နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်ပြီး ပွဲရဲ့ အဆုံးအဖြတ် ကစားသမား ဖြစ်ကြောင်း ကြုံးဝါးခဲ့တဲ့ ဗီလာ ကစားသမားသစ် ရက်ရှ်ဖို့ဒ် | ပရီးမီးယားလိဂ်

မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဒီဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ချက်စတာယူနိုက်တက် ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က ဗီလာကို ရာသီကုန်အထိ အငှားစာချုပ် + ပေါင်သန်း ၄၀ တန် အပြီးသတ် ခေါ်ယူခွင့် တို့နဲ့ ပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ကစားသမားသစ် ရက်ရှ်ဖို့ဒ်က အသင်းနဲ့ ပထမဦးဆုံး အင်တာဗျူး မှာတော့ သူ့အနေနဲ့ ပြိုင်ဘက် အသင်းတွေကို ဒုက္ခပေးနိုင်ဆဲ ဖြစ်သလို ပွဲစဉ်တွေ ကိုလည်း အဆုံးအဖြတ် ပေးနိုင်နေဆဲ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က “ကျွန်တော် ပြိုင်ဘက် အသင်းတွေကို ဒုက္ခပေးနိုင်တယ် ဆိုတာ သိထားပြီးတော့ ကျွန်တော် အကောင်း ဆုံး ကစားနိုင်ချိန်မှာ ဆိုရင် ပွဲစဉ်တွေ ကိုပါ အဆုံးအဖြတ်ပေးနိုင်ဆဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက် ပန်းတိုင် ဖြစ်ပါတယ်။ အသင်းကို နိုင်ပွဲတွေ ပိုပြီး ရအောင် ရမှတ်တွေ ပိုရအောင် ကူညီပေးဖို့နဲ့ သမိုင်းကောင်းတွေ ဖန်တီးပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော်က ချန်ပီယံလိဂ်မှာ ပွဲတော်တော်များများ ကစားခဲ့ရတာကြောင့် ဒီလို အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ အတွေ့အကြုံကောင်းတွေ ရှိတယ်လို ခံစားရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး “ဒါက အခြား အသင်း တစ်သင်း အတွက် ပထမဦးဆုံး အကြိမ် ကစားပေးရတော့မှာ ဖြစ်ပေမယ့်လည်း စိုးရိမ် ကြောက်ရွံ့မှုထက် စိတ်လှုပ်ရှားမှုက ပိုများနေပါတယ်။ ဒီအသင်းက ရည်မှန်းချက် ကြီးမားပြီးတော့ သူတို့ကို ရှေ့ဆက်သွားနိုင်အောင် ကူညီဖို့က ကျွန်တော့် အတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ခုပါပဲ။” လို့ ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ဒေါက်တာလေးက ပရီးမီးယားလိဂ် ဇယား အောက်ပိုင်း ကနေ အဆင့် ၈ နေရာက အသင်းဆီ တက်လှမ်း ကစားခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေတဲ့ ရက်ရှ်ဖို့ဒ်

ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်မှာ ကြိုးစားချင်စိတ် နည်းတဲ့ ကစားသမား အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်သားက နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ ပွဲထွက် ကစားခွင့်တွေ ဆက်တိုက် ပျောက်ဆုံးခဲ့ရပြီးတော့ တချို့ ပွဲတွေမှာ ဆိုရင် ကစားသမား စာရင်း ကနေပါ လုံးဝ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့ မှာတော့ အက်စတွန်ဗီလာကို ရာသီကုန် အထိ အငှား + ပေါင် သန်း ၄၀ တန် အပြီးသတ် ခေါ်ယူခွင့် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်က အက်စတွန်ဗီလာမှာ ဂျွန် ဒူရန် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ ကို ဝတ်ဆင် မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရက်ရှ်ဖို့ဒ်က အက်စတွန်ဗီလာကို ပြောင်းရွှေ့ခဲ့တာကြောင့် ချန်ပီယံလိဂ် လည်း ပြန်လည် ကစားရတော့မှာ ဖြစ်ပြီး အက်ဖ်အေဖလားမှာလည်း စပါးနဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါက်တာလေးက ပရီးမီးယားလိဂ် ဇယား အောက်ပိုင်း ကနေ အဆင့် ၈ နေရာက အသင်းဆီ တက်လှမ်း ကစားခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ အက်စတွန်ဗီလာရဲ့ တိုက်စစ်မှာ အိုလီ ဝက်ကင်န်၊ ရော်ဂျာစ်၊ လီယွန် ဘိုင်လီ၊ ဂျကော့ဘ် ရမ်ဆေးတို့ အပြင် ကစားသမားသစ်တွေ ဖြစ်တဲ့ ဒွန်ရဲလ် မယ်လန်၊ မားကို့စ် အဆန်စီယို တို့လည်း ရှိနေတာကြောင့် ရက်ရှ်ဖို့ဒ် တစ်ယောက် ပုံမှန် ပွဲထွက်ခွင့်ရဖို့ ဆိုရင်တော့ ယူနိုက်တက်မှာ တုန်းကထက် ပိုကြိုးစားဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်