ပါတေး၊ ရိုက်စ်၊ ဆာကာ၊ ဟာဗက်ဇ်၊ မာတင်နယ်လီ

လစ်ဗာပူးလ် – ခယ်လာဟာ၊ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ မာ့ခ် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ မိုဟာမက် ဆာလာ၊ ဆိုဘို့ဇ်လိုင်း၊ ဒီးရာ့ဇ်၊ နူညက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၈ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၁၄ ကြိမ် နိုင်ပြီး ၁၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ကြိမ် မှာတော့ လစ်ဗာပူးလ်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး အာဆင်နယ် ကတော့ ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်က နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး လစ်ဗာပူးလ် ကတော့ ၅ ပွဲစလုံး အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၂.၅၁ ဆ နီးပါး ရမှာ ဖြစ်ပြီး လစ်ဗာပူးလ် နိုင်ရင်တော့ ၂.၆၅ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၀၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အာဆင်နယ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံးနဲ့ ဒဲ့ကြေးတွေ ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ နှစ်သင်းစလုံးက ပုံစံကောင်း ရနေကျလို့ မှန်းဆရတော့ ခက်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် နှစ်သင်းစလုံး အမှားခံလို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အပြန်အလှန် အမှားစောင့် ကစားရင်း သရေကျသွားမယ်လို့ ထင်ပါတယ်။ သွင်းဂိုးလည်း နည်းနိုင်တဲ့ ပွဲ ဖြစ်ပါတယ်။

ခန့်မှန်းရလဒ်

အာဆင်နယ် ၀-၀ လစ်ဗာပူးလ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်