နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မလုပ်သင့်တဲ့ အမှားတစ်ခုကြောင့် ကိုယ်တိုင် အတွက်ရောအသင်းအတွက်ပါ နစ်နာစေခဲ့တဲ့ အန်တိုနီ| လာလီဂါ

လာလီဂါကလပ်ရီးရဲလ်ဘက်တစ်တောင်ပံကစားသမားအန်တိုနီကတော့ဂီတာဖေးကို၂-၁ရလဒ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့တိုက်ရိုက်အနီကတ်ပြကာထုတ်ပယ်ခံခဲ့ရပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့လာလီဂါ၃ပွဲဆက်အကောင်းဆုံးကစားသမားဆုရခဲ့တဲ့အန်တိုနီတစ်ယောက်ဒီအနီကတ်ကြောင့်ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကိုလွဲချော်ရတော့မှာလည်းဖြစ်ပါတယ်။
အန်တိုနီဟာပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာမန်ချက်စတာယူနိုက်တက်ကနေလာလီဂါကလပ်ဘက်တစ်ကိုအငှားနဲ့ရောက်ရှိလာသူဖြစ်ပါတယ်။အန်တိုနီဟာဘက်တစ်အတွက်စုစုပေါင်း၆ပွဲကစားထားရာမှာခြေစွမ်းကောင်းတွေပြသနေပြီးတော့၃ဂိုးသွင်းကာဖန်တီးမှု၂ကြိမ်ပြုလုပ်ထားပါတယ်။ဒါပေမယ့်လည်းပြီးခဲ့တဲ့ဂီတာဖေးနဲ့ပွဲမှာတော့ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာပြိုင်ဘက်တိုက်စစ်မှူးဂျူအန်အီဂလားဆီးယက်စ်ကိုမဆီမဆိုင်လျှောတိုက်ဖျက်ထုတ်ခဲ့တာကြောင့်တိုက်ရိုက်အနီကတ်ပြသကာထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

အန်တိုနီဟာအဲဒီပွဲစဉ်မှာအစ္စကိုရဲ့အဖွင့်ဂိုးအတွက်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပေမယ့်ပွဲပြီးခါနီးမလုပ်သင့်တဲ့အမှားကြောင့်သူကိုယ်တိုင်အတွက်ရော၊အသင်းအတွက်ပါနစ်နာစရာတွေဖြစ်လာခဲ့ရပါတယ်။အန်တိုနီအနေနဲ့ပွဲပြီးခါနီးမှထုတ်ပယ်ခံခဲ့ရတာကြောင့်အသင်းရဲ့ရလဒ်ပိုင်းကိုသက်ရောက်မှုမရှိခဲ့ပေမယ့်လည်းလာမယ့်ပွဲစဉ်တွေအတွက်တော့အသင်းအတွက်အားနည်းချက်ဖြစ်သွားစေခဲ့ပါတယ်။

အန်တိုနီဟယူနိုက်တက်မှာပြောင်းရွှေ့ကြေးနဲ့ကိုက်ညီတဲ့ခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိတာကြောင့်လာလီဂါကလပ်ဘက်တစ်မှာအငှားနဲ့လာရောက်ကစားနေရသူလည်းဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယားအဆင့် ၇ နေရာမှာရပ်တည်နေတဲ့ ဘက်တစ်

အန်တိုနီဟယူနိုက်တက်မှာပြောင်းရွှေ့ကြေးနဲ့ကိုက်ညီတဲ့ခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိတာကြောင့်လာလီဂါကလပ်ဘက်တစ်မှာအငှားနဲ့လာရောက်ကစားနေရသူလည်းဖြစ်ပါတယ်။ဘက်တစ်ဟာအန်တိုနီရောက်ရှိချိန်ကစလို့ပြိုင်ပွဲစုံ၆ပွဲကစားရာမှာ၃ပွဲနိုင်၊၂ပွဲသရေကျကာ၁ပွဲရှုံးနိမ့်ခဲ့ပါတယ်။အန်တိုနီဟာဘက်တစ်ကိုရောက်ရှိချိန်မှာမထင်မှတ်ထားတဲ့ခြေစွမ်းကောင်းတွေပြသနေပြီးတော့အဓိကကစားသမားအဖြစ်လည်းသတ်မှတ်ခံထားရပြီဖြစ်ပါတယ်။ဒီလိုခြေစွမ်းကောင်းတွေပြသထားနိုင်တဲ့အန်တိုနီအနေနဲ့ရီးရဲလ်မက်ဒရစ်နဲ့တွေ့ဆုံချိန်မှာပါဝင်ကစားနိုင်မှာမဟုတ်တာကြောင့်ဘက်တစ်အတွက်တော့သိသာတဲ့အားနည်းချက်ဖြစ်လာဖို့တော့ရှိနေပါပြီ။

ရီးရဲလ်ဘက်တစ်ဟာအခုနောက်ပိုင်းပွဲစဉ်တွေမှာကစားသမားထုတ်ပယ်ခံရမှုတွေများပြားနေပြီးဘယ်လ်ဂျီယံကလပ်ဂျန့်တ်နဲ့ကစားခဲ့တဲ့ယူရိုပါလိဂ်ရှုံးထွက်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်မှာလည်းတိုက်စစ်မှူးဗစ်တာရိုကေးတစ်ယောက်တိုက်ရိုက်အနီကတ်ပြသကာထုတ်ပယ်ခံခဲ့ရလိုဗစ်တိုးရီးယားဒီဂီမာရေးစ်နဲ့ကစားရမယ့်ရှုံးထွက်၁၆သင်းအဆင့်ပွဲစဉ်ကိုလွဲချော်ရဦးမှာဖြစ်ပါတယ်။

လက်ရှိမှာအန်တိုနီရဲ့ဘက်တစ်ကလာလီဂါအမှတ်ပေးဇယားအဆင့်၇နေရာမှာရပ်တည်နေပြီးတော့အဆင့်၄နဲ့၅နေရာကအသင်းတွေနဲ့တော့ရမှတ်တွေတော်တော်လေးကွာဟနေပါတယ်။ဒါပေမယ့်လည်းဘက်တစ်ကလာမယ့်ရာသီယူရိုပါကွန်းဖရင့်လိဂ်ပလေးအော့ဖ်ဝင်ခွင့်ရရှိဖို့တော့မျှော်လင့်ချက်အပြည့်ရှိနေပြီးဒီရာသီပြိုင်ပွဲမှာလည်း၁၆သင်းအဆင့်ကိုရောက်ရှိနေလို့ချန်ပီယံဆုအတွက်မျှော်လင့်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်