နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယာမယ်ဟာ အသင်းမှာ နှစ်ပေါင်း များစွာ ရှိနေမှာ ဖြစ်ကြောင်း ပြောဆိုလာတဲ့ ဒေကို | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ စပိန် ကြယ်ပွင့် လာမင်း ယာမယ်ဟာ အသင်းမှာ နှစ်ပေါင်း များစွာ ရှိနေမှာ ဖြစ်ကြောင်း အားကစား ဒါရိုက်တာ ဒေကိုက ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ ဘက်က ယာမယ် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ထားခြင်း မရှိသလို ပီဒရီနဲ့ ဂါဗီ လိုမျိုး အသင်း အတွက် နှစ်ပေါင်း များစွာ ပေးဆပ် ကစားမယ့်သူ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေကိုက TV3 ရုပ်သံနဲ့ အင်တာဗျူးမှာ ယာမယ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မေးမြန်းမှု အပေါ် အခုလိုပဲ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ “အသင်းမှာ အဓိက ကစားသမားတွေ အများကြီး ရှိနေပါတယ်။ သူ (ယာမယ်) ကလည်း အဲဒီ အထဲမှာ အပါအဝင် ဖြစ်ပါတယ်။ သူ့အတွက် ဆွေးနွေးမှု မရှိသလို စျေးနှုန်းသတ်မှတ်ထားတာမျိုးလည်း မရှိပါဘူး။ ကမ်းလှမ်းမှုလည်း မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က အဲဒီ အကြောင်း မပြောချင်လို့ပါ။ သူက ပတ်ဒရီနဲ့ ဂါဗီ တို့လိုပဲ ဘာဆာမှာ နှစ်တွေ အများကြီးရှိနေမယ် ဆိုတာ သေချာပါတယ်။ သူတို့ အားလုံး ဒီနေရာမှာပဲ ရှိနေမှာပါ။ အသင်း အနေနဲ့ ဒါကို သေချာအောင် လုပ်ရပါမယ်။ သူက ဒီမှာ နှစ်တွေ အများကြီး ရှိနေပါလိမ့်မယ်။ ယာမယ်က ထူးခြားတဲ့ သူတွေထဲက တစ်ယောက်ပါ။ သူ့ဆီမှာ အရည်အချင်းတွေတင် မဟုတ်ဘဲ မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေလည်း ရှိနေပါတယ်။” လို့ ဒေကိုက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ယာမယ် ကိုယ်တိုင်က ကမ်းလှမ်းမှုကို ပယ်ချပြီး လာလီဂါ ကလပ်မှာသာ ဆက်နေခဲ့ကြောင်း အသင်းရဲ့ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာက ဖွင့်ဟခဲ့ဖူးပါတယ်။
ဂါဗီ၊ ပီဒရီတို့လို ဘာစီလိုနာမှာ ကာလရှည်ကြာ ကစားဖို့ ရှိနေတဲ့ ယာမယ်

လက်ရှိမှာ အသက် ၁၇ နှစ် အရွယ်သာ ရှိနေသေးတဲ့ ယာမယ်က လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံး အကောင်းဆုံး လူငယ်ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီးတော့ ၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားဆု Kopa Trophy နဲ့ Golden Boy ဆုတွေလည်း ဆွတ်ခူးရရှိထားပါတယ်။ ဒါ့အပြင် ယာမယ်က စပိန် လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ၂၀၂၄မှာ ဗိုလ်စွဲထားခဲ့ပါသေးတယ်။ အဲဒီ အချိန်တုန်းက ယာမယ်ကို လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၅၀ နဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ယာမယ် ကိုယ်တိုင်က ကမ်းလှမ်းမှုကို ပယ်ချပြီး လာလီဂါ ကလပ်မှာသာ ဆက်နေခဲ့ကြောင်း အသင်းရဲ့ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာက ဖွင့်ဟခဲ့ဖူးပါတယ်။

လက်ရှိမှာ လာလီဂါ ကလပ် ဘာစီလိုနာက ကွင်းလယ် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ အသက် ၂၀ အရွယ် ဂါဗီနဲ့ ၂၂ နှစ် အရွယ် ပီဒရီ တို့ကို ၂၀၃၀ ခုနှစ် အထိ ကာလရှည် စာချုပ် ချုပ်ဆိုထားပါတယ်။ ဒါပေမယ့်လည်း စပိန်ရဲ့ အသက်မပြည့်သေးသူတွေ အတွက် ချမှတ်ထားတဲ့ ဥပဒေ အရ ဘာစီလိုနာ အနေနဲ့ ယာမယ်ကို ၂၀၂၆ ခုနှစ် အထိသာ စာချုပ်ချုပ်ဆိုခွင့်ရှိထားတာ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင် ကတော့ ဘာစီလိုနာဟာ သူ့အတွက် ဘဝ တစ်ခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့လည်း မျှော်လင့်ထားကြောင်း ဖွင့်ဟ ဝန်ခံထားပါတယ်။ ယာမယ်ဟာ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ အသက် ၁၈ နှစ် ပြည့်မြောက်မှာ ဖြစ်ပြီးတော့ အဲဒီရက်မှာပဲ ဘာစီလိုနာနဲ့ ၂၀၃၀ ပြည့်နှစ် အထိ စာချုပ် သက်တမ်း တိုးမြှင့်သွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်