နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၁၀/၈/၂၀၂၂)

ဩဂုတ်လ ၁၀ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


ဗာနာကို ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့တဲ့ လိုက်ပ်ဇစ်

ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ကတော့ သူတို့ရဲ့ ကစားသမားဟောင်း တီမို ဗာနာကို ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ 

လိုက်ပ်ဇစ်တို့ ဗာနာကို ချဲလ်ဆီး အသင်းထံ ရောင်းချစဉ်က ပေါင် ၄၇.၅ သန်း ရရှိခဲ့ပြီး ပြန်လည် ခေါ်ယူချိန် မှာတော့ ၂၇.၅ သန်းသာ ပေးချေခဲ့ရလို့ ပေါင် သန်း ၂၀ ကျော် အမြတ်အစွန်း ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဗာနာဟာ ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး မနေ့ညက တရားဝင်စာနဲ့ အတူ ချဲလ်ဆီး ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ဂျာမန် လက်ရွေးစင်ကို လိုက်ပ်ဇစ်က ၄ နှစ် စာချုပ်နဲ့ ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဗာနာဟာ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၁ ကိုပဲ ပြန်လည် ဝတ်ဆင်သွားမှာ ဖြစ်ပြီး လိုက်ပ်ဇစ် တိုက်စစ်ကို အန်ကွန်ကူနဲ့ အတူ တွဲဖက် ဦးဆောင်သွားရဖို့ ရှိနေသူ ဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာ ဆဲလ်ဘာ့ဂ်က ဘင်ဂျမင် ဆက်စ်ကို ပြောင်းရွှေ့လာဖို့ ရှိတာကြောင့် အန်ကွန်ကူ ကတော့ အသင်း ကနေ သေချာပေါက် ထွက်ခွာဖွယ် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


ကော့စတစ် နေရာမှာ အစားထိုးဖို့ ကစားသမား အဆင်သင့် ရှိတဲ့ ဖရန့်ဖတ်

ဖရန့်ဖတ် အသင်း ကတော့ ဖိလစ် ကော့စတစ် နေရာမှာ အစားထိုးဖို့ တောင်ပံ ကစားသမားသစ် တစ်ဦး အသင့် ရှိနေပြီး ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ မကစားခင် ကြေညာသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ 

ဂျာမန် နာမည်ကြီး သတင်းစာ Kicker ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့သွားတဲ့ ကော့စတစ် နေရာမှာ အစားထိုးနိုင်မယ့် ကစားသမား ဖရန့်ဖတ်မှာ အဆင်သင့် ရှိနေပေမယ့် ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ ဖော်ပြထားခြင်းတော့ မရှိပါဘူး။ ကော့စတစ်ရဲ့ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းနေစဉ် ကာလ အတွင်း ဖရန့်ဖတ် ဘုတ်အဖွဲ့ဝင် မားကပ်စ် ခရော့ချီက ကစားသမားသစ် တစ်ဦး ထပ်မံ ရှာဖွေနေခဲ့ပြီး လာမယ့် စနေနေ့ မတိုင်ခင်မှပဲ တရားဝင် ကြေညာသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အများစု ကတော့ ဖရန့်ဖတ် တောင်ပံ ကစားသမားသစ်ဟာ နော်ဝေ ကလပ် ဘိုဒို ဂလင့်မ်က အိုလာ ဆိုလ်ဘက်ကန် ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။


စပိန် ကွင်းလယ် ကြယ်ပွင့်ကို ခေါ်ယူနိုင်ခဲ့ပြန်တဲ့ ဘေယန်မြူးနစ်

အက်တလက်တီကိုမက်ဒရစ် အသင်းရဲ့ စပိန် ကွင်းလယ် ကြယ်ပွင့်ကို ဂျားဗီးယား ဖာနန်ဒက်စ် ကိုတော့ ဘေယန်မြူးနစ်က ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း ဂျာမန် သတင်းစာ Bildမှာ ဖော်ပြထားပါတယ်။ 

ဂျားဗီးယား ဖာနန်ဒက်စ်ဟာ အသက် ၁၅ နှစ် အရွယ်သာ ရှိသေးပြီး စပိန် ယူ-၁၆ အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ လုပ်ထုံး လုပ်နည်း စည်းမျဉ်းတွေအရ ကစားသမား တစ်ဦးဟာ အသက် ၁၆ နှစ် ပြည့်ပြီးမှ အသင်း ပြောင်းရွှေ့ခွင့်ရှိတာကြောင့် ဂျာဗီးယား ဖာနန်ဒက်စ် အနေနဲ့ လာမယ့် နိုဝင်ဘာ ၂၈ ကျော်မှ ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းထံ ပြောင်းရွှေ့ခွင့်ရမှာလည်း ဖြစ်ပါတယ်။ဘေယန်မြူးနစ်တို့ ဒီကွင်းလယ် ကစားသမားလေး အတွက် ပြောင်းရွှေ့ကြေး လုံးဝ ပေးချေစရာ မလိုဘူးလို့ သိရပါတယ်။ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ မာနေး၊ ဒီလစ်ဂျ်၊ ဂရာဗန်ဘက်ချ် တို့လို စီနီယာ အဆင့် ကစားသမားတွေကို ခေါ်ယူထားသလို အနာဂတ် အတွက် အလားအလာ ရှိတဲ့ ကစားသမားတွေကိုလည်း ကြိုတင် စုဆောင်းနေတာ တွေ့ရပါတယ်။ ဘေယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ လကလည်း အမေရိကန် ယူ-၁၇ အသင်းခေါင်းဆောင် မက်သီတဲလ်ကို ယူရို သန်း ၂၀နဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်