နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လိုက်ပ်ဇစ် ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ ဘရိုက်တန်၊ ထင်ထားတာထက် ပိုပြီး ဆိုးရွားတဲ့ ဒဏ်ရာကို ခံစားနေရတဲ့ နော်အာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

လိုက်ပ်ဇစ် ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ ဘရိုက်တန်၊ ထင်ထားတာထက် ပိုပြီး ဆိုးရွားတဲ့ ဒဏ်ရာကို ခံစားနေရတဲ့ နော်အာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ထပ်မံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ် ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ ဘရိုက်တန်

ဘရိုက်တန်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ ကွင်းလယ် ကြယ်ပွင့် အမာဒူ ဟိုင်ဒါရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဟိုင်ဒါရာဟာ လိုက်ပ်ဇစ်နဲ့ အတူ ဖြတ်သန်းခဲ့တဲ့ ဘောလုံးရာသီ (၄) ခု အတွင်း အထင်ကြီးလောက်စရာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ပြီး မာလီ လက်ရွေးစင် အသင်း အတွက်လည်း (၃၂) ပွဲ အထိ ကစားပေးထားခဲ့ပြီး ဖြစ်ပါတယ်။

အဆိုပါ ကွင်းလယ်လူကို မန်ချက်စတာယူနိုက်တက် ကလည်း ယခင် နည်းပြဟောင်း ရပ်ဖ် ရန်းညက်ခ် လက်ထက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပြီး လက်ရှိအချိန် မှာတော့ ဘရိုက်တန်က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။


ထင်ထားတာထက် ပိုပြီး ဆိုးရွားတဲ့ ဒဏ်ရာကို ခံစားနေရတဲ့ နော်အာ

ဘေယန်မြူးနစ် ဂိုးသမား မန်နျူရယ် နော်အာဟာ ပြီးခဲ့တဲ့ အားလပ်ရက်မှာ အပန်းဖြေ စကိတ်စီးရင်း ခြေထောက်ကျိုး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး လက်ရှိအချိန်မှာ သူ့ရဲ့ ဒဏ်ရာက တော်တော်လေး အခြေအနေ ဆိုးရွားနေကြောင်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ အသက် (၃၆) နှစ် အရွယ် အသင်းခေါင်းဆောင်ဟာ မတော်တဆမှု ဖြစ်ပွားချိန်မှာ ချက်ချင်း ဆေးကုသမှု မခံယူနိုင်ခဲ့သလို ဒဏ်ရာ ပြင်းထန်လွန်းတာကြောင့် နောက်ဆက်တွဲ အန္တရာယ်တွေကို ရှောင်ရှားဖို့ ချက်ချင်း ခွဲစိတ်ကုသမှု ခံယူနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့်လည်း နော်အာ တစ်ယောက် ဘောလုံး ပြန်ကစားနိုင်ဖို့ တော်တော်လေး အချိန်ယူရနိုင်ပြီး ဘေယန်မြူးနစ် အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်လာနိုင်ပါတယ်။

ပရီးမီးယား လိဂ်
ဘရန့်ဖို့ဒ် FC
ဆောက်သမ်တမ်
1X2 ဆောက်သမ်တမ် @ 3.95
ဂိုးပေါ် 2.75 @ 2.13
ဂိုးပေါင် 0-1 @ 3.45
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကိုင်ဟာဗက်ဇ်ကို ဘေယန်မြူးနစ်တို့ စိတ်မဝင်စားကြောင်း ဂျာမန် သတင်းထောက်ဖွင့်ဟ

ဂျာမနီ စကိုင်းစပေါ့ သတင်းဌာနရဲ့ သတင်းထောက် ဖလော်ရီယန် ပလတ်တန်ဘတ်က ဘေယန်မြူးနစ် အနေနဲ့ ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုင် ဟာဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားလာမှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဟာဗက်ဇ်ကို ခေါ်ယူဖို့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်က ရေရှည် ပစ်မှတ် အဖြစ် သတ်မှတ် စောင့်ကြည့်နေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ကပဲ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပလတ်တန်ဘတ် ကတော့ ဟာဗက်ဇ်ဟာ ဘေယန်မြူးနစ် လိုချင်တဲ့ အထောင် တိုက်စစ်မှူး မဟုတ်ကြောင်း၊ အခုလည်း ကြိုးစားမှာ မဟုတ်သလို လာမယ့် နွေရာသီ မှာလည်း ဟာဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်