နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၃ ပွဲဆက်တိုက် အကောင်းဆုံး ကစားသမားဆုယူပြီး တောက်ပပြနေတဲ့ အန်တိုနီ | လာလီဂါ

အန်တိုနီ ကတော့ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ချက်စတာယူနိုက်တက် ကနေ လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ်ကို အငှား စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီဟာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရသမျှ လာလီဂါ ကလပ် မှာတော့ အစွမ်းကုန် တောက်ပပြနေပြီး ၃ ပွဲ ဆက်တိုက် အကောင်းဆုံး ကစားသမားဆု (MOTM) ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ညာတောင်ပံကစားသမား အန်တိုနီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ အေဂျက်စ် ကနေ ဆရာဟောင်း အဲရစ်ခ် တန်ဟက်ဂ် ရှိရာ ယူနိုက်တက် ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ကို ယူနိုက်တက်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ဒါပေမယ့် သူရဲ့ ပွဲဦးထွက် ရာသီမှာတော့ ပုံမှန် ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိခဲ့သလို နောက်ရာသီတွေ မှာလည်း အန်တိုနီက ပိုပိုပြီး နိမ့်ကျတဲ့ ခြေစွမ်းနဲ့ အတူ တတိယ ဦးစားပေး ကစားသမား အဖြစ်ကိုပါ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်သားက ပြီးခဲ့တဲ့ ဘောလုံးရာသီ ကလည်း ပြိုင်ပွဲစုံ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဒီရာသီ မှာလည်း ယူနိုက်တက် အတွက် သွင်းဂိုး ၁ ဂိုးတည်းသာ သွင်းနိုင်ခဲ့တာကြောင့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘက်တစ်ဆီ အငှားချခံခဲ့ရပါတယ်။ ပရိသတ် အများစုက အန်တိုနီကို ဘက်တစ်မှာ ဆက်လက် ရုန်းကန်ရနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ဘက်တစ် မှာတော့ ပြိုင်ပွဲစုံ ၄ ပွဲ ကစားရာမှာ ၃ ဂိုး သွင်း ၁ ဂိုး ဖန်တီးကာ ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီဟာ ကစားသမား ဘဝ တစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် လာလီဂါ မှာ ဖြတ်သန်းနေခဲ့တာ ဖြစ်ပြီး စပိန်မြေဟာ သူ့အတွက်တော့ အောင်မြေ ဖြစ်လာဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။ အန်တိုနီဟာ ဘီလ်ဘာအို၊ ဆဲလ်တာဗီဂို၊ ဂျန့်တ်၊ ရီးရဲလ်ဆိုစီဒက် တို့လို အသင်းတွေနဲ့ ကစားရတဲ့ ပွဲစဉ်တွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက် ပြသနေတာ ဖြစ်သလို လာလီဂါ ၃ ပွဲဆက်လည်း MOTM ရရှိထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက် ကနေ ထွက်ခွာသွားတဲ့ ကစားသမားတွေဟာ သက်ဆိုင်ရာ အသင်းတွေနဲ့ မထင်မှတ်ပဲ ခြေစွမ်းပြနေကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကစားသမားတွေ ခြေစွမ်းမပြနိုင်ခြင်းဟာ ယူနိုက်တက်ကြောင့်လည်း ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။ အန်တိုနီ အပြင် ချဲလ်ဆီးကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂျေဒန် ဆန်ချိုနဲ့ အက်စတွန်ဗီလာကို အငှားနဲ့ သွားကစားနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ကလည်း ခြေစွမ်းပြလျက် ရှိနေပါတယ်။ ဒီကစားသမား ၃ ဦးထဲမှာ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ် တို့ကို အပြီးသတ် ခေါ်ယူခွင့်ပြုထားပြီးတော့ အန်တိုနီ ကိုတော့ အပြီးသတ် ခေါ်ယူခွင့် မပါပဲ အငှားချခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အန်တိုနီရဲ့ ရီးရဲလ်ဘက်တစ်ဟာ ယူရိုပါကွန်းဖရင့်လိဂ် ပြိုင်ပွဲမှာ ရှုံးထွက် ပလေးအော့ဖ် ကစားထားပြီး ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်တစ်က လာလီဂါမှာ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီးတော့ ဥရောပဝင်ခွင့်လည်း မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အန်တိုနီ အနေနဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ ဘက်တစ်ကို ဘယ်အဆင့်ထိ ရောက်အောင် ထမ်းတင်ပေးသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာပါ။ ရီးရဲလ်ဘက်တစ် ကတော့ အသင်းမှာ အခုလို ခြေစွမ်းပြနေတဲ့ အန်တိုနီကို အပြီးသတ် ဒါမှမဟုတ် နောက်တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ လိုလားနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်