မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ဒီကနေ့ မနက်အစောပိုင်းမှာ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပွဲစဉ် အဖြစ် အက်တီဟတ်မှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က နောက်ကျ သွင်းဂိုးတွေနဲ့ အတူ မန်စီးတီးကို ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့ အတွက် အားသာသွားခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ နှစ်သင်း အကြားနဲ့ ပရိသတ်တွေရဲ့ အကြားမှာ ၂၀၂၄ ဘယ်လွန်ဒေါဆုကြောင့် တင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြဿနာတွေ ရှိနေတဲ့ ကြားက တိုက်ဆိုင်စွာပဲ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး မန်စီးတီး ပရိသတ်တွေက စိတ်ဓာတ် စစ်ဆင်ရေးတွေ လုပ်လာခဲ့တာပါ။ ၂၀၂၄ ဘယ်လွန်ဒေါဆုကို ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာ ရရှိလိမ့်မယ်လို ရေပန်းစားခဲ့ပေမယ့် တကယ့်ပွဲ မှာတော့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီက ဒီဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ရီးရဲလ်မက်ဒရစ် တစ်သင်းလုံးက ဘယ်လွန်ဒေါ ဆုပေးပွဲကို မတက်ရောက်ခဲ့တဲ့ အထိ သပိတ်မှောက်ခဲ့ကာ နှစ်သင်းအကြား တင်းမာမှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။
အခု မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ တွေ့ဆုံချိန်မှာတော့ မန်စီးတီး ပရိသတ်တွေက ဘယ်လွန်ဒေါဆုရှင် ရိုဒရီရဲ့ ပုံနဲ့ အတူ “stop crying your heart out” ဆိုတဲ့ ကမ္ဘာကျော် အင်္ဂလန် ရော့ခ် တေးဂီတ အဖွဲ့ အိုအေဆစ်ရဲ့ သီချင်း ခေါင်းစဉ်နဲ့ ဗင်နီးစီးယပ်စ် ပါဝင်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပွဲမစခင်မှာပဲ စိတ်ဓာတ် စစ်ဆင်ရေး ပြုလုပ်လာခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ကလည်း ခံစစ် ကစားသမားတွေ ဒဏ်ရာရနေမှုကြောင့် အလယ်တန်း ကစားသမားတွေ ဆင်းကစားစေရတဲ့ အထိ အားနည်းနေခဲ့ပေမယ့် ချန်ပီယံလိဂ် အတွေ့အကြုံကောင်းတွေ အကောင်းဆုံး အသုံးချကာ ကစားနိုင်ခဲ့ပါတယ်။

မန်စီးတီးရဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခြင်း ခံခဲ့ရပေမယ့်လည်း အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ဘယ်လင်ဟမ်ရဲ့ နာကျင်အချိန်ပို နောက်ကျဂိုးနဲ့ အတူ အဝေးကွင်းမှာ ချိုမြိန်တဲ့ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ ဗင်နီးစီးယပ်စ်က ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း မန်စီးတီး ခံစစ်ကို အကြိမ်ကြိမ် ဒုက္ခပေးကာ ခြေစွမ်းပြပြီး ဂိုးဖန်တီးမှုလည်း လုပ်နိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ ဗင်နီးစီးယပ်စ်က အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော် မန်စီးတီး ပရိသတ်တွေရဲ့ banner ကို မြင်ခဲ့ရတယ်။ အဲ့ဒါက ကျွန်တော့်ကို ပိုပြီးတော့တောင် စိတ်အား တက်ကြွသွားစေခဲ့ပါတယ်။ ပြိုင်ဘက် အသင်းရဲ့ ပရိသတ်တွေက အခုလိုမျိုး လုပ်လာခြင်းက ကျွန်တော့်ကို ပိုကောင်းအောင် ကစားစေဖို့ လှုဆော်လိုက်သလိုပါပဲ။” လို့ ပြောဆိုခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲမှာ ခံစစ် ကစားသမားတွေ ဖြစ်တဲ့ ဒေးဗစ် အာလာဘာ၊ အန်တိုနီယို ရူဒီဂါ၊ ဒန်နီ ကာဗာဟယ်၊ လူးကပ်စ် ဗက်ဇ်ကွက်ဇ်တို့် မပါပဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပါဝင် ကစားခွင့် ရတဲ့ ကစားသမားတွေ ထဲမှာလည်း အဝါကတ် ထိထားသူတွေ ရှိတာကြောင့် ထိန်းကစားခဲ့ပေမယ့် အဖိုးတန် နိုင်ပွဲ ရရှိခဲ့တာကြောင့် ဒုတိယအကျော့ အတွက် အားသာချက်တွေ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် မှာ မန်စီးတီးနဲ့ တွေ့ဆုံချိန်တိုင်း ခက်ခဲတတ်တဲ့ အစဉ်အလာကို ကျော်ဖြတ်ပြနိုင်ပြီး ဒုတိယအကျော့ မှာရော အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.