နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာ – ဖရန့်ဖတ် | ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ (ပွဲကြိုသုံးသပ်ချက်)

ဘာစီလိုနာ – ဖရန့်ဖတ်

နူးကမ့်ပ်မှာ ကစားမယ့် ဘာစီလိုနာနဲ့ ဖရန့်ဖတ် တို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကလည်း ပရိသတ် အာရုံကို ဖမ်းစားနိုင်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ ပထမအကျော့ ဂျာမန်မြေမှာ ရုန်းကန်ခဲ့ရပြီး သရေသာ ကစားနိုင်ခဲ့တဲ့ ဘာစီလိုနာတို့ အရင် အဆင့်တွေတုန်းကလိုမျိူး ဒုတိယအကျော့မှ ခြေစွမ်းပြပြီး အများစု မျှော်လင့်ထားတဲ့ အတိုင်း ဖရန့်ဖတ်ကို ကျော်ဖြတ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာ ကတော့ ယူရိုပါလိဂ်မှာ ပထမအကျော့ ဆိုရင် မရှုံးရုံလောက်ပဲ ကစားပြီး ဒုတိယအကျော့မှ အနိုင်ယူတတ်တဲ့ အသင်းလို့တောင် ပြောရမလို ဖြစ်နေပါတယ်။ ဘာဆာတို့ Play-Off အဆင့် ပထမအကျော့မှာ နာပိုလီကို သရေသာ ကစားခဲ့နိုင်ပြီး ဒုတိယအကျော့မှ ဂိုးပြတ် အနိုင်ရခဲ့သလို ၁၆ သင်း အဆင့် မှာလည်း ဂါလာတာစာရေးကို နူးကမ့်မှာ သရေကျခဲ့ပြီး ဒုတိယအကျော့ တူရကီမြေ ရောက်မှ အနိုင်ယူထားခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ဖရန့်ဖတ်ကို ဂျာမန်မြေမှာ သရေသာ ကစားထားပြီး အဝေးဂိုးတော့ ရရှိထားခဲ့ပါတယ်။ ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ပွဲအပြီး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာတော့ ဘာဆာတို့ တန်းဆင်းဇုန်ထဲက လီဗန်တေးကို ခက်ခက်ခဲခဲ ကစားပြီးမှ လုခ်ဒီယောင်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရထားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ ပွဲဆက် ရှုံးပွဲ မရှိသေးတဲ့ ဘာစီလိုနာတို့ လာလီဂါမှာ အမှတ်ပေးဇယား ဒုတိယနေရာ အထိ ပြန်လည် တက်လှမ်းထားနိုင်ခဲ့ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေ ကောင်းနေခဲ့ပေမယ့် ယူရိုပါလိဂ် ဖလားကို အရယူပြီး ချန်ပီယံလိဂ် ကစားဖို့ ပိုပြီး စိတ်အားထက်သန်နေပုံ ရပါတယ်။ လက်တလော ဘာဆာမှာ ဂျရတ် ပီကေးနဲ့ ဆာဂျီနို ဒက်စ်တို့ ဒဏ်ရာရနေတာကြောင့် ခံစစ်ပိုင်း အနည်းငယ် အားနည်းနေနိုင်ပေမယ့် ကွင်းလယ်နဲ့ တိုက်စစ် မှာတော့ လူစာရင်း အပြည့် ပွဲထွက်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

လာလီဂါ
ဗလင်စီယာ
အိုဆာစူနာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – တာစတီဂန်၊ ဂါစီယာ၊ လန်းဂ်လတ်၊ အဲလ်ဘာ၊ အာရူဟို၊ ဘူးစကွက်စ်၊ ဖရန်ကီ ဒီယောင်၊ ပက်ဒရီ၊ ဖာရန်း တောရက်စ်၊ ဒမ်ဘီလီ၊ အော်ဘာမီယန်း

ဖရန့်ဖတ် ကတော့ ပထမအကျော့မှာ ကျစ်လျစ်တဲ့ ကစားပုံနဲ့ အတူ ဘာစီလိုနာ ကို သရေ ကစားထားနိုင်ပေမယ့် အဝေးဂိုး ၁ ဂိုးတော့ ပေးထားရပါတယ်။ ဒီရာသီ ဘွန်ဒက်စ်လီဂါ မှာ တော်တော်လေး ရုန်းကန်နေရတဲ့ ဖရန့်ဖတ်တို့ ယူရိုပါလိဂ် မှာတော့ အပြည့်အဝ အားစိုက်နေပြီး ရလဒ်တွေလည်း ကောင်းနေတာ တွေ့ရပါတယ်။ ဒီနှစ် ယူရိုပါလိဂ်မှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ဖရန့်ဖတ်တို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ၁၆ သင်း အဆင့်မှာ စပိန် လာလီဂါ ကလပ် ဖြစ်တဲ့ ရီးရဲယ်ဘက်တစ်ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထာခဲ့လို့ ဖရန့်ဖတ်တို့ ရလဒ်ပိုင်းအရ အားရစရာ မရှိပေမယ့် ခြေစွမ်းပိုင်းအရ အရမ်းကြီး ဆိုးရွားနေတယ်လို့တော့ ပြောလို့ မရပါဘူး။ ဂျာမန် အသင်းတွေရဲ့ ထုံးစံ အတိုင်း လုပ်အားနှုန်း ကောင်းကောင်းနဲ့ ပြိုင်ဘက်တိုင်းကို ရင်ဆိုင်တတ်ပြီး အခုပွဲမှာလည်း ဘာစီလိုနာရဲ့ နူးကမ့်ပ်မှာ ကစားရသည့် တိုင်အောင် အတတ်နိုင်ဆုံး မရှုံးအောင်တော့ ဖောင်ဖျက် တိုက်မယ့် သဘော ရှိပါတယ်။ ပြသနာက အဓိက ကစားသမား တချို့ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ရာပြသနာ ရှိနေပြီး ဒီအခြေအနေကြောင့်ပဲ ဘာစီလိုနာကို ပွဲချိန်ပြည့် တောင့်ခံနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ ရှိနေပါတယ်။

ဒီနှစ် ယူရိုပါလိဂ်မှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ဖရန့်ဖတ်တို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ၁၆ သင်း အဆင့်မှာ စပိန် လာလီဂါ ကလပ် ဖြစ်တဲ့ ရီးရဲယ်ဘက်တစ်ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တဲ့ ဖရန့်ဖတ်

ဖြစ်နိုင်ဖွယ်လူစာရင်း – ထရက်ပ်၊ ဟာဆီဘီ၊ ဟင်တာရက်ဂါ၊ အန်ဒီကာ၊ ရိုဒီ၊ ဂျာကစ်၊ ကော့စတစ်၊ ကေနော့ဖ်၊ ကာမာဒါ၊ လင်းစတောင်းမ်၊ ဘော်ရီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး ပြီးခဲ့တဲ့ တွေ့ဆုံမှု မှာတော့ ဘာစီလိုနာတို့ ဖရန့်ဖတ် အိမ်ကွင်းမှာ ၁-၁ ရလဒ်နဲ့ သရေကျထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဘာစီလိုနာ အတွက် ၁.၃၅ ဆ၊ ဖရန့်ဖတ် အတွက် ၆.၀၀ ဆ၊ သရေ အတွက် ၄.၈၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ ဘာစီလိုနာ တို့ အသာရနေတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ဘာစီလိုနာ တို့ အနိုင်သေချာပြီး မျှော်လင့်ထားသလောက် ဂိုးသွင်းနိုင်ဖို့ပဲ မျှော်လင့်ရမှာပါ။ ဂိုးမြူးနေတဲ့ ဘာစီလိုနာ တိုက်စစ်က အနည်းဆုံး ၃ ဂိုးတော့ သွင်းနိုင်မယ် ထင်ပါတယ်။ ဒါကြောင့် အပြည့်အဝ ပျော်ရွှင်ရမယ့် ၃.၀၀ ကိုပဲ ရွေးချယ်ထားချင်ပါတယ်။


ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်