နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ် ကလပ်တွေဆီ ရောင်းချလိုခြင်း မရှိတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်ဖို့ စီစဉ်နေပေမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဆီကိုတော့ ရောင်းချလိုခြင်း မရှိဘူးလို့ သိရပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ နည်းပြသစ် ရူဘင် အမော်ရင် လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် မရရှိတာကြောင့် အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီးတော့ စိန်ခေါ်မှု အသင်းတွေ ရင်ဆိုင်ဖို့ အသင့် ရှိနေကြောင်းလည်း ပြောကြားထားခဲ့ပါတယ်။ အသက် ၂၇ နှစ် အရွယ် အင်္ဂလန်သားကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ရက်ရှ်ဖို့ဒ်က အီတလီ စီးရီးအေ ထိပ်သီး ကလပ် တစ်ခုကို ရောက်ရှိဖို့ အလားအလာ များနေပြီးတော့ အေစီမီလန်နဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေတယ်လို့လည်း သိရပါတယ်။

ဒီသတင်း ကိုတော့ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ပတ်သတ်လာရင် ယုံကြည်ရတဲ့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့တာ ဖြစ်ပြီး အေစီမီလန်က အင်္ဂလန် ကစားသမား ကို ရာသီကုန် အထိ အငှားစာချုပ် အပြင် အပြီးသတ် ခေါ်ယူခွင့်နဲ့ပါ ခေါ်ယူသွားချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

ဒီလို ယူနိုက်တက်နဲ့ရော နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်နဲ့ပါ အဆင်မပြေတဲ့ ရက်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အပြင် အေစီမီလန်၊ ဒေါ့မန်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း မျက်စိကျနေပါတယ်။
နည်းပြ ရူဘင် အမော်ရင်ရဲ့ စိတ်ကြိုက်ကစားသမား မဟုတ်တော့တဲ့ ရက်ရှ်ဖို့ဒ်

အေစီမီလန်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာတုန်းက အင်္ဂလန် တိုက်စစ်မှူး တမ်မီ အေဘရာဟမ်နဲ့ အင်္ဂလန် နောက်ခံလူ တိုမိုရီ တို့ကို ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း အင်္ဂလန် လက်ရွေးစင်ဟောင်း ရက်ရှ်ဖို့ဒ် ကိုပါ ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်က ၂၀၁၅ ခုနှစ်မှာ ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားက သူရဲ့ ခြေစွမ်းတွေက တသမတ်တည်း ထိန်းသိမ်းထားနိုင်ခြင်း မရှိသလို တဖြည်းဖြည်းလည်း ကျဆင်းလာတာကြောင့် ယူနိုက်တက် ဘက်က ရောင်းထုတ်ဖို့ အထိ စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ် ကိုယ်တိုင်က အသင်းသစ်ကို ပြောင်းရွှေ့လိုနေတဲ့ ပုံစံမျိုး ပြသထားတာကြောင့် အသင်း ဘက်က လက်လွှတ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဒီလို ယူနိုက်တက်နဲ့ရော နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်နဲ့ပါ အဆင်မပြေတဲ့ ရက်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အပြင် အေစီမီလန်၊ ဒေါ့မန်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း မျက်စိကျနေပါတယ်။ ကလပ် အများစု ကတော့ ရက်ရှ်ဖို့ဒ်ကို ကနဦး အငှားနဲ့ ခေါ်ယူပြီးမှ အပြီးသတ် ခေါ်ယူလိုနေကြတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကို အေစီမီလန် အပြင် နာပိုလီ ကလည်း စိတ်ဝင်စားနေခဲ့သလို ကွန်တီရဲ့ အသင်းက ဂါနာချို ကိုပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

အေစီမီလန်နဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် တို့ဟာ အရင် ကတည်းက ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပြီး ယခင် ကလည်း နောက်ခံလူ ဒီယိုဂို ဒါးလော့တ်ကို တစ်ရာသီ အငှားချခဲ့ဖူးပါတယ်။ လက်ရှိမှာ အေစီမီလန်နဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့က အထမြောက်နိုင်ချေ များနေပေမယ့် မြင့်မားတဲ့ လုပ်ခ လစာ အတွက် ကိုတော့ ညှိနှိုင်းရဖို့ ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်