နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုက်ဇစ်ကို သရေသာ ကစားနိုင်ခဲ့လို့ စိုးရိမ်စရာ ရှိလာတဲ့ ဘေယန်၊ ရီးရဲလ်နဲ့ လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ဖို့ ဘယ်လင်ဟမ်ကို တိုက်တွန်းလိုက်တဲ့ တာဇစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

လိုက်ဇစ်ကို သရေသာ ကစားနိုင်ခဲ့လို့ ချန်ပီယံဘွဲ့ ကာကွယ်ရေး အတွက် သတိထားရတော့မယ့် ဘေယန်မြူးနစ်၊ ကမ်းလှမ်းမှု တချို့ကို ငြင်းဆန်ဖို့ ဘယ်လင်ဟမ်ကို တိုက်တွန်းလိုက်တဲ့ တာဇစ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လိုက်ဇစ်ကို သရေသာ ကစားနိုင်ခဲ့လို့ ချန်ပီယံဘွဲ့ ကာကွယ်ရေး အတွက် သတိထားရတော့မယ့် ဘေယန်မြူးနစ်

ဂျာမန် ဘွန်ဒက်လီဂါ ပွဲစဉ်တွေကို အခုတစ်ပတ်မှာ ပြန်လည် စတင်နေခဲ့ပြီး မနေ့ညက ပွဲမှာတော့ လိုက်ပ်ဇစ်နဲ့ ဘေယန်မြူးနစ်တို့ တစ်ဖက် ၁ ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေတဲ့ ဘေယန်ဟာ ဒီပွဲကို အနိုင်မရခဲ့လို့ ဒုတိယနေရာက ဖရိုင်းဘတ် အတွက် အခွင့်အရေး ရရှိခဲ့ပြီး သူတို့ ကစားရမယ့် ပွဲကို အနိုင်ရခဲ့မယ် ဆိုရင်တော့ ဘေယန်မြူးနစ်နဲ့ ၂ မှတ်သာ ကွာဟတော့မှာလည်း ဖြစ်ပါတယ်။

ဘေယန်ဟာ တိုက်စစ်မှူး ချူပိုမိုတင်းရဲ့ ၃၇ မိနစ် သွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း လိုက်ပ်ဇစ် အတွက် ဟယ်လ်စတန်ဘာ့ဂျ်က ၅၂ မိနစ်မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဘယ်အသင်းကမှ ဂိုးထပ် မသွင်းနိုင်ခဲ့တော့တာကြောင့် ပွဲအပြီးမှာ သရေ တစ်မှတ်စီနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

လိုက်ပ်ဇစ် ကတော့ အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ရမှတ် ၂၉ မှတ် ရရှိထားကာ ဘေယန်နဲ့ ၆ မှတ် အကွာ ကနေ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဘွန်ဒက်စ်လီဂါ ကလည်း တော်တော်လေး အကြိတ်အနယ် ရှိနေပြီး ဘေယန်မြူးနစ် အနေနဲ့ တကောင်တည်း ပြေးတဲ့ မြင်းပြိုင်ပွဲလို ကြီးစိုးနိုင်ခြင်း မရှိသလို ဖရိုင်းဘတ် ကလည်း ဘေယန် ခြေချော်တာကို အသင့်စောင့်နေလို့ တစ်ပွဲထက် တစ်ပွဲ ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

စီးရီးအေ
ဂျူဗင်တပ်စ်
အတ္တလန်တာ
1X2 ဂျူဗင်တပ်စ် @ 3.15
ဂျူဗင်တပ်စ် အာရှ အကျောပေး -0.50 @ 2.29
ဂိုး‌အောက် 2.25 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျာမန် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးသွားတဲ့ မူစီယာလာ

ဘေယန်မြူးနစ် လူငယ်ကြယ်ပွင့် ဂျမဲလ် မူစီယာလာဟာ ဂျာမန် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပါပြီ။ ဒီရာသီမှာ ဘေယန် အတွက် ခြေစွမ်းပြနေတဲ့ မူစီယာလာဟာ ကမ္ဘာ့ဖလား မှာလည်း ဂျာမနီ အတွက် အဓိက ကစားသမား အဖြစ်နဲ့ ပါဝင်ကစားပေးခွင့် ရခဲ့ပြီး အားလုံးရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။

မူစီယာလာက ဘေယန် အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၁၂ ဂိုးအထိ ရရှိထားပြီး ဖန်တီးမှု ၁၀ ကြိမ် အထိ ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ အံ့မခန်း တိုးတက်လာတဲ့ ခြေစွမ်းတွေကြောင့် ဘောလုံးလောကကို လွှမ်းမိုးနိုင်မယ့် ကွင်းလယ် ကြယ်ပွင့် တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး ဘေယန် အတွက်တော့ အဖိုးတန် ကျောက်ရိုင်း တစ်ပွင့် ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်သာ ရှိသေးတဲ့ မူစီယာလာဟာ အင်္ဂလန် လူငယ်အသင်းတွေမှာ ကစားခဲ့ဖူးပေမယ့် ဂျာမနီကို ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ ချဲလ်ဆီး လူငယ် အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ မူစီယာလာဟာ ဘွန်ဒက်စ်လီဂါ ထပ်သီး အသင်းထံ ၂၀၁၉ မှာ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ် အတွင်းမှာပဲ ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။


ရီးရဲလ်နဲ့ လစ်ဗာပူးလ် တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ဖို့ ဘယ်လင်ဂမ်ကို တိုက်တွန်းလိုက်တဲ့ တာဇစ်

ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန် အသင်းရဲ့ နည်းပြ အီဒင် တာဇစ်က သူ့အသင်းရဲ့ လူငယ် ကြယ်ပွင့် ဘယ်လင်ဂမ်ကို အသင်းမှာ ဆက်ရှိနေစေရေး အတွက် အပြည့်အဝ အားထုတ်နေပါတယ်။
ဘယ်လင်ဂမ်ကို အသင်းမှာ ဆက်ရှိနေစေဖို့ ကြိုးပမ်းနေတဲ့ ဒေါ့မန် နည်းပြ အီဒင် တာဇစ်

ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန် အသင်းရဲ့ နည်းပြ အီဒင် တာဇစ်က သူ့အသင်းရဲ့ လူငယ် ကြယ်ပွင့် ဘယ်လင်ဂမ်ကို အသင်းမှာ ဆက်ရှိနေစေရေး အတွက် အပြည့်အဝ အားထုတ်နေပါတယ်။ ဘယ်လင်ဂမ်ကို လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တို့က စိတ်ဝင်စားနေပြီး လာမယ့် နွေရာသီမှာ ကမ်းလှမ်းဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ့မန် ကတော့ သူတို့ရဲ့ ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိဘဲ မဖြစ်မနေ ရောင်းချရမယ် ဆိုရင်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိမှသာ လက်လွှတ်ခံမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘယ်လင်ဂမ်ရဲ့ စျေးကွက် ပေါက်စျေးက အနည်းဆုံး ယူရို သန်း ၁၂၀ အထိ ရှိနေပြီး အဲ့ဒီ ငွေကြေး ပမာဏအောက် နည်းပါးတဲ့ ဘယ်လို ကမ်းလှမ်းမှုမျိုးကို မဆို ဒေါ့မန်က စဉ်းစားသွားမှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။

တာဇစ်က “ ဒီလို လူငယ် ကြယ်ပွင့်တွေနဲ့ ကျနော်တို့ ရှေ့ဆက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ထားတယ်၊ ကျနော် ယာယီ နည်းပြဘ၀မှာ ဆိုရင် ဂျေဒန် ဆန်ချို၊ ဂျု့ဒ်နဲ့ ဟာလန်းတို့ ရှိနေခဲ့တာပါ၊ အခုတော့ သူ တစ်ဦးတည်း ကျန်ရှိပါတော့တယ်၊ သူတို့တွေသာ ဆက်ရှိနေဦး မယ်ဆိုရင် ကျနော်တို့ အလုပ်တွေ အများကြီး လုပ်နိုင်ခဲ့မှာ သေချာပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်