ဆော်ဒီပရိုလိဂ်ကလပ်အဲလ်အစ်တီဟတ်ကတော့လာမယ့်အပြောင်းအရွှေ့တွေမှာဥရောပထိပ်တန်းကစားသမားတွေနဲ့အသင်းကိုအားဖြည့်ဖို့ပြင်ဆင်နေပါတယ်။အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရဆိုရင်အဲလ်အစ်တီဟတ်ကဘာစီလိုနာရဲ့နယ်သာလန်ကွင်းလယ်လူဖရန်ကီဒီယောင်ကိုလာမယ့်နွေရာသီမှာကမ်းလှမ်းဖို့စီစဉ်လျက်ရှိနေကြောင်းသိရသည်။
အသက်၂၇နှစ်အရွယ်နယ်သာလန်ကွင်းလယ်ကြယ်ပွင့်ဖရန်ကီဒီယောင်ဟာလာမယ့်၂၀၂၆ခုနှစ်နွေရာသီမှာဘာစီလိုနာနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်းဖြစ်ပါတယ်။ဘာစီလိုနာဟာဒီယောင်ကိုလုပ်ခလစာမြင့်မားစွာပေးချေနေရတာကြောင့်အသင်းကနေရှင်းထုတ်ဖို့ဆန္ဒရှိနေပေမယ့်ကစားသမားကတော့ကတ်တာလန်ကလပ်မှာသာဆက်နေချင်နေတာဖြစ်ပါတယ်။လာလီဂါကလပ်ဟာဖရန်ကီဒီယောင်ကို၂၀၁၉ခုနှစ်နွေရာသီမှာယူရို၇၅သန်းပေးချေကာခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းဒီယောင်ဟာဘာစီလိုနာမှာဒဏ်ရာပြဿနာတွေနဲ့မကြာခဏရင်ဆိုင်ခဲ့ရသလိုလက်ရှိမှာသူ့ရဲ့နေရာကိုအစားထိုးနိုင်တဲ့လူငယ်ကြယ်ပွင့်ကစားသမားများစွာပိုင်ဆိုင်ထားတာကြောင့်ရောင်းထုတ်ဖို့ဆန္ဒရှိနေတာဖြစ်ကြောင်းသိရပါတယ်။
အဓိကကတော့ဘာစီလိုနာဟာစာချုပ်သက်တမ်းကုန်ဆုံးဖို့နီးကပ်နေတဲ့ဒီယောင်ကိုရာသီကုန်မှအလွတ်နဲ့ထွက်ခွာခွင့်ပေးရမယ့်အစားပြောင်းရွှေ့ကြေးယူရို၄၅သန်းဝန်းကျင်ရရှိရင်ပဲရောင်းထုတ်ဖို့ဆန္ဒရှိနေကြောင်းစပိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။နယ်သာလန်ကွင်းလယ်လူဒီယောင်ကိုခေါ်ယူဖို့အတွက်ပရီးမီးယားလိဂ်ထိပ်သီးလစ်ဗာပူးလ်အပါအဝင်ဥရောပထိပ်သီးကလပ်တချို့ကလည်းစိတ်ဝင်စားနေကြပါတယ်။

အခုနောက်ဆုံးမှာတော့ဒီယောင်ကိုဆော်ဒီပရိုလိဂ်ကလပ်အဲလ်အစ်တီဟတ်ကလက်ရှိဘာစီလိုနာမှာရရှိနေတဲ့လုပ်ခလစာထက်၂ဆပေးကာကမ်းလှမ်းဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။အဲလ်အစ်တီဟတ်ကတော့ဆော်ဒီပရိုလိဂ်အဓိကပြိုင်ဘက်တွေဖြစ်တဲ့အဲလ်ဟီလာနဲ့အဲလ်နာဆာတို့ကိုရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရေးကစားသမားကောင်းတွေနဲ့အားဖြည့်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဒီယောင်ကိုယ်တိုင်ကလည်းသူ့ကိုလူတွေကတော့ဘာစီလိုနာမှာပဲထာဝရနေသွားမယ်လို့ထင်ကြမှာဖြစ်ကြောင်း၊ဘာကြောင့်လဲဆိုတော့ဘာစီလိုနာမှာကဘောလုံးလောကရဲ့အပြင်ဘက်မှာကနေထိုင်ရတာကောင်းမွန်တာကြောင့်ဖြစ်ကြောင်း၊ဒါပေမယ့်လည်းကွင်းထဲမှာဖြစ်ပျက်နေတာတွေကအမြဲတမ်းပိုပြီးအရေးကြီးကြောင်း၊သူ့အနေနဲ့အသင်းအတွက်လုံလောက်စွာမပါဝင်နိုင်ရင်ဒါမှမဟုတ်အသင်းကပြိုင်ဆိုင်မှုမရှိဘူးဆိုရင်တော့ထွက်ခွာသွားမှာဖြစ်ကြောင်းပြောကြားထားခဲ့ဖူးပါတယ်။
ဒါ့အပြင်ဒီယောင်ကသူ့အနေနဲ့ဘာစီလိုနာနဲ့လက်တွဲလိုက်ချိန်မှာ၄နှစ်နီးပါးဖြတ်သန်းပြီးချိန်အထိလာလီဂါဖလား၁လုံးကိုပါဒယ်ရေးဖလား၁လုံးနဲ့စပိန်စူပါဖလား၁လုံးသာရရှိခဲ့လို့စိတ်ပျက်မိကြောင်းအခုထက်ပိုပြီးလည်းအောင်မြင်မှုတွေရခဲ့မယ်လို့ယုံကြည်မိခဲ့ကြောင်းညီးတွားပြောဆိုတာတွေရှိခဲ့ပါတယ်။ဒီလိုပြောကြားချက်တွေအရဆိုရင်တော့နယ်သာလန်သားကမကြာခင်မှာဘာစီလိုနာကိုကျိန်းသေပေါက်စွန့်ခွာဖွယ်ရှိနေပြီလို့လည်းခန့်မှန်းလို့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.