နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒေးဗီးစ်ကို ၂၀၃၀ အထိ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ အသင်းရဲ့ ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ၂၀၃၀ ခုနှစ် ဇွန်လ အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဒေးဗီးစ်ဟာ အစောပိုင်းမှာတုန်းက ဘေယန်မြူးနစ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပြီး ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့သူပါ။ ဒါပေမယ့်လည်း ဒေးဗီးစ်က လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့သာ ၂၀၃၀ ခုနှစ် အထိ ကာလရှည်ကြာ စာချုပ်သစ်ချုပ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာ ၂၀၁၈ ခုနှစ်မှာ ကနေဒါ ကလပ် ဗန်ကူးဗား ဝှိုက်ကတ်စ် ကနေ ဘေယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ အချိန်တို အတွင်း ဘေယန်မြူးနစ်ရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒီလို အရည်အသွေးမြင့် ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်လာတဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေက စိတ်ဝင်စားမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်က အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ဒီကနေ့ မှာပဲ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့ပြီး ကနေဒါသားက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ဒီကလပ်နဲ့ စာချုပ် သက်တမ်းတိုးနိုင်ခဲ့လို့ အရမ်းပဲ ပျော်ရွှင်မိပါတယ်။ ကျွန်တော့် အသက် ၁၈ နှစ် အရွယ်မှာ ဘေယန်မြူးနစ်ကို ရောက်ရှိလာခဲ့ပြီးတော့ ကျွန်တော့်ရဲ့ အနေအထားမှာ အကောင်းဆုံးတွေ ထဲက တစ်ယောက် ဖြစ်လာဖို့ အတွက် နေ့တိုင်း အကောင်းဆုံး သင်ယူနိုင်ခဲ့ပါတယ်။ အခု နောက်ထပ်၅ နှစ်လောက် အသင်းနဲ့ အတူ လက်တွဲဖို့ မျှော်လင့်နေမိပါတယ်။ ဒီမှာ အများကြီး အောင်မြင်နေပါပြီ။ ဒါပေမယ့် နောက်ထပ် အောင်မြင်မှုတွေ ရဖို့ ရှိပါသေးတယ်။” ဆိုပြီး ဒေးဗီးစ်က ပြောကြားသွားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်က အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ဒီကနေ့ မှာပဲ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့ပြီး ကနေဒါသားက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ကောလာဟလတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တဲ့ ဒေးဗီးစ်

ယခင် စာချုပ်အရ ကနေဒါ လက်ရွေးစင် ကစားသမားဟာ ၂၀၂၅ ခုနှစ် ဇွန်လမှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့လည်း သဘောတူညီမှု ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေးဗီးစ်က ၂၀၂၉/၂၀၃၀ ဘောလုံး ရာသီကုန် အထိ မြူးနစ်မှာ ဆက်နေဖို့သာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒေးဗီးစ်ဟာ အခုနှစ် ဘောလုံးရာသီမှာ ဘေယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးထားပါတယ်။

ဒီလို စာချုပ်သက်တမ်း တိုးမြှင့်လိုက်တာကြောင့်တော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဒေးဗီးစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ့် အစီအစဉ်တွေ ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က သူတို့ လိုအပ်နေတဲ့ ဘယ်နောက်ခံလူ နေရာ အတွက် ဒေးဗီးစ် အစား ဘယ်ကစားသမားကို ပစ်မှတ်ထား ခေါ်ယူဖို့ ကြိုးပမ်းသွားမလဲ ဆိုတာ စောင့်ကြည့်ရတော့ မှာလည်း ဖြစ်ပါတယ်။ အဲလ်ဖွန်ဆို ဒေးဗီးစ်ဟာ ဘေယန်မြူးနစ်မှာ ကစားနေစဉ် အတွင်း ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပါအဝင် ဘွန်ဒက်စ်လီဂါ နဲ့ အခြားသော မေဂျာ ဆုဖလား ၁၃ လုံး ရရှိခဲ့ထားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၃၃ ကြိမ် ရရှိထားတဲ့ ဘေယန်မြူးနစ်ဟာ အဲလ်ဖွန်ဆို ဒေးဗီးစ်ကို စာချုပ်သက်တမ်း တိုးမြှင့်ပြီးနောက် လာမယ့် ရာသီအကုန်မှာ စာချုပ်သက်တမ်း ပြည့်တော့မယ့် ဂျမဲလ် မူဆီအာလာ၊ ဂျော်ရွှာ ကင်မစ်ချ်၊ လီရွိုင်း ဆာနေးနဲ့ သောမက်စ် မူလာ တို့ကိုလည်း စာချုပ်သက်တမ်း တိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မူဆီအာလာ၊ ကင်မစ်ချ်နဲ့ ဆာနေး တို့ကတော့ အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်