မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်ကို ၄-၀ ရလဒ်နဲ့ ခြေစွမ်းပြ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ နည်းပြသစ် ရူဘင် အမော်ရင် လက်ထက် ယူနိုက်တက် အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ဖြစ်ခဲ့သလို ကစားသမားတွေ ကလည်း အားရစရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမော်ရင် ကတော့ ရာသီကုန်ချိန်မှာ သူတို့ အသင်း အနေနဲ့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ ရရှိရေးထက် စွမ်းဆောင်ရည် အပိုင်း ကိုသာ အာရုံစိုက်ထားတယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဒီရာသီ ရည်မှန်းချက်မှာ အဆင့် ၄ အတွင်း ရပ်တည်နိုင်ရေးလားဟု မီဒီယာတွေရဲ့ မေးမြန်းမှုကို အမော်ရင်က “မဟုတ်ဘူးလို့ ပြောရင် ကျွန်တော်က မန်ချက်စတာယူနိုက်တက် နည်းပြ မဖြစ်နိုင်ဘူးလို့ ခင်ဗျားက ပြောလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က ပရိသတ်တွေကို ရိုးသားစွာပဲ ပြောချင်တယ်။ ရလဒ်တွေကို မဟုတ်ဘဲ စွမ်းဆောင်ရည် ကိုပဲ အာရုံစိုက်ကြရအောင်ပါ။ ရာသီကုန်ရင် ဘာဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ရာသီကုန်မှ ကျွန်တော်တို့ ရပ်တည်မယ့် နေရာကို ဆုံးဖြတ်နိုင်မယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ လာမယ့် ပွဲကို အာရုံစိုက်ပြီး စွမ်းဆောင်ရည်ကိုပဲ ကြည့်ကြတာပေါ့။ ကျွန်တော့် ချာတိတ်တွေကို ဂုဏ်ပြုပါတယ်။ အခုတော့ အနားယူပြီး အာဆင်နယ်နဲ့ ပွဲအကြောင်း တွေးကြတာပေါ့။” လို့ ဖြေကြားသွားခဲ့ပါတယ်။
အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ယူနိုက်တက် အတွက် ဂိုးတွေ ကိုတော့ မားကပ်စ် ရပ်ရှ်ဖို့ဒ်က ၃၄ မိနစ်နဲ့ ၄၆ မိနစ်၊ ဇီယက်ခ်ဇီးက ၄၁ မိနစ်နဲ့ ၆၄ မိနစ် တို့မှာ နှစ်ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ အာမက်ဒ် ဒီယာလို ကလည်း ၂ ဂိုးစီ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ နည်းပြသစ် အမော်ရင် လက်ထက်မှာ ခြေစွမ်းပိုင်း ပြီးပြည့်စုံအောင် ကောင်းမွန်နေခြင်း မရှိပေမယ့်လည်း တစ်ပွဲထက် တစ်ပွဲ တိုးတက်လာတာ ကိုတော့ တွေ့ရပါတယ်။ အဓိက ကတော့ ကစားသမား တချို့မှာ ပျောက်ဆုံးနေတဲ့ စွမ်းဆောင်ရည်တွေ ပြန်လည် မြင်တွေ့လာရပြီး ထင်သာတဲ့ အခြေအနေ ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ပဲ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အမော်ရင် စတင် ကိုင်တွယ်ချိန်က စပြီး နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်အတန်ကြာ ဂိုးပေါက် ပျောက်ဆုံးနေတဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီး ကလည်း ဂိုးပေါက် ပြန်တွေ့ခဲ့တာက အားရစရာ အခြေအနေ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲ ရလဒ်ကြောင့် ၁၃ ပွဲ ကစား ပြီးချိန်မှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၉ နေရာကို တက်လှမ်းလာနိုင်ပြီးတော့ ချန်ပီယံလိဂ် ဝင်ခွင့် အဆင့် ၄ နေရာက ဘရိုက်တန်နဲ့ ၄ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.