နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိရာသီ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရမှာ မဟုတ်တဲ့ အန်ဇို မာရက်စ်ကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ အားကစားဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ ဂိုးလ်စတိန်းက လက်ရှိရာသီမှာ နည်းပြ အန်ဇို မာရက်စကာ အနေနဲ့ ရာထူး ကနေ ထုတ်ပယ်ခံရမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားလာခဲ့ပါတယ်။ 

အန်ဇို မာရက်စကာက ပြီးခဲ့တဲ့ နွေရာသီ ကမှ ချဲလ်ဆီးကို စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီးတော့ အစောပိုင်း ကလည်း သူ့ အနေနဲ့ အသင်းက သူ့ကို ဘာဖိအားမှ ပေးထားခြင်း မရှိကြောင်း ပြောကြားထားခဲ့ပါသေးတယ်။ ချဲလ်ဆီးဟာ ရာသီအစပိုင်းမှာ ရလဒ်တွေ တောက်လျောက် ကောင်းမွန်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့တောင် ရုန်းကန်နေရတဲ့ အခြေအနေလည်း ဖြစ်ပါသည်။ ဒါပေမယ့်လည်း ချဲလ်ဆီး အားကစား ဒါရိုက်တာ ဂိုးလ်စတိန်း ကတော့ မာရက်စ်ကာရဲ့ စွမ်းဆောင်မှုတွေက ကျေနပ်စရာ ဖြစ်တာကြောင့် လက်ရှိရာသီ အတွက် ရာထူး ကနေ ထုတ်ပယ်မခံရဖို့ ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

မာရက်စ်ကာဟာ ချဲလ်ဆီးဟာ ဒီရာသီ အမှတ်ပေး ချန်ပီယံ ပြေးလမ်းထဲမှာ ရှိမနေကြောင်း ဝန်ခံခဲ့ဖူးပေမယ့် လာမယ့် ၅ နှစ် ကနေ ၁၀ နှစ် အတွင်း မှာတော့ အင်္ဂလိပ် ဘောလုံးလောကို လွှမ်းမိုးနိုင်တဲ့ အသင်း တစ်သင်း ဖြစ်လာနိုင်ကြောင်းတော့ ပြောကြားထားခဲ့ပါတယ်။ မာရက်စ်ကာ သူတို့ အသင်းဟာ ချန်ပီယံလုပွဲထဲမှာ ရှိမနေကြောင်း။ ဒါပေမယ့် အသင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေနဲ့ အသက်အရွယ်တွေကြောင့်တော့ ချဲလ်ဆီးက လာမယ့် ၅ နှစ် ကနေ ၁၀ နှစ် အတွင်း အင်္ဂလိပ် ဘောလုံးလောကကို လွှမ်းမိုးနိုင်မယ့် အသင်း တစ်သင်း ဖြစ်လာမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ 

ချဲလ်ဆီးဟာ လက်ရှိ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို ဂိုးပြတ် ရှုံးထားတဲ့ ချဲလ်ဆီး

ဒါ့အပြင် ဒီအခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း မာရက်စ်ကာက အသင်းပိုင်ရှင်တွေနဲ့ အသင်း အားကစား ဒါရိုက်တာတွေနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံချိန်မှာပဲ ပြောဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မာရက်စ်ကာ ချဲလ်ဆီးကို ဘယ်နည်းပြပဲ ကိုင်တွယ်ပါစေ အသင်းက အခု ပုံစံ အတိုင်းသာ ဆိုရင်တော့ နောက်နှစ် အနည်းငယ် အတွင်း မှာပဲ ပရီးမီးယားလိဂ် ကို လွှမ်းမိုးနိုင်မှာ ဖြစ်ကြောင်းလည်း မာရက်စ်ကာ ဆိုပါတယ်။ ဒါ့အပြင် အသင်း တာဝန်ရှိသူတွေ ဘက်ကလည်း နည်းပြ အပေါ် ဒီရာသီမှာ အသင်းနဲ့ ပတ်သက်လို့ ဘာရည်ရွယ်ချက်မှ တောင်းဆိုထားခြင်း မရှိကြောင်းလည်း မာရက်စ်ကာက ဖွင့်ဟထားဘူးပါတယ်။ 

ချဲလ်ဆီးဟာ လက်ရှိ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးက အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၁ မှတ်သာ ကွာဟနေသလို အဆင့် ၃ နေရာက နော့တင်ဟမ်ဖောရက်စ်နဲ့လည်း ၄ မှတ်သာ ကွာဟတာကြောင့် Top 4 မျှော်လင့်ချက်တော့ ရှိနေပါသေးတယ်။ ချဲလ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့်လည်း ဂိုးလ်စတိန်း ကတော့ သူ့အနေနဲ့ ဒီရာသီ လက်ကျန် ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်