နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂီတာဖေးနဲ့ ပွဲတိုက်စစ်ပိုင်းအားနည်းခဲ့လို့ စိတ်ပျက်နေတဲ့ ဟန်ဆီဖလစ်ခ် | လာလီဂါ

လာလီဂါကလပ်ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ခ်ကတော့ပြီးခဲ့တဲ့ပွဲမှာသူ့အသင်းရဲ့တိုက်စစ်ပိုင်းအားနည်းချက်ကိုစိတ်ပျက်နေကြောင်းသိရပါတယ်။ဘာစီလိုနာဟာလာလီဂါပွဲစဉ်၂၀အဖြစ်ကစားခဲ့တဲ့ဂီတာဖေးနဲ့ပွဲမှာအခွင့်အရေးတွေအကြိမ်ကြိမ်ရရှိခဲ့ပေမယ့်တိုက်စစ်ပိုင်းကအဆုံးသတ်အားနည်းမှုတွေကြောင့်တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်ဟန်ဆီဖလစ်ခ်ကသူ့အသင်းရဲ့အဆုံးသတ်အားနည်းချက်တွေနဲ့ပတ်သတ်လို့အခုလိုပဲဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ဟန်ဆီဖလစ်ခ်က “ကျွန်တော့်အသင်းကအနိုင်ရနိုင်တဲ့အခွင့်အရေးတွေရခဲ့ပါတယ်။ဒါပေမယ့်အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့လို့ကျွန်တော်တို့အနေနဲ့စိတ်ပျက်ခဲ့ရပါတယ်။ဂီတာဖေးခံစစ်ကစားတာကောင်းတာမှန်ပေမယ့်ကျွန်တော်တို့အနေနဲ့ဂိုးရှေ့မှာအဆုံးသတ်ပိုင်းသေချာမှုမရှိခဲ့ပါဘူး။လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာက၂၀၂၅ခုနှစ်အတွင်းကစားခဲ့တဲ့ပွဲစဉ်၃ပွဲရှိထားပြီးတော့စပိန်စူပါဖလားမှာလာလီဂါပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကိုဂိုးပြတ်သွင်းပြီး၅-၂ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။
ဒီရာသီလာလီဂါရဲ့ သွင်းဂိုးအများဆုံးအသင်းဖြစ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာက၂၀၂၅ခုနှစ်အတွင်းကစားခဲ့တဲ့ပွဲစဉ်၃ပွဲရှိထားပြီးတော့စပိန်စူပါဖလားမှာလာလီဂါပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကိုဂိုးပြတ်သွင်းပြီး၅-၂ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။အဲဒီနောက်စပိန်ဘုရင့်ဖလားမှာရီးရဲလ်ဘက်တစ်ကို၅-၀ရလဒ်နဲ့အနိုင်ရခဲ့ပြန်ပေမယ့်လည်းဒီတစ်ပတ်မှာကစားခဲ့တဲ့ဂီတာဖေးနဲ့လာလီဂါပွဲစဉ်မှာတော့ဂိုးရဖို့ရုန်းကန်ခဲ့ရကာသရေတစ်မှတ်စီခွဲယူခဲ့တာပါ။ဘာစီလိုနာဟာဂီတာဖေးနဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာဘောလုံးပိုင်ဆိုင်မှု၇၈ရာခိုင်နှုန်းရှိခဲ့ပြီးဂိုးကန်သွင်းခွင့်၂၁ကြိမ်အထိရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းဘာဆာကဂိုးပေါက်တည့်ကန်ချက်၅ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီးသွင်းဂိုးလည်း၁ဂိုးသာရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ခ်ကသူတို့အသင်းအနေနဲ့အဆုံးသတ်ပိုင်းအားနည်းနေတယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာကဒီရာသီလာလီဂါမှာသွင်းဂိုး၅၂ဂိုးရရှိထားပြီးသွင်းဂိုးအများဆုံးအသင်းအဖြစ်ရပ်တည်နေတာပါ။ကစားသမားတွေအရဆိုရင်လည်းရောဘတ်လီဝမ်ဒေါစကီးကသွင်းဂိုး၁၆ဂိုး၊ရာဖင်ညာက၁၁ဂိုးအထိသွင်းယူကာလာလီဂါဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာထိပ်ဆုံးကရှိနေတာတွေ့ရပါတယ်။ခံစစ်ပိုင်းကတော့၂၃ဂိုးပြန်ပေးထားရပြီးပြီးခဲ့တဲ့ပွဲမှာဘာစီလိုနာကိုခံစစ်ပိတ်ကစားခဲ့တဲ့ဂီတာဖေးကတော့ပေးဂိုး၁၇ဂိုးသာရှိထားခဲ့ပြီးတော့ဒီရာသီလာလီဂါရဲ့တတိယမြောက်ခံစစ်အကောင်းဆုံးအသင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ဘာစီလိုနာကပွဲစဉ်တစ်လျှောက်လုံးပြိုင်ဘက်ကိုတစ်ဖက်သတ်ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပေမယ့်လည်းဂီတာဖေးရဲ့ကောင်းမွန်တဲ့ခံစစ်ကြောင့်အခက်တွေ့ခဲ့ရတာဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်