နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးကို အက်တီဟတ်မှာ အနိုင်ယူပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အခြေအနေ ကောင်းသွားတဲ့ လစ်ဗာပူးလ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂၆ မှာတော့ လစ်ဗာပူးလ်က မန်စီးတီးကို အက်တီဟတ်ကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် မန်စီးတီးကို အက်တီဟတ်ကွင်းမှာ ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပြီးတော့ ဒီနိုင်ပွဲကြောင့်ပဲ အာနေး ဆလော့တ်ရဲ့ အသင်းက အနီးကပ်ဆုံး ပြိုင်ဘက် အာဆင်နယ်ကို ၁၁ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးက ၄-၁-၄-၁ အခင်းအကျင်းနဲ့ အတူ အီဒါဆန်၊ လီဝစ်၊ ကူဆာနော့ဗ်၊ အေခီ၊ ဂဗာဒီယိုလ်၊ ဂွန်ဇာလက်ဇ်၊ ဒီဘရွန်းနား၊ မာမွတ်ရှ်၊ ဆာဗင်ဟို၊ ဒိုကု၊ ဖိုဒန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ထူးထူးခြားခြားပဲ ၄-၂-၄ အခင်းအကျင်းကို အသုံးပြုခဲ့ပြီး အလီဆွန်၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ အာနိုးလ်၊ မာ့ခ် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်နဲ့ တိုက်စစ် ၄ ဦး နေရာ မှာတော့ လူးဝစ်ဇ် ဒီးယက်ဇ်၊ ကာတစ် ဂျုံးစ်၊ ဆိုဘို့ဇ်လိုင်းနဲ့ မိုဟာမက် ဆာလာ တို့ကို ပွဲထုတ်ခဲ့ပါတယ်။

ဒါကြောင့် လက်ကျန် ပွဲစဉ်တွေက ပိုမို အကြိတ်အနယ် ရှိလာဖို့ ရှိပြီး ပရီးမီးယားလိဂ် Top 4 ဝင်ခွင့် အတွက် အသင်းပေါင်း ၆ သင်း အထိ အပြိုင်အဆိုင် ရှိနေပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့် အတွက်သာ ကြိုးပမ်းရတော့မယ့် မန်စီးတီး

အသင်းကြီး နှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲဖြစ်တာကြောင့် ပွဲစကတည်းက အကြိတ်အနယ် ရှိခဲ့ပြီး လစ်ဗာပူးလ်က ပိုမိုထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ် အရောက်မှာ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဆာလာရဲ့ ကန်ချက်က အေခီနဲ့ ထိပြီး လမ်းကြောင်းပြောင်းကာ ဝင်သွားခဲ့လို့ အီဒါဆင်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အဲဒီနောက် မန်စီးတီးတို့ ချေပဂိုး ပြန်လည် ရရှိဖို့ အတွက် ဘောလုံး တောက်လျောက် ကိုင်ထားပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားခဲ့တာ ကတော့ လစ်ဗာပူးလ်ပဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် မှာတော့ မိုဆာလာရဲ့ ဖန်တီးပေးမှု ကနေ ဆိုဘို့ဇ်လိုင်းက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးမှာတော့ မန်စီးတီး နောက်ခံလူတွေရဲ့ လူကပ်ပုံ အားနည်းမှု ကနေ ဟန်ဂေရီသားက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၆ မိနစ်မှာ ကာတစ် ဂျုံးစ်က လစ်ဗာပူးလ် အတွက် တတိယဂိုး သွင်းယူပေးခဲ့ပေမယ့် လူကျွံနေခဲ့လို့ VAR ပြန်ကြည့်ကာ ပယ်ဖျက်ခံခဲ့ရပါတယ်။ အဲဒီနောက် နှစ်သင်းစလုံး လူစား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေ လွဲချော်နေကြတာကြောင့် ၀-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီး ကတော့ ပွဲစဉ် ၂၆ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁၃ ပွဲ၊ သရေ ၅ ပွဲ၊ ရှုံးပွဲ ၈ ပွဲ အထိ ရှိထားပြီး ရမှတ် ၄၄ မှတ်နဲ့ အတူ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီး အဆင့် ၅ နေရာက နယူးးကာဆယ်နဲ့ ရမှတ်တူသွားသလို ဘုန်းမောက်၊ ချဲလ်ဆီး တို့နဲ့ ၁ မှတ်၊ ဘရိုက်တန်နဲ့ အက်စတွန်ဗီလာနဲ့ ၂ မှတ်၊ ဘရိုက်တန်နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ ဒါကြောင့် လက်ကျန် ပွဲစဉ်တွေက ပိုမို အကြိတ်အနယ် ရှိလာဖို့ ရှိပြီး ပရီးမီးယားလိဂ် Top 4 ဝင်ခွင့် အတွက် အသင်းပေါင်း ၆ သင်း အထိ အပြိုင်အဆိုင် ရှိနေပြီ ဖြစ်ပါတယ်။ အနိုင်ရရှိခဲ့တဲ့ လစ်ဗာပူးလ် ကတော့ အမှတ်ပေးဇယား အဆင့် ၂ နေရာက အာဆင်နယ်ကို ၁၁ မှတ် ပြန်ဖြတ်လိုက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်