ကန်ဆယ်လိုနဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ဘေယန်မြူးနစ် ဒါရိုက်တာ၊ လေးပွဲဆက် နိုင်ပွဲ ပျောက်လို့ ကစားသမားတွေကို ပေါက်ကွဲနေတဲ့ နေဂဲလ်စ်မန်း စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကန်ဆယ်လိုနဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ဘေယန်မြူးနစ် ဒါရိုက်တာ
ကန်ဆယ်လိုဟာ ဒီဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီး ကနေ ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံတို့ ဆီကို ကနဦး အငှားစာချုပ်၊ ရာသီအကုန်မှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ မထင်မှတ်ဘဲ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ဆာလီဟာမစ်ဇစ်က ကန်ဆယ်လိုက အရည်အသွေး မြင့်မားတဲ့ ကစားသမား ဖြစ်ကြောင်း၊ အသင်းရဲ့ ကစားဟန်၊ ကစားကွက်နဲ့လည်း အလျင်အမြန် အံဝင်နိုင်ကြောင်း၊ ဆုဖလားတွေ ရယူလိုတဲ့ ဘေယန်မြူးနစ် ကိုလည်း ကူညီနိုင်မှာ ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။
လေးပွဲဆက် နိုင်ပွဲ ပျောက်လို့ ကစားသမားတွေကို ပေါက်ကွဲနေတဲ့ နေဂဲလ်စ်မန်း

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း ကတော့ ဘွန်ဒက်စ်လီဂါမှာ လေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေကို ဒေါသပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း နေဂဲလ်စ်မန်းက အသင်းရဲ့ ကစားသမားတွေကို စိတ်ဆိုး ဒေါသထွက်နေခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား ကနေ အမြန်ဆုံး ပြန်လည် ရုန်းထွက်လာကြဖို့ ဆူပူခဲ့ကြောင်း သိရပါတယ်။




ဆာဘစ်ဇာနဲ့ ပတ်သက်လို့ ပေါလ်မာဆင်ကို ဖာဒီနန် ဝေဖန်
ယူနိုက်တက်ဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ခရစ္စတီယန်အဲရစ်ဆင် ဒဏ်ရာရသွားခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ကွင်းလယ်လူကို အလျင်စလို ခေါ်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။
မာဆွန် ကတော့ ဆာဘစ်ဇာကို ယူနိုက်တက်တို့ အလောတကြီး ခေါ်ယူခဲ့ကြောင်း၊ ဒီကစားသမားက လေးဦးမြောက် ဦးစားပေးသာ ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် ဖာဒီနန် ကတော့ ဆာဘစ်ဇာရဲ့ လိုက်ပ်ဇစ် ကစားသမားဘဝ စွမ်းဆောင်ရည်တွေကို ပြန်လည် ထောက်ပြကာ ဒီအပြောင်းအရွှေ့ အတွက် ပျော်ရွှင်ရကြောင်း ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.