နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာနေဗျူး မက်ဒရစ်ဒါဘီမှာ အက်တလက်တီကိုမက်ဒရစ်ကို အသာရခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ မက်ဒရစ်ဒါဘီ ပွဲစဉ် ကလည်း အကြိတ်အနယ် ရှိခဲ့ပြီးတော့ ရီးရဲလ်မက်ဒရစ်က ဘာနေဗျူးမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ခါးသီး မြို့ခံ ပြိုင်ဘက်နဲ့ တွေ့ဆုံချိန်တိုင်းမှာ ခက်ခဲလေ့ရှိတဲ့ ရီးရဲလ်မက်ဒရစ်တို့ ဒီနေ့ပွဲမှာတော့ ခြေစွမ်း အသာနဲ့ ကစားပြီး ထိုက်တန်တဲ့ ချန်ပီယံလိဂ် နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်က ကီလီယန် အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ တို့ကို အထောင် တိုက်စစ်မှာ ထားပြီး ကွင်းလယ် မှာတော့ ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဒီးယက်ဇ်၊ ရိုဒရီဂို၊ ခံစစ်မှာတော့ ဗယ်လ်ဗာဒီ၊ အဆန်စီယို၊ ရူဒီဂါ၊ မန်ဒီ၊ ကော့တွာစ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီယေဂို ဆီမြွန်နီ ကလည်း ၄-၄-၂ အခင်းအကျင်းနဲ့ပဲ ပြန်လည် တုန့်ပြန်သွားခဲ့ပြီးတော့ တိုက်စစ်မှာ ဂရစ်ဇ်မန်းနဲ့ အဲလ်ဗာရက်ဇ် တို့ကို အထောင်ထားခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ ဘာရီယို့စ်၊ ဒီပေါလ်၊ ဆီမြွန်နီ၊ လီနို၊ လန်းဂ်လတ်၊ ဂျင်မီနက်ဇ်၊ ဂါလန်၊ ယော်ရန်းတေး၊ အော်ဘလက်ခ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ခါးသီး မြို့ခံ ပြိုင်ဘက်နဲ့ တွေ့ဆုံချိန်တိုင်းမှာ ခက်ခဲလေ့ရှိတဲ့ ရီးရဲလ်မက်ဒရစ်တို့ ဒီနေ့ပွဲမှာတော့ ခြေစွမ်း အသာနဲ့ ကစားပြီး ထိုက်တန်တဲ့ ချန်ပီယံလိဂ် နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
မက်ထရိုပိုလီတာနိုမှာ ခက်ခက်ခဲခဲ ကစားရဦးမယ့် အက်တလက်တီကိုမက်ဒရစ်

ရီးရဲလ်မက်ဒရစ်က ဒီနေ့ပွဲမှာ အရေးကြီးတဲ့ ပွဲစဉ် ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ပွဲတွေက လူစာရင်းကို သိသိသာသာ အပြောင်းအလဲ လုပ်လာခဲ့တာ ဖြစ်ပြီး အန်ဆယ်လော့တီရဲ့ နည်းစနစ်ပိုင်း ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ အက်တလက်တီကို ဘက်ကို ဂိုးပေါက် ကန်ချက် ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးတော့ ဂိုးပေါက် တည့်မှု ၇ ကြိမ် ကနေ သွင်းဂိုး ၂ ဂိုး ရရှိခဲ့တာပါ။ နောက်ပြီး ဗဟိုခံစစ်က လူငယ်ကစားသမားလေး အဆန်စီယိုနဲ့ ဝါရင့် ကစားသမား ရူဒီဂါတို့ အချိတ်အဆက်မိခဲ့ပြီး ဗယ်လ်ဗာဒီ ကလည်း ခံစစ်မှာ ဆင်းကစားနေရသည့် တိုင်အောင် အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေဆဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင်ဂိုး ကိုတော့ ရိုဒရီဂိုက တစ်ဦးချင်း စွမ်းရည်နဲ့ အက်တလက်တီကိုမက်ဒရစ် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ အက်တလက်တီကိုမက်ဒရစ် အတွက် ချေပဂိုး ကိုလည်း အဲလ်ဗာရက်ဇ်က ပွဲချိန် ၃၂ မိနစ်မှာ တစ်ဦးချင်း စွမ်းဆောင်ရည်နဲ့ပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီးတော့ အက်တလက်တီကိုမက်ဒရစ် ဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ဆက်လက် ပြုလုပ်နိုင်ခဲ့ပါတယ်။ နှစ်ဖက်အသင်း တိုက်စစ်မှူးတွေ ဂိုးဧရိယာ ပြင်ပ ကနေ လှမ်းလှမ်းကန်နေကြပေမယ့် ကန်ချက်တွေ ပျော့နေလို့ ဂိုးသမားတွေ သက်တောင့်သက်သာပဲ တားဆီးနိုင်ခဲ့ကြပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ လိုအပ်နေတဲ့ အနိုင်ဂိုး ရရှိခဲ့ပြီး ဖာလန်း မန်ဒီရဲ့ ဖန်တီးပေးမှု ကနေ ဘရာဟင်မ် ဒီးယက်ဇ်က တီကို နောက်ခံလူတွေကို လှည့်ထွက်ပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာလည်း ရီးရဲလ်မက်ဒရစ် ကပဲ တီကို ဘက်ကို ဖိအားပေး ကစားသွားခဲ့ပေမယ့် ဂိုးတွေ ထပ်မရခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းဖို့ အခြေအနေကောင်းသွားပေမယ့် မက်ဒရစ် ဒါဘီ ဖြစ်နေတာကြောင့်တော့ ရာနှုန်းပြည့် မသေချာသေးပါဘူး။ အက်တလက်တီကိုမက်ဒရစ် က အိမ်ကွင်းမှာ ဆိုရင် ရီးရဲလ်မက်ဒရစ်ကို နောက်ဆုံး ၃ ပွဲဆက် မရှုံးသလို အသာလည်း ရတတ်ပါတယ်။ အန်ဆယ်လော့တီရဲ့ အသင်း ဒုတိယအကျော့ကို သတိထား ကစားရမှာပါ။ ဆီမြွန်နီတို့ အုပ်စု ကလည်း ဒုတိယအကျော့ကို ပိုမို အားထည့်လာမှာ ဖြစ်ပြီး ခံစစ်ရော၊ တိုက်စစ်ပါ ကောင်းတဲ့ အသင်း ဖြစ်တာကြောင့်တော့ ကြည့်ကောင်းဦးမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်