အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက သူ့ရဲ့ အသင်းဟာ မနေ့ညက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် အလွန်အမင်း ဒေါသထွက်နေပါတယ်။ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာက အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၁၅ ပွဲဆက် ရှုံးပွဲ မရှိစံချိန် ရပ်တန့်စေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင်း ကိုလည်း အဆုံးသတ်သွားစေခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ အာဆင်နယ်က တိုက်စစ်မှူး စစ်စစ် မပါဘဲ ကစားခဲ့ရပြီး အထောင် တိုက်စစ်နေရာမှာ ကွင်းလယ်လူ မီခဲလ် မာရင်နိုကို ပွဲထွက်စေခဲ့ရပါတယ်။ အာတေးတား အနေနဲ့ မာရင်နိုကို ဝန်းရံဖို့ ထရော့ဆက်ဒ်၊ နွမ်နရီ တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ ရိုက်စ်၊ ပါတေး၊ အိုဒီဂတ်၊ ခံစစ်မှာ ဆလီဘာ၊ ဂါဘရီရယ်၊ တင်ဘာ၊ ကာလာဖီအိုရီနဲ့ ဒါးဗစ် ရာယာ တို့ ပါဝင်လာခဲ့ပါတယ်။
အာဆင်နယ်က ဒီနေ့ပွဲမှာ ဂိုးကန်သွင်းခွင့် အကြိမ် ၂၀ လောက် ရရှိခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ၂ ကြိမ်ပဲ ရှိခဲ့တဲ့ အထိ တိုက်စစ်က အခြေအနေ ဆိုးရွားခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်က တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် တိုက်စစ်ကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့ခြင်း မရှိပဲ သွင်းဂိုးလည်း မရရှိကာ ဘိုဝင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီကနေ့ညမှာ လစ်ဗာပူးလ်က မန်စီးတီးနဲ့ ပွဲကြပ် ကစားဖို့ ရှိတာကို အခွင့်ကောင်း မယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီအခြေအနေကို နည်းပြ အာတေးတား တစ်ယောက် ဒေါသထွက်နေတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲမှာ အာတေးတားက “ချန်ပီယံ ဖြစ်ခွင့်က ကျွန်တော်တို့ လက်ထဲမှာ မရှိတော့ဘူး။ ကိုယ့်အခွင့်အရေးကို အပိုင် ရယူခဲ့သင့်ပါလျက်နဲ့ ဒီလို ကစားပုံ၊ ဒီလို ရလဒ်ထွက်ခဲ့တဲ့ အပေါ် အရမ်း၊ အရမ်း ဒေါသ ဖြစ်မိပါတယ်။ ချန်ပီယံ ဖြစ်ခွင့်နဲ့ နီးစပ်တဲ့ အနေအထားကို ကျွန်တော်တို့ မသွားနိုင်ခဲ့ပါဘူး။ ဒီအတွက် ကျွန်တော့်မှာ တာဝန် အများကြီး ရှိပါတယ်။ အရမ်းလည်း ဒေါသထွက်ရပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီး အာတေးတားက “ဒါဟာ ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ ဒီနေ့ ကစားပုံက မလုံလောက်ပါဘူး။ ကျွန်တော်တို့ ဂိမ်းကို ပြန်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာရပါမယ်။ ဒါပေမယ့် မလုံလောက်တာတော့ သေချာပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
Match of the Day အစီအစဉ်မှာတော့ အင်္ဂလန် ကစားသမားဟောင်းနဲ့ ဘောလုံးသုံးသပ်သူတွေ ဖြစ်တဲ့ အလန်ရှီးယားနဲ့ ဒန်နီ မာဖီတို့က အာဆင်နယ်ရဲ့ အမှတ်ပေးဖလား ပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်က လစ်ဗာပူးလ်ရဲ့ ဦးဆောင်မှုကို မကျော်ဖြတ်နိုင်တော့တဲ့ ထိပ်တန်း အသင်း ဖြစ်ကြောင်း သုံးသပ် ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ ရမှတ် ၅၃ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီးတော့ လစ်ဗာပူးလ်နဲ့ ၈ မှတ် အထိ ကွာဟနေဆဲ ဖြစ်ပါတယ်။ အကယ်၍ ဒီညမှာ လစ်ဗာပူးလ်သာ ရလဒ်ကောင်းခဲ့မယ် ဆိုရင် အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့ဟာ ရမှတ်တွေ ထပ်ပြီး ကွာဟသွားဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.