နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – ညနေခင်း သတင်းများ (၃၁/၇/၂၀၂၂)

ဇူလိုင်လ ၃၁ ရက်နေ့ ညနေခင်း အချိန်အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒေးဗစ် ရာယမ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့တဲ့ လိုက်ပ်ဇစ်

ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ကတော့ ဟော့ဖန်ဟိမ်း အသင်းရဲ့ နောက်ခံလူ ဒေးဗစ် ရာယမ်ကို အပြီးသတ် စာချုပ်ချုပ်ဆို နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဂျာမန် လက်ရွေးစင် ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီကမှ ဂရူသာဖက်သ် ကနေ ဟော့ဖန်ဟိမ်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်း အတွက် ၃၅ ပွဲ ကစားခဲ့ရာမှာ ၃ ဂိုး သွင်းကာ၊ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ရာယမ် ကိုတော့ ဥရောပ ထိပ်သီး ကလပ် အများစုက စိတ်ဝင်စားခဲ့ကြပြီး အခု‌ နောက်ဆုံး မှာတော့ လိုက်ပ်ဇစ်က ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

ရာယမ် အနေနဲ့ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ အဓိက ကတော့ ချန်ပီယံလိဂ် ကစားချင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရာယမ်က လိုက်ပ်ဇစ်ဟာ ဘောလုံးကို ချစ်တဲ့ မြို့ဖြစ်သလို ဘောလုံးနဲ့ ပတ်သတ်ပြီး တိုးတက်မှုတွေ ရှိနိုင်တဲ့ ပတ်ဝန်းကျင် ဖြစ်တာကြောင့် ရွေးချယ်ခဲ့တာလည်း ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

သတင်းတွေ အရ ဆိုရင် လိုက်ပ်ဇစ်တို့ ဒေးဗစ် ရာယမ်ကို ပြောင်းရွှေ့ကြေး+အပိုဆုကြေး ယူရို သန်း ၃၀ (ပေါင် ၂၂ သန်း) နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။


စတုဂတ် ကွင်းလယ်လူ မန်ဂါလာကို ခေါ်ယူနိုင်ခဲ့တဲ့ ဖောရက်စ်

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 သရေ @ 3.40
ပထမပိုင်း ဂိုးအောက် 0.75 @ 2.40
ဂိုးပေါင်း 0-1 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စတုဂတ် ကွင်းလယ်လူ အိုရဲလ် မန်ဂါလာ ကိုတော့ ပရီးမီးယားလိဂ် တန်းတက် ကလပ် နော့တင်ဟမ်ဖောရက်စ်က ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ အစောပိုင်း အပြောင်းအရွှေ့ သတင်းတွေမှာ မကြာခဏ ဖော်ပြခံခဲ့ရတဲ့ မန်ဂါလာဟာ လက်ရှိ မှာတော့ ဖောရက်စ်ကို အမှန်တကယ် ရောက်ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဘယ်ဂျီယံ ကွင်းလယ်လူဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ နော့တင်ဟမ်ဖောရက်စ်ကို ပြောင်းရွှေ့ခဲ့တဲ့ ၄ ဦးမြောက် ဘွန်ဒက်စ်လီဂါ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဖောရက်စ် ဟာ အစောပိုင်းမှာ ယူအွန်းဘာလင်က တိုင်ဝို အေဝန်နီရီ၊ မိန့်ဇ်က မူဆာ နီယာခိတ်နဲ့ ဘေယန်မြူးနစ်က အိုမာ ရစ်ချက်ဒ် တို့ကို ခေါ်ယူခဲ့ပြီးနောက် မန်ဂါလာ ကိုပါ ထပ်မံ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စတုဂတ်တို့ မန်ဂါလာရဲ့ အပြောင်းအရွှေ့ ကနေ ကနဦး ယူရို ၁၃ သန်း ရရှိမှာ ဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ စာချုပ်ဖျက်သိမ်းကြေး အပေါ် မူတည်ပြီး ယူရို ၄ သန်း ထပ်ရဖို့လည်း ရှိပါတယ်။ မန်ဂါလာဟာ ဂျာမန် ကလပ် ဟမ်းဘတ်နဲ့ စတုဂတ်တို့ အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၄၂ ပွဲ ကစားပေးခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။


တိုက်စစ်မှူး ထပ်ခေါ်မှာ မဟုတ်ကြောင်း အတည်ပြုခဲ့တဲ့ အိုလီဗာခန်း

ရောဘတ်လီဝမ်ဒေါစကီး နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတွေ ထပ်မံ ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ဘေယန်မြူးနစ် အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက ဂျာမန် သတင်းဌာန Bildနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ချန်ပီယံဟာ အစောပိုင်းမှာ တုန်းက ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၊ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း တို့နဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ ဖြစ်သူ နေဂဲလ်စ်မန်း ကလည်း ဈေးကွက်ထဲမှာ စောင့်ကြည့်နေတယ်ဆိုပြီး ပြောဆိုထားခဲ့တာကြောင့် ဘေယန်တို့ နောက်ထပ် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖွယ် ရှိနေတယ် ဆိုပြီးလည်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

အိုလီဗာခန်းက လိုက်ပ်ဇစ်နဲ့ ဂျာမန် စူပါဖလား ပွဲပြီးမှာ သူတို့ အသင်းမှာ ကြောက်စရာ ကောင်းတဲ့၊ လျင်မြန်တဲ့၊ အန္တရာယ်များတဲ့ ကစားသမားတွေ အလုံအလောက် ပိုင်ဆိုင်ထားတယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဩဂုတ်လ ၃၁ ရက်နေ့ အထိ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်နေဦးမှာ ဖြစ်ပေမယ့် သူတို့ အသင်း လုပ်ဆောင်ရမယ့် ကိစ္စတွေ ပြီးဆုံးသွားပြီလို့လည်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်