လက်စတာစီးတီး – အာဆင်နယ်
ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲအဖြစ် အာဆင်နယ်ကလက်စတာစီးတီးကိုကင်းပါဝါမှာသွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲကိုရောက်ရှိနေတဲ့ လက်စတာစီးတီးတို့ တိုက်စစ် အားနည်းချက်တွေရှိနေတဲ့ အာဆင်နယ်ကိုအိမ်ကွင်းမှာဒုက္ခပေးနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
လက်စတာစီးတီးကပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲကိုရောက်နေပြီးတန်းမဆင်းရရေးလက်ကျန် ပွဲစဉ်တွေကိုအပြည့်အဝအားစိုက်ရုန်းရမှာပါ။ လက်စတာကနည်းပြ ဗန်နစ္စတယ်ရွိုင်းလက်ထက် မှာလည်းရလဒ်ပိုင်းကအားရစရာမရှိသေးသလိုပြိုင်ဘက်တိုင်းကိုအရှုံးပေးနေရဆဲပါ။ထူးထူးခြားခြားစွမ်းဆောင်ပြနိုင်ခဲ့တာဆိုလို့ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲစဉ်မှာပဲရှိခဲ့ပါတယ်။ နောက်ဆုံးပွဲမှာဆိုရင် လက်စတာကအဲဗာတန်ကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့လို့ ခြေစွမ်းပိုင်းက မျှော်လင့်ချင်စရာမရှိပါဘူး။
ပွဲကျန်မှာလစ်ဗာပူးလ်ကအဲဗာတန်နဲ့ မထင်မှတ်ပဲသရေကျသွားလို့ အာဆင်နယ်တို့ အမှီလိုက်နိုင်ဖို့ အခွင့်အရေးရသွားခဲ့ပါတယ်။ အာဆင်နယ်ကပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ကလစ်ဗာပူးလ်နဲ့ ၇ မှတ်သာကွာဟနေခဲ့ပြီးလက်ကျန် ပွဲစဉ်တွေမှာခြေချော်လို့ မရတဲ့ အခြေအနေဖြစ်ပါတယ်။ ပြဿနာကအာဆင်နယ် တိုက်စစ်ကကစားသမားတော်တော်များများဒဏ်ရာရနေကြပြီးပွဲထွက်ကစားနိုင်မယ့်သူ ၃ ဦးလောက်ပဲရှိနေတာဖြစ်ပါတယ်။ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာတော့ အာဆင်နယ်ကအပြစ်ပြောစရာမရှိပဲ World Class အဆင့် ဖြစ်လို့ စိတ်ချရပါတယ်။ လက်စတာကအာဆင်နယ်ကို Low Block နဲ့ ပိတ်ကစားလာရင် မီခဲလ် အာတေးတားရဲ့ အသင်းကျိန်းသေပေါက် ခက်ခဲပါလိမ့်မယ်။
နှစ်ဖက်အသင်းသတင်းများ
အာဆင်နယ် ဘက်မှာတော့ ဘန်ဝှိုက်၊ ဆာကာ၊ ဂျေဇုစ်၊ မာတင်နယ်လီ၊ ဟာဗက်ဇ်၊ တိုမီယာဆုတို့ လွဲချော်ကြမှာဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း

လက်စတာစီးတီး-ဟာမန်ဆန်၊ ဂျက်စတင်၊ အိုကိုလီ၊ ဖေးစ်၊ သောမက်စ်၊ အန်ဒီဒီ၊ ဆူမာရေး၊ ဒီကော်ဒိုဗာ-ရိဒ်၊ အဲလ်-ခန်နော့စ်၊ အာယူး၊ ဗာဒီ
အာဆင်နယ် -ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ လီဝစ်-စကယ်လီ၊ အိုဒီဂတ်၊ ပါတေး၊ ရိုက်စ်၊ နွမ်နရီ၊ ထရော့ဆက်ဒ်၊ စတာလင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
ဒီနှစ်သင်းကအကြိမ် ၂၀ တွေ့ဆုံခဲ့ရာမှာလက်စတာစီးတီးက ၄ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျပြီးအာဆင်နယ်က ၁၃ ကြိမ် အနိုင်ရခဲ့ပါတယ်။ပရီးမီးယားလိဂ်နောက်ဆုံး ၆ ကြိမ် တွေ့ဆုံမှုမှာတော့ အာဆင်နယ် ကပဲအနိုင်ရထားပါတယ်။ ကင်းပါဝါမှာကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာအာဆင်နယ်က ၄ ကြိမ်နိုင်ပြီးလက်စတာစီးတီးက ၁ ကြိမ်သာအနိုင်ရခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1X2 မှာလက်စတာစီးတီးနိုင်ရင်၈.၂၀ဆ၊အာဆင်နယ်နိုင်ရင်၁.၂၇ဆ၊သရေဆိုရင်တော့၅.၁၀ဆရမှာဖြစ်ပါတယ်။အာရှဟန်းဒီးကပ်မှာတော့အာဆင်နယ်ကတစ်လုံးတစ်ဝက်ရှုံး၊တစ်လုံးအရှုံး၊ နှစ်လုံးသွင်းရင်တောင် အပြည့်မနိုင်တဲ့ ကြေးမျိုးတွေပေးထားပါတယ်။ ဂိုးပေါင်းကတော့ နှစ်သင်းပေါင်း ၃ လုံး က စဖွင့်ပါတယ်။လက်စတာစီးတီးရဲ့ လက်ရှိခြေစွမ်းကအနိုင်ရဖို့ထက် ရသမျှ အမှတ်ယူဖို့ပဲကြိုးစားနေရတဲ့ အခြေအနေပါ။ တန်းမဆင်းရရေးရုန်းကန်နေပေမယ့် အာဆင်နယ်လိုအသင်းမျိုးကိုတော့ ပွဲချိန်ပြည့် တောင့်ခံကစားနိုင်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ အာဆင်နယ် အနိုင်သေချာပြီးဂိုးလည်းပြတ်နိုင်ပါတယ်။
ခန့်မှန်းရလဒ်
လက်စတာစီးတီး၀-၂ အာဆင်နယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.